Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗုဒ္ဓဂယာအကြမ်းဖက်မှုသီတဂူ သတင်းထုတ်ပြန်

$
0
0

ယခုနှစ် ၀ါဆိုလပြည့်နေ့ (၂၂-၇-၂၀၁၃) နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် တော်ဝင်မိသားစု ၀ါဆိုသင်္ကန်းကပ်ပွဲကျင်းပ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါဝင်၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ အစ္စရေးသံအမတ်၊ ထိုင်းသံအမတ်၊ အင်ဒိုနီးရှား သံအမတ်စသော နိုင်ငံတကာ သံအမတ်များ၊ ဖိတ်ကြားထားသူ ပရိသတ်များစွာ တက်ရောက် ကြည်ညိုကြသည့် ထိုပွဲကြီးမှာ သီတဂူဆရာတော်ကြီးက ဗုဒ္ဓဂယာ အကြမ်းဖက်မှုကို သီတဂူသာသနာပြုအဖွဲ့အနေဖြင့် ရှုတ်ချကြောင်း အောက်ပါအတိုင်း ကြေညာသည်။
( အမေရိကန် သံအမတ် ဆရာတော်ကြီးအား လှူဒါန်းစဉ်)
+++++++++++++++
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးခွဲအကြမ်းဖက်မှုကို ရှုတ်ချခြင်း
(၂၂-၇-၂၀၁၃)

၂၀၁၃ ခုနှစ် ဇူလိုင်လ(၇) ရက်နေ့ ကအကြမ်းဖက်သမား တစ်ချို့အကြောင်းမဲ့ သက်သက် ယုတ်မာ သိမ်ဖျင်းသော စိတ်ထားဖြင့် အကြမ်းဖက်မှု့ လွန်ကျုးခဲ့သည့်လုပ်ရပ်အပေါ် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က အလွန်အမင်း ထိတ်လန့် တုန်လှုပ်ခဲ့ပါသည်။

အဲဒီ အကြမ်းဘက် သိမ်ဖျင်းသည့် လုပ်ရပ်သည် သီးခံခြင်းနှင့် အကြမ်းမဖက်ခြင်း တည်းဟူသော ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ အနှစ်သာရနှင့်တကွ အခြားဘာသာကြီး လေးရပ် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျုးတို့၏ အဆုံးအမများနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု သီတဂူအဖွဲ့က ယုံကြည်ပါတယ်။

ဗုဒ္ဒဘုရားရှင်၏ အဆုံးအမများကို ကမ္ဘ့ာ့ဘာသာကြီး လေးရပ်တို့က ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန်တရားအဖြစ်လဲ လက်ကိုင်ယုံကြည်တယ်လို့ သီတဂူအဖွဲ့က ယုံကြည်ထားပါတယ်။ အခု အကြမ်းဖက်လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာမက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု့ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကိုလဲ ခြိမ်းခြောက်လျှက်ရှိသည့်အတွက် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က  ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

တစ်ဆက်တည်းမှာ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များအားလုံးက ကမ္ဘာ့ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်းတစ်ခု ၀ိုင်းဝန်းလက်တွဲ ရှာဖွေ သွားကြရန် တိုက်တွန်းပါသည်။

အိန္ဒိယနိုင်ငံ အစိုးရကလဲ ဤကဲ့သို့ မိုက်မဲသော ပြစ်မှုလွန်ကျုးခဲ့သူများကို ထိထိရောက်ရောက် ဖေါ်ထုတ်ပြီး ပြင်းပြင်ထန်ထန် အရေးယူသွားရန် ယခုကဲ့သို့ မလိုလားအပ်သောဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိရလေအောင် လိုအပ်သော စီမံချက်များကို ချမှတ်ဆောင်ရွက်သွားပါရန် အိန္ဒိယအစိုးရကို အလေးအနက်ထား၍ တောင်းဆို တိုက်တွန်းပါသည်။

ကမ္ဘာတလွှားက ဗုဒ္ဓဘာသာဝင်အားလုံး တို့လည်းပဲ ယခုကဲ့သို့ နာကျည်းဖွယ် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သော သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အကြမ်းမဖက်ခြင်းတို့ကို မမေ့မပျောက်၊ စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးသွားကြရန် အလေးအနက်တိုက်တွန်း လိုက်ရပါသည်။ 
သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့
ပင်လုံလမ်း၊ ပါရမီလမ်းထိပ်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဖုန်း ၀၁-၅၈၁၇၇၇ 
(ထိုင်းသံအမတ်)
(အစ္စရေးသံအမတ်) 
အသံဖိုင်မှမြန်မာစားသားကို စပယ် (လှဆန်းယဉ်)၊ ဓာတ်ပုံများကိုတော့-Wit Yi, Marlar Myint, Htun Htun Oo,နှင့် Ashin Visuta တို့ ဖေ့ဘုတ်မှ ကူးယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၇-၂၀၁၃
http://www.sitagustar2020.net/2013/07/blog-post_23.html

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>