Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို ကူညီရမည်

$
0
0

(23 July 2013 ရက်စွဲပါ The Penisula မှ Paula J Dobrainsky ရေးသားသောUS must help Myanmar in reformကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင်ဆယ်စုနှစ်ငါးစုခန့် စစ်တပ်မှ နှိပ်စက်အုပ်ချုပ်မှုများ အပြီးတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ စစ်တပ်သည် နိုင်ငံရေးစနစ်ကို တစိတ်တပိုင်းဖွင့်ပေးခဲ့ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် (၁၅) နှစ်ခန့်ထားခဲ့ရာမှ လွှတ်ပေးခဲ့ပါသည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလ မှစ၍ တိုင်းရင်းသားအုပ်စု (၁၁) ခုခန့်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး၍ အမျိုးသားနိုင်ငံ ရေးအရ ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ဆောင်လာပါသည်။

သို့သော် စစ်တပ်၏အာဏာလွှမ်းမိုးမှုပြီးဆုံးသွားရန်မှာမူ စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အရပ်ဖက်လူ့ဖွဲ့အစည်းများ အကန့်အသတ်နှင့်နည်းပါးခဲ့ပြီး၊ တိုင်းရင်းသားများရှုတ်ထွေးမှုနှင့် ဘာသာရေးအရ ရောထွေး ယှက်တင်မှုများရှိသော တိုင်းပြည်တွင် ဥတုသုံးပါးခဲမည့် ဒီမိုကရေစီတည်ဆောက်ခြင်းမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်း လာသည်ဟု ခံစားရစေသည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါသည်။ အရေးပါသော အခတ်အခဲမှာ စစ်အာဏာရှင်စနစ်အပြီး ဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ရန်ကြိုးစားလာသော အခြားတိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းများ၏ အတွေ့အကြုံမှထွက်ပေါ်လာပြီး ယင်းတို့၏ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော ခေါင်းဆောင်များ ကလည်း တရားဥပဒေစိုးမိုးရေးကို လစ်လျူရှုခဲ့ကြပါသည်။

အာဏာရှင်ဆန်သော အီဂျစ်သမ္မတ Mohammed Mursi က အခမ်းအနားတိုလေးတစ်ခုတွင်ပြောကြားရာ၌ အတိုက်အခံခေါင်းဆောင်၏နောက်ခံကိုကြည့်၍လည်းကောင်း၊မဲပေးသူအများစု၏ရွေးချယ်မှုကိုကြည့်ယုံမျှဖြင့်လည်းကောင်း တရားဥကဒေစိုးမိုးမှုကို သေချာစေမည်မဟုတ်ဟု ဆိုပါသည်။

အမှန်တကယ်ပင် အီဂျစ်တွင် မကြာမီက Mursi အားဖြုတ်ချခဲ့သော ညွှန့်ပေါင်းအဖွဲ့တွင် စစ်တပ်အပြင် သာမန် လူများနှင့် အချို့ဘာသာရေးပါတီများ ကျယ်ပြန့်စွာပါဝင်နေပြီး၊ ဒီမိုကရေစီမရှိသော အုပ်ချုပ်မှုစနစ်ကြောင့် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေပါသည်။ တူရကီတွင်လည်း နိုင်ငံရေးတွင်စစ်တပ်က အားကောင်းစွာသြဇာလွှမ်းပြီး ကျိုးကြောင်းဆီလျော် သော ဒီမိုကရေစီစနစ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း ဝန်ကြီးချုပ် Recep Tayyip Erdogan ၏ အာဏာ ရှင်ဆန်သောလုပ်ဆောင်မှုနှင့် အစ္စလမ်မူဝါဒများ ပြောင်ပြောင်တင်းတင်းချိမှတ်မှုကြောင့် ပြည်သူများအတွင်း မငြိမ်မသက်မှု များ ကြီးစွာဖြစ်ပေါ်ခဲ့ရပါသည်။ တဖက်မှကြည့်လျှင် မြန်မာနိုင်ငံမှ ဒီမိုကရေစီတည်ဆောက်မှု၏ စိန်ခေါ်မှုများမှာ အီဂျစ်နှင့် တူရကီတို့ထက် ကြီးမားသည်ဟုဆိုရပါမည်။ မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသား(၁၃၅) မျိုးရှိပြီး၊ ဘာသာပေါင်းစုံရှိပါသည်။ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် အတည်ပြုခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ် နှင့်တိုင်းများသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကန့်အသတ်နှင့်သာခွင့်ပြုရာ အစိုးရ၏ကာလကြာရှည်က ဖက်ဒရယ်ဖွဲ့စည်းပုံကို မနှစ်မြို့မှုအားထင်ဟပ်ပါသည်။ ၄င်းတွင်လွှတ်တော်များ၌ စစ်တပ်မှ ၂၅% ပါဝင်ခွင့်ကို အာမခံချက်ပေးထားပါသည်။

ကံကောင်းထောက်မှစွာပင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါလွှတ်တော်တွင်ကိုယ်စားလှယ်ဖြစ်ပြီး၊ အဆိုပါ စိန်ခေါ်မှုများကို နားလည်သဘောပေါက်ပါသည်။ မကြာခင်က ရန်ကုန်တွင် ကျွန်ုပ်တို့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည် က ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို အလေးထားပြောကြားခဲ့ပြီး၊ ၄င်းတို့မရှိပဲ ဒီမိုကရေစီ အမြစ်မတွယ် နိုင်ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကွဲပြားသောတိုင်းရင်းသားမဲဆန္ဒနယ်များကိုကိုယ်စားပြုသော United Nationalitie s Allience မှ ပါတီခေါင်းဆောင်ငါးဦးနှင့်တွေ့ဆုံပြီး အဓိကအုပ်ချုပ်မှုကိစ္စများကို အာရုံပြုဆွေးနွေးခဲ့ပါသည်။ တိတိပပဆိုရ သော် ဖက်ဒရယ်နိုင်ငံရေးတည်ဆောက်ပုံစနစ်ပါဝင်လာအောင် အခြေခံဥပဒေပြင်ဆင်ရေးဖြစ်ပါသည်။

1948 ခုနှစ် အလွန်ကာလကို ပြန်လည်ဆွေးနွေးပြီး အသက်ဝင်သော အခြေအတင်ဆွေးနွေးမှုများ ဖြစ်ခဲ့ပါသည်။

ထို့နောက် ဗဟိုချက်ဖြစ်သောမေးခွန်းမှာ တိုင်းရင်းသားများနှင့်ဘာသာရေးလူနည်းစုများ၏ ရပိုင်ခွင့်များကို အကာ အကွယ်ပေးရင်း အမျိုးသားစည်းလုံးညီညွှတ်ရေးကို မည်သို့ပုံဖော်မည်နည်းဆိုသည့် မေးခွန်းဖြစ်ပါသည်။ အဆိုပါလုပ် ငန်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း 1948ခုနှစ် လုပ်ကြံမခံရမီက စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ သော လုပ်ငန်းများဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကြိုးပမ်းနေချိန်တွင် သူသည် သူ၏ဖခင်ကြုံတွေ့ခဲ့ရသော အခြေအနေမျိုးကို ကြုံတွေ့နေရပါသည်။ အရေးကြီးသောကိစ္စရပ်တစ်ခုမှာ 2015 ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲစနစ်ကို စောစောစီးစီး ကြေညာရေးပင်ဖြစ်သည်။ အချိုးကျကိုယ်စားပြုသောစနစ် သို့မဟုတ် မဲအများဆုံးရသူနိုင်သည့်စနစ်ဖြင့် သွားမည်လား ဆိုသည့် ကိစ္စပင်ဖြစ်ပါသည်။ NLD မဲအများဆုံးရသူနိုင်သည့်စနစ်ကို ထောက်ခံပြီး၊ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက အချိုးကျကိုယ်စားပြုသည့်စနစ်ကို လက်ခံပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေးအရ စိန်ခေါ်မှုများကိုလည်းကြုံတွေ့နေရပါသည်။ အခြားအာရှနိုင်ငံများ တိုးတက်နေ ချိန်တွင် မိမိတို့၏တိုင်းပြည်သည် စစ်အုပ်ချုပ်ရေးနှင့်အပယ်ခံဖြစ်ခဲ့ရခြင်းကြောင့် နောက်ကျကျန်ခဲ့ရသည်ဆိုသည်ကို မြန်မာနိုင်ငံသားများက သိရှိကြပါသည်။ စာရေးသူ မြန်မာနိုင်ငံသို့သွားရောက်စဉ်က အကြိမ်ကြိမ်ကြားခဲ့ရသည် မှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တောင်းဆိုမှုဖြစ်ပါသည်။ မြန်မာနိုင်ငံသားအများစုအလိုရှိသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ တည်ဆောက်မှုကို တပြိုင်နက် ဖြစ်စေလိုခြင်းဖြစ်ပါသည်။

အိုးဘားမားအစိုးရက အမေရိကန်၏ အရေးယူမှုများရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ နိုင်ငံရေးအရနွေးထွေးမှုရှိလာခြင်းက သရုပ်ဖော်ပြနေပါသည်။ သို့သော် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေးမှာ စဉ်ဆက်မပြတ်ရှိရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မဟာမိတ်များ၊ နိုင်ငံတကာအင်စတီကျူးရှင်းများနှင့် လူ့အခွင့် အရေးအဖွဲ့အစည်းများမှ အပြည့်အဝထည့်ဝင်မှုများပေးကြရန် ဖြစ်ပါသည်။ ထို့အပြင် တိုးတက်မှုများရော အခတ်အခဲ ပြဿနာများအတွက်ပါ ပြင်ဆင်ကြရပါမည်။ လောလောဆယ် ကြီးမားသောပူပန်မှုဖြစ်ရသောနယ်ပယ်တစ်ခုမှာ မြန်မာမူဆ လင်လူနည်းစုအပေါ် ပစ်မှတ်ထားသော ဗုဒ္ဓဘာသာအစွန်းရောက်များထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အမေရိကန်မူဝါဒတွင် ထည့်သွင်းစဉ်းစားရမည့်အချက်မှာ ဒီမိုကရေစီအသွင်ပြောင်းမှုလမ်းချော်သွားခဲ့ရသည့် အီဂျစ်နှင့်တူရကီအပါအဝင် အခြားနိုင်ငံများ၏ အတွေ့အကြုံများပင်ဖြစ်ပါသည်။

ကျွန်ုပ်တိုအနေဖြင့် မြန်မာခေါင်းဆောင်များကို တိုက်တွန်းသင့်သည်အချက်မှာ ၄င်းတို့စဉ်းစားနေသော ဖက်ဒရယ် အခြေခံဥပဒေပုံစံကို ကျင့်သုံးရန်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရများကို နိုင်ငံရေးနှင့်စီးပွားရေး ကိုယ်ပိုင်ပြဌာန်းချက်များ လောက် လောက်လားလား ခွင့်ပြုပေးရေးတို့ဖြစ်သည်။

ဆတူအရေးကြီးသောအချက်မှာ မြန်မာနိုင်ငံတွင် သည်းခံရေးကိုအားပေးမည့် အားကောင်းသည့် လူထုအခြေပြု အဖွဲ့များနှင့် လွတ်လပ်သော တရားသူကြီးများ ထွက်ပေါ်လာရေးဖြစ်ပါသည်။ သို့မှသာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင် မြှောက်ထားသော ကိုယ်စားလှယ်များသည် အခြေခံဥပဒေအရ ခွင့်ပြုထားသော အခွင့်အာဏာကို ကျော်လွန်အသုံးပြုပါက ၄င်းတို့က ဝင်ရောက်ထိန်းသိမ်းပေးနိုင်မည် ဖြစ်ပါသည်။ အကောင်မြင်နိုင်သည့် အကြောင်းလေးများတော့ ရှိနေပါသည်။

၎င်းတို့မှာ အမေရိကန်သံအမတ် Derek Mitchell ကို မြန်မာနိုင်ငံရှိ အဓိကနယ်ပယ်တော်တော်များများက လေးစားကြခြင်းပင် ဖြစ်ပါသည်။ International Republican Institute၊ National Democratic Institute၊ International Foundation for Electoral Systems နှင့် Freedom House ကဲ့သို့သောအဖွဲ့အစည်းများသည် နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို အင်စတီကျူရှင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်တက်လာရန် လုပ်ဆောင်ပေးလျက်ရှိပြီး၊ တိုင်းရင်းသားအုပ်စုများနှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံဆွေးနွေးရေးများ အားပေးလျက်ရှိပါသည်။

ယနေ့ မြန်မာနိုင်ငံသည် အခြေခံကျသော အမှန်တရားကို ကိုယ်စားပြုနေပါသည်။ လူသားတို့၏ ပင်မလိုလားချက် များကို သဘောပေါက်သော ပြည်သူများကို အမြဲတမ်းငြင်းဆိုနိုင်သည့် ဖိနှိပ်မှုဟူသည် မရှိဟူ၍ ဖြစ်ပါသည်။ နောက်ဆုံးတွင် မြန်မာပြည်သူများ၏ အိပ်မက်များကို သဘောပေါက်လာရပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သူတို့လျှောက်သော လမ်းတစ် လျှောက် အကောင်းဆုံးသော အကူအညီများပေးနေရန်သာ ရှိပါသည်။

yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>