Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူစာအုပ်ဘယ်သူပိုင်သင့်လဲ

$
0
0

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက် အာဇာနည်နေ့တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင် မြင့်မှ ဗိုလ်ချုပ်အောင်ဆန်း တက် ရောက်ပညာသင်ကြားခဲ့သော ရေနံချောင်းအမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ်အတွင်း အဆိုပါ ကျောင်း၌ သိမ်းဆည်းထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်း သားဘ၀က လက်ရေးမူစာအုပ် အားကျောင်းအုပ်ကြီးက ဦးအောင် မြင့်ထံ လှူဒါန်းခဲ့သည့်အပေါ် ဒေသခံများက မကျေမနပ်ဖြစ် လျက်ရှိပြီး ယင်းသို့ လှူဒါန်းခဲ့မှု အတွက် ဦးခင်အောင်မြင့်၌ တာဝန်မရှိကြောင်း၊ လှူဒါန်းသော ကျောင်းအုပ်ဆရာမကြီး၌သာ တာဝန်ရှိကြောင်းအမျိုးသားလွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

““ဒီကိစ္စက ဗိုလ်ချုပ်ကျဆုံး ပြီးမှ ဖြစ်လာတာမဟုတ်ဘူး။ ဗိုလ်ချုပ်မကျဆုံးခင်ကတည်းက သူနဲ့ရင်းနှီးပတ်သက်တဲ့သူတွေလို လွှဲခဲ့တာကနေ ဒီပုဂ္ဂလိကဆန်တဲ့ လွှဲပြောင်းမှုက ခုထိရှိလာခဲ့တာ ဒီပစ္စည်းက ပညာရေးဝန်ကြီးဌာန ပိုင် ပစ္စည်းလည်းမဟုတ်ဘူး၊ ယဉ် ကျေးမှုဝန်ကြီးဌာနပိုင် ပစ္စည်း လည်းမဟုတ်ဘူး၊ သူတို့ဌာနတွေ နဲ့သက်ဆိုင်တဲ့ ပစ္စည်းလည်း မဟုတ်ဘူး၊ အဆင့်ဆင့် လွှဲခဲ့တဲ့ သူတွေက သက်ဆိုင်တယ်လို့ဆို ရမယ့်ယဉ်ကျေးမှုဌာနကို မလွှဲဘဲ ပုဂ္ဂလိကဆန်ဆန် လွှဲခဲ့တာလေ။ ခုကျောင်းအုပ်ဆရာမကြီးကလည်း ဦးခင်အောင်မြင့်လိုပုဂ္ဂလိကဆန် ဆန်ဘဲ လွှဲခဲ့တာ၊ ဦးခင်အောင် မြင့်ကိုလွှဲတာဟာ တရားမ၀င်ဘူး လိုလိုပြောရင် လက်ရှိကျောင်း အုပ်ဆရာမကြီးကို ယခင်ကျောင်းအုပ်တွေလွှဲခဲ့တာရော တရားဝင် ရဲ့လား၊ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်ကိုက သူလွှဲလို့ရတဲ့ပုံစံ နဲ့လွှဲသွားတာ။ နောက် ဒီပစ္စည်း ကအစစ်ဆိုပြီး ဘယ်သူက အာမ ခံလို့လည်း နိုင်ငံတော်က ထိန်း သိမ်းမယ်ဆိုလည်း များစွာသော စိစစ်အတည်ပြုချက်တွေနဲ့မှ အတည်ပြုလို့ရမှာလေ၊ ပုဂ္ဂလိက ဆန်ဆန် ယုံကြည်လို့ လွှဲခဲ့တာ ဖြစ်တဲ့အတွက် လွှဲတာခံလိုက်ရ တဲ့ ဦးအောင်မြင့်မှာ တာဝန်မရှိ ဘူး၊ လွှဲလိုက်တဲ့ ကျောင်းအုပ် ဆရာမကြီးမှာပဲ တာဝန်ရှိတယ်။ ပုဂ္ဂလိကဆန်ဆန် လွှဲပြောင်းမှု ဖြစ်တဲ့အတွက် ဦးအောင်မြင့်မှာ တာဝန်မရှိပေမယ့် သူ ဘာလုပ် မလဲဆိုတာတော့ စောင့်ကြည့်ရ လိမ့်မယ်””ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် က Hot News သို့ ပြောကြားသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ သတင်း မီဒီယာအချို့သို့ ပြောကြားချက်၌ မူ ယင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏လက်ရေးမူ စစ်မှန်ခြင်းရှိမရှိ စစ်ဆေးအတည်ပြုရန်လိုကြောင်း နှင့် စစ်မှန်ပါက ရေရှည်တည်တံ့ ခိုင်မြဲရန်နှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် လုပ်ဆောင် သွားရန်လိုကြောင်း ပြောကြားခဲ့ သော်လည်း ဒေသခံအချို့ကမူ ယင်းစာအုပ်အား မူလနေရာသို့ ပြန်မထားမချင်း တောင်းဆိုသွား မည်ဟု ပြောကြားလျက်ရှိနေကြ သည်။


ခန့်ခန့်(ဒဿနိက)
The Hot News weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>