Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အုပ်စုတစ်စုရဲ့အမြတ်ပေါ်သွားတဲ့ ဗုံးပေါက်မှုမျိုးက ရှေးရိုးဆန်လွန်းလှပါတယ်။

$
0
0

photo.irrawaddy
မန္တလေး ဗုံးပေါက်တာဟာ လက်လုပ်ဗုံးဖြစ်ဖြစ်၊ ဗျောက်အိုးဖြစ်ဖြစ် ဘာအရေးလဲ။အဓိကအချက်က ဗုံးပေါက်တာဆိုပြီး “သတင်း အတည်ဖြစ်လာသည်” တဲ့ အပိုင်းကအားလုံးလက်ခံကြ လိုက်ကြတဲ့ ဖြစ်ရပ်မှန်လို့ ဆိုရမယ်။

ဟုတ်ပါပြီ။ မြန်မာပြည်မှာ ဗုံးတွေ မဟားဒယား ပေါက်ခဲ့ဖူးတယ်။တရားခံစစ်စစ် မိသည့်အခါလည်းရှိသလို မြေစာပင်နှယ် ပြည်သူတချို့ မဆီမဆိုင် ဘ၀ကျိုးပြတ်ခဲ့ရတဲ့ “ဖော်ရှိုးစတိုရီ” တွေလည်း ရှိခဲ့ဖူးတယ်။

ရဲဌာနဘက်က ဒီဗုံးတရားခံကို ဖော်မှဖြစ်မယ်။ ဘာကြောင့်လဲဆို ဒီဗုံးဟာဘုန်းကြီးတစ်ပါး တရားဟောစင် အနီးအနား ထပေါက်တဲ့ဗုံး ဖြစ်လို့ ထက်ရဲတပ်ဖွဲ့ ကို အစိုးရလက်ကိုင်တုတ်၊ နိုင်ငံရေးအသုံးချခံဌာနရယ်လို့ တိုင်းသူပြည်သူတွေက မျက်စေ့ဒေါက်ထောက်ကြည့်ပြီး မယုံရေးချ မယုံလို့ ဘဲ။

ဒီကြားထဲ ဗုံးကို ရဲဘက်က ကိုယ်တိုင်ခွဲတာပါ ဆိုပြီး မြင်ရအောင် တက်လာတဲ့အရေးအသားတွေ အွန်လိုင်းမှာ တက်လာတာတွေ့ ရတယ်။ ဒါဟာလည်း မဆန်း။ဗုံးပိုင်ဆိုင်ခွင့်ရှိတဲ့ အဖွဲ့ အစည်းသည်သာ ဗုံးနှင့် ရင်းနှီးကျွမ်းဝင်ရမည် ဆိုတဲ့ကောက်ချက်ကြောင့်သာဖြစ်လို့  ထိုရှုမြင်ချက်ကို ပစ်ပယ်၍ မရစကောင်း။

ဘယ်သူဖောက်ဖောက် အရင်ကလို နယ်စပ်က အစိုးရဆန့် ကျင်အဖွဲ့ အစည်းတွေ၊အနောက်အုပ်စု သင်ကြားပေးတဲ့ ကြေးစားလက်နက်ကိုင်တွေ၊ ဒီမိုကရက်ပြည်ပြေး အဝေးရောက်ညွန့် ပေါင်းတွေ စသဖြင့် နတ်မျက်စိနှယ် ကြည့်မြင်ပြီးတိုးရှိုပေါက် တည့်တည့်စွပ်စွဲဖို့ ရန်လည်း ဦးသိန်းစိန်အစိုးရက စကားဟဟ
ထွက်လာဖို့ ရန် လမ်းစရယ် ဘယ်မမြင်။

ဒီတော့ ဗုံးဘယ်သူဖောက်သလဲပေါ့။

အခြားနိုင်ငံတွေမှာ (ဘော်စတွန် မာရသွန်ဗုံးဖောက်ကွဲမှု)လိုမျိုး စီစီတီဗီ ကင်မရာအားကိုးနဲ့  တရားခံသဲလွန်စ ရလိုရငြား ရဲဌာန အထောက်အကူပြုသက်သေရင်းမြစ်တစ်ခု ပေါ်လာကောင်းပေါ်လာရင် သိပ်ကောင်းမယ်လို့ တွေးနေတုန်း မောင်ဘုန်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည့်နှယ်
ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားကားတစ်စီးအောက် ဗုံးပေါက်မှုကို CCTV လုံခြုံရေး ကင်မရာ မှတ်တမ်းများကနေတရားခံမိရေး အတွက် လမ်းစပေါ်ပြီဆိုတဲ့သတင်းကို ထင်တဲ့အတိုင်းထွက်လာတာ ဖတ်ရတယ်။

ဟိုမှာတော့ စီစီတီဗီ က မှတ်တမ်းတင်ရိုက်ချက်တွေကို အများပြည်သူသိရအောင်ပွင့်ပွင့်လင်းလင်း ချပြပြီး ဒီပုံသဏ္ဍာန်ဝတ်ဆင်ထားတဲ့၊ ဒီလိုမျက်နှာခန္ဓာကိုယ်နဲ့ 
လူတွေဟာ ဗုံးပေါက်ကွဲမှုရဲ့  တရားခံလို့ ယူဆရတဲ့သူတွေပါလို့ ရှောရှောရှူရှူထုတ်ပြန်ပေးလေ့ရှိတယ်။ လုပ်သားပြည်သူတွေအနေနဲ့  ပူးပေါင်းပါဝင်ကူညီဖို့ ၊
အခုလို ထုတ်ပြန်ပေးထားတဲ့သူမျိုး မြင်မိရင် တဆင့်ကြားသိရင် ရဲဌာနကိုဆက်သွယ်အကြောင်းကြားဖို့  မေတ္တာရပ်ခံလေ့ရှိကြပေမယ့် ဒီမှာတော့
ရဲဌာနတစ်ခုတည်းက ကြိတ်ပြီး လှုပ်ရှား ဖော်ထုတ်နေတာမျိုးဘဲ တွေ့ ရတယ်။

တရားပွဲနား ပေါက်ကွဲတဲ့အချိန်ဟာ နေ့ ဘက်မဟုတ်။ လမ်းလယ်ခေါင်ရပ်ထားတဲ့ကားအထိ ညမှောင်မှောင်မှာ မြင်ရအောင်ရိုက်ယူထားနိုင်တဲ့လုံခြုံရေးကင်မရာတွေဟာလည်း ပုဂ္ဂလိကအိမ်၊ စီးပွားရေးလုပ်ငန်းတွေကရိုက်ကွင်းရိုက်ချက်များဖြစ်တာဟာ (တော်ရုံ စီစီတီဗီတွေ လမ်းမပေါ်အထိ
ချိန်သားကိုက်မထားနိုင်) ရဲဌာနက ညွှန်းတဲ့ စီစီတီဗီ မှတ်တမ်းကို သံသယရှိစွာမေးခွန်းထုတ်စရာကောင်းလှတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ လည်း
ရဲဌာနထုတ်ညွှန်းတဲ့အခင်းဖြစ်ပွားတဲ့ဖြစ်စဉ်ကိစီစီတီဗီရိုက်ကူးလိုက်နိုင်တဲ့အိမ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့  မေးခွန်းတွေ အင်တာဗျုးတွေ လုပ်ရမယ်။

ဒီကိစ္စကို ဝေ့လည်ကြောင်ပတ် မဟုတ်ဘဲ လုံခြုံရေးကင်မရာတွေကရိုက်ယူထားတဲ့မှတ်တမ်း အကုန်မဟုတ်တောင် တစိတ်တဒေသကို ပြည်သူလူထုမျက်စိနဲ့ မြင်ရပြီး ရင်ထဲကျေနပ်ကာ တရားခံစစ်စစ် ပေါ်ပေါက်ရေးအတွက်ဝိုင်းဝန်းပါဝင်လာနိုင်အောင် ရဲဌာနဘက်က “ရော့.. ဒါကိုကြည့်ကြ” လို့ မီဒီယာတွေကတဆင့် ဖြန့် ဝေပြသပေးရမယ်။

နိုင်ငံရေး အကွင်းအကွက်တစ်ခု ပေါ်ပေါက်ရုံနှယ် တင်ကျန်ရစ်လို့ အုပ်စုတစ်စုရဲ့  အမြတ်ပေါ်သွားတဲ့ ဗုံးပေါက်မှုမျိုးက ရှေးရိုးဆန်လွန်းလှပါတယ်။ထိုးကျွေး တရားခံပုံပြင်တွေကို ရာဇ၀င်ထဲ ချန်ရစ်သင့်ပါပြီ။

အောင်မျိုးထွန်း

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>