Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာခွင့်ရှိအောင်အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ကော်မတီ ဖွဲ့စည်း၍ သုံးသပ်မည်

$
0
0
(The Associated Pressမှ 25 July 2013 ရက်စွဲပါ “ Myanmar Parliament Panel considers Changing Constitution, Could allow Suu Kyi to be President” သတင်းကို ဘာသာပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေမည့် အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးကို သုံးသပ်ရန်အတွက် မြန်မာလွှတ်တော်က ကြာသပတေးနေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါသည်။ ယင်းသို့ ပြောင်းလဲမှုတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလာဖွယ် ရှိသည်ဟုလည်း သိရှိရသည်။

၎င်း ၁၀၉ ဦးပါ ကော်မတီတွင် NLD နှင့်ပြည်ခိုင်ဖြိုးအပါအဝင် ပါတီအားလုံးမှ ကိုယ်စားလှယ်အမတ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်သည်။

လက်ရှိ အခြေခံဥပဒေသည် တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်တွင် နေရာများစွာ ပေးထားခြင်း၊ သမ္မတလောင်းစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျုံးမဝင်အောင် ကန့်သတ်ပိတ်ပင်ထားခြင်း တို့ကြောင့်ဒီမိုကရေစီနှင့် မကိုက်ညီဟု NLD ပါတီက သတ်မှတ်ထားသည်။တိုင်းရင်းသားပါတီများကလည်း ၄င်းတို့၏ ပြည်နယ်များတွင် ဝန်ကြီးချုပ် နေရာများကို ဗဟိုအစိုးရက ခန့်အပ်ခြင်းထက် ၄င်းတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်ရန် ကြိုးစားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသော တိုင်းရင်းသား အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်တော်လှန်မှုများ ထွက်ပေါ်လာကာ ဒီမိုကရေစီအစိုးရနှင့် စစ်အစိုးရအဆက်ဆက် လက်ထက်ကာလများတွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ လက်ရှိ ဦးသိန်းစိန် အစိုးရသည် နိုင်ငံအနှံ အပစ်ရပ်စဲရေးနှင့် တိုင်းရင်းသား အုပ်စုအားလုံးနှင့် နိုင်ငံရေး သဘောတူမှု ရရှိရေးတို့ကို ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေသည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ တပ်မတော်သြဇာ ဆက်လက်လွှမ်းမိုးထားနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။

သို့ရာတွင် ၂၀၀၈ ရွေးကောက်ပွဲအပြီးကာလသည် အာရပ်နွေဦးနှင့် တိုက်ဆိုင်နေသောကြောင့် လူထုအုံကြွမှုကို စိုးရိမ်သည့် နိုင်ငံအကြီးအကဲဟောင်းများ၏ အစီအမံဖြင့် အစိုးရသစ်လက်ထက်တွင် အထက်မှ ခွင့်ပြုသော ပြုပြင်ပြောင်း လဲမှုများ ထွက်ပေါ်လာခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဓိကအောင်မြင်မှုမှာ စစ်အစိုးရလက်ထက် နှိပ်ကွပ် ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ခေါ်ယူလှုပ်ရှား ခွင့်ပေးခဲ့ခြင်း ပင်ဖြစ်သည်။မနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာအနက် NLD ပါတီက ၄၃ နေရာအနိုင် ရရှိခဲ့သည်။

ကြာသပတေးနေ့က နိုင်ငံပိုင်ရုပ်သံတွင် အစိုးရရာထူးနေရာ အပြောင်းအလဲများကို ကြေငြာသွားသော်လည်း သိသိသာသာပြောင်းလဲမှုကို မတွေ့ရပေ။ စွမ်းအင်၊ ရထား၊ စက်မှုနှင့်အလုပ်သမားဝန်ကြီးများကို နေရာခြင်း ဖလှယ်ခဲ့ပြီး ရဲချုပ်အသစ်ကိုခန့်အပ်သည်။ ယခင်ရဲချုပ်မှာ ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန် ယူသည်။ ဝန်ကြီးနေရာ အပြောင်းအလဲများ ကြေငြာရာတွင်ထုံးစံအတိုင်း အကြောင်းအရင်း မထုတ်ပြန်ပေ။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီတဂူဆရာတော်အား ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ ဂါရဝပြု


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)