Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

GTCကျောင်းသား/သူ နှစ်ဦး၏အင်တာနက်ဗီဒီယိုဖိုင်ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ

$
0
0
သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

ပါမောက္ခချုပ် ဆရာမကြီးသည် ခန်းမအတွင်း ကျောင်းသားတချို့ခေါ်ယူကာ နှစ်ဖက်မိဘများနှင့် ကာယကံရှင်နှစ်ဦးရှေ့တွင် ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက် တာဖြင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်ကို ကျောင်းသားအားလုံး နမူနာယူရန် ပြောကြားခဲ့ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက် မိဘများအပေါ် သိက္ခာကျစေခဲ့သည့်အတွက် နုတ်ထွက်ခိုင်းထား ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်ရပ်များအပေါ် အတည်ပြုချက်ရရှိစေရန် သန်လျင်နည်းပညာ တက္ကသိုလ်သို့ သွားရောက် မေးမြန်းခဲ့ရာ ပါမောက္ခချုပ်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အတည်ပြုပြန်လည်ဖြေကြားမှုများကိုလည်း ကျောင်းတွင်းရှိ ဆရာ/ဆရာမ များက ပြန်လည် ငြင်းပယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTC ကျောင်းအပေါ် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း၊ ယခုကြားသိရသည့် ဖြစ်စဉ်များသည် မှန်ကန် ကြောင်း၊ ၎င်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ တစ်ဦးက ထိုကဲ့သို့ ပြောပြ ခဲ့ကြောင်း စသည်ဖြင့် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေ ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒီ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားလိုက်နာသင့်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီဟာတစ်ခုတည်း ပေါ်ပေါ်တင်တင်ကြီး ထွက်ပေါ်လာခဲ့တာ၊ အဲဒီလိုဖြစ်နေခဲ့တာ ဘယ်လောက်ဖြစ်နေကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ကျွန်တော်တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားဖို့ လိုအပ်တယ်””ဟု တက္ကသိုလ်များ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာမကြီးနုတ်ထွက်ခြင်း သတင်းသည် မှန်ကန်ကြောင်း၊ သို့သော် ပရိုဂျက်တာဖြင့် ပြသခြင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း စသည်ဖြင့် GTC ကျောင်းသားတချို့နှင့် ဆရာများ က ပြောကြားခဲ့သည်။

အင်တာနက်စာမျက်နှာတစ်ချို့နှင့် facebook စာမျက်နှာများပေါ်တွင် သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းခန်းမဆောင်အတွင်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့၏ မဖွယ်မရာ ရုပ်သံဖိုင်များပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်အတူ နောက်ဆက်တွဲသတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခု GTC ကျောင်းသား/သူ နှစ်ဦး၏ ဖြစ်ရပ်အပါအ၀င် အင်တာနက် တွင်ဖြန့်ဝေခဲ့သော နာမည်ကြီးအနုပညာရှင်များ၏ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်များကို ဖြန့်ဝေသူတို့အား သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များရှိသော်လည်း ယင်းဥပဒေများအတိုင်း ဖော်ထုတ်အရေးယူမှုမရှိဘဲ ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော်အပေါ် အင်တာနက်မှတစ်ဆင့် ဝေဖန်သူကိုမူ အားသွန်ခွန်စိုက် ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း တို့သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသူများအား ဖော်ထုတ်အရေးယူမှု မပြုလုပ်ခြင်းသည် မြန်မာအမျိုးသမီးများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေကြောင်း ကို မြန်မာ့လူ့အဖွဲ့ အစည်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မီဒီယာအသိုင်း အ၀ိုင်းတို့က မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မေးခွန်းထုတ်မှုများနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ဗီဒီယို၊ ဓာတ်ပုံတို့ကို အင်တာနက်တွင် ဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးဖော်ထုတ်ရန် တာဝန်ရှိ အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းရရှိမှု မရှိသေးပေ။

Myanmartandawsint Newspaper

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>