Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တောင်ကိုရီးယားနိုင်ငံမှပေးအပ်သောငြိမ်းချမ်းရေးဆုကိုကျန်းမာရေးကြောင့် ဆရာကြီးဒဂုန်တာရာသွားရောက်မယူနိုင်

$
0
0
တောင်ကိုရီးယားနိုင်ငံ Manhae ဖောင်ဒေးရှင်းမှ ပေးအပ်သော ငြိမ်းချမ်းရေးဆုကို ကျန်းမာရေးကြောင့် ဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်သွားရောက် လက်ခံမယူနိုင်ကြောင်း ဆရာကြီး ၏ တူမဖြစ်သူ မသင်းမြတ်စနီ်္ဒက ဇူလိုင်လ (၂၃)ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ယခုအချိန်တွင် ဆရာကြီး၏ ကျန်းမာရေးအခြေအနေသည် သင့်တင့်သော အခြေအနေတွင် ရှိကြောင်း၊ Manhae ဖောင်ဒေးရှင်းမှ ဆရာကြီးကို ငြိမ်းချမ်းရေး ဆုပေးရန် အကြောင်းကြားစာကို ဇွန်လအတွင်း လက်ခံရရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးဆုလက်ခံရန် အကြောင်းကြားစာကို ဆရာကြီးကိုယ်တိုင်ဖတ်၍ ၀မ်းသာကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လေးစားကြောင်းတို့ကို ဆရာကြီးက ပြန်လည်ပြောကြားခဲ့ကြောင်း၊ ဆုတံဆိပ်ယူရန် ဆရာကြီးကိုယ်စား တောင်ကိုရီးယား နိုင်ငံသို့ ငြိမ်းချမ်းရေးဆု သွားရောက်လက်ခံယူမည်ဟု ၄င်းက ပြောသည်။

ဆရာကြီး ဒဂုန်တာရာသည် ၁၉၅၀ပြည့်နှစ်များတွင် စာရေးဆရာအသင်း ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် ဆရာကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို တာရာမဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ထို့နောက် ကိုယ်တိုင်ရေးသားခဲ့သော ““နိုင်ငံရေးတွင် မုန်းသူမရှိ၊ ချစ်သူသာရှိဆိုသော”” နိုင်ငံရေး အတွေးအခေါ်စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည့်နည်းတူ တိုင်းရင်းသား ညီအစ်ကိုများနှင့်ဖြစ်ပေါ်နေခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့သော ခေတ်အဆက်ဆက် အစိုးရများကို တစိုက်မတ်မတ်ကန့်ကွက်ခဲ့သူ တစ်ဦးဖြစ်သည်။

““ယနေ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်တွေကို နိုင်ငံတကာက အသိအမှတ် ပြုလက်ခံထားတဲ့ ခေါင်းဆောင်တွေက လက်ချိုးရေလို့ရတယ်။ ဆရာကြီးကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခဲ့တာကို မြန်မာနိုင်ငံ တစ်မျိုးသားလုံးကိုယ်စား ကျေးဇူးတင်တယ်””ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

အဆိုပါ ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ Kangwon ပြည်နယ် Bek dam ဘုရားကျောင်း တွင် သြဂုတ်(၁၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆရာကြီးဒဂုန်တာရာ အသက် (၉၅) နှစ်ကျော်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မိသားစုဝင်များနှင့်အတူ နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကို ၁၉၉၁ ဒီဇင်ဘာ ၁၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့ပြီး ၂၀၁၃ခုနှစ် ဧပြီလ ၂၂ရက်တွင် International Crisis Group နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေး အပ်ခဲ့ရာ ယခုတောင်ကိုရီးယားနိုင်ငံ Manhae ဖောင်ဒေးရှင်းမှ ဆရာကြီးဒဂုန်တာရာကို ပေးအပ် သည့် ငြိမ်းချမ်းရေးဆုသည် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသောဆုအဖြစ် တတိယ မြောက်ရရှိခြင်းဖြစ်သည်။

Myanmartandawsint Newspaper

Viewing all articles
Browse latest Browse all 32865

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>