Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစားကြည့်တိုက် ဖွင့်ပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ပညာရေးမိန့် ခွန်း(ရုပ်/သံ)

$
0
0


ကျွန်မတို့ နိုင်ငံ တိုးတက်ရေးအတွက်ဆိုတာ အဓိကကျတဲ့ ကိစ္စကတော့ ပညာရေးပဲ... ပညာရေးဆိုတာ ပစ္စုပန်တင်မကဘူး အနာဂတ်အတွက်လဲ အရမ်းအရေးကြီးပါတယ်... ပညာရေးမှာဆိုရင် သိပ်အရေးကြီးတာက စာပေကို ချစ်မြတ်နိုးဖို့က အရေးကြီးပါတယ်... အတန်းထဲမှာ သင်တဲ့ စာလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေရဲ့ အသိစိတ်ဓါတ်တွေဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်မတိုရဲ့ လူငယ်တွေကို စာပေကို မြတ်နိုးစေချင်တယ် ... စာဖတ်တာကို ၀ါသနာပါစေချင်တယ်... စာဖတ်တာ ၀ါသနာပါဖို့ အဓိကဆိုတာ စာအုပ်တွေ ရှိဖို့လိုတယ်... ဘယ်လိုပဲ စာဖတ်ချင်၊ စာဖတ်ချင် စာအုပ်တွေ မရှိရင် စာဖတ်ဖြစ်မှာ မဟုတ်ပါဘူး... စာမဖတ်နိုင်ရင် စာပေကို မြတ်နိုးလာမှာ မဟုတ်ပါဘူး...

တချို့က သုတစာပေကိုပဲ အရေးကြီးတယ်လို့ ထင်ကြတယ်... ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့နဲ့ ပတ်သက်လို့ ရှိရင် ရသစာပေက အင်မတန်မှ အရေးကြီးပါတယ်... ဘ၀မှာ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုရင် တစ်ခါတစ်လေမှာ ရသစာပေတွေက ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီး ပိုပြီး အဖိုးတန်ပါတယ်... ဘယ်လို ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်မလဲ... လောကဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ... ဘယ်လိုကျော်လွှားမလဲဆိုတာ တစ်ခါတစ်လေ သုတစာပေတွေကနေ ရနိုင်တာ မဟုတ်ပါဘူး... အများအားဖြင့် ရသစာပေတွေက ရနိုင်တယ်ဆိုတာ တကယ့်ကို နက်နဲတဲ့ ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ ရသစာပေတွေထဲမှာ မြင်နိုင်ပါတယ်... အဲ့ဒီ အတွေးအခေါ်တွေဟာ တကယ်တော့ လူသားတွေရဲ့ သဘာဝနဲ့ သက်ဆိုင်တယ်... ကမ္ဘာလောက ကြီးရဲ့ စိန်ခေါ်မှု့နေတွေနဲ့ သက်ဆိုင်တယ်... ဒါကြောင့်မို့ စာဖတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်...

ရိုက်ကူး.တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

Viewing all articles
Browse latest Browse all 32865

Trending Articles