(The Economic Times မှ 28 July 2013 ရက်စွဲပါ “ Myanmar China gas pipeline starts delivering gas to China” သတင်းတို ဘာသာပြန်ဆိုသည်)
အိန္ဒိယအပါအဝင် တရုတ်၊ မြန်မာ၊ တောင်ကိုရီးယား လေးနိုင်ငံမှ ကုမ္မဏီ ၆ ခု ပူပေါင်းရင်းနှီးမြှုပ်နှံထားကြသော ဒေါ်လာဘီလီယံချီသည့် မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို မနေ့က မန္တလေး မြို့တွင်တရားဝင် ဖွင့်လှစ်ကာ စွမ်းအင်ဆာလောင်နေသာ တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်လိုက်ပြီဖြစ်သည်။
ကီလိုမီတာ ၈၇၀ ရှိသော အမြွှာပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့နှင့် ရေနံများပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
ရေနံပိုက်လိုင်းမှ တန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းမှ ကုဗမီတာ ၁၂ ဘီလီယံအသီးသီး နှစ်စဉ်တင်ပို့နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံဖြတ်၍ ပိုက်လိုင်းသယ်ယူမှုကြောင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းရသော မှုလ လမ်းကြောင်းကို တိုတောင်းသွားစေသည်ဟု တရုတ်ကျွမ်းကျင်သူများက ဆိုပါသည်။
ပိုက်လိုင်းဖြင့် တင်ပို့မည့် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သဘောင်္များဖြင့် လာမည်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့ကိုမူ တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်နေပြီဟု တရုတ်အစိုးရသတင်းဌာနက ထုတ်ပြန်သည်။
ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့တင်ပို့မှုကြောင့် တရုတ်စွမ်းအင်လိုအပ်ချက် လေးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာ နိုင်ငံသည်လည်း နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံရရှိကာ နှစ်နိုင်ငံအကြား ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို ဖန်တီးနိုင်မည်ဟု တရုတ် CCTV သတင်းက ဆိုပါသည်။
ဓါတ်ငွေ့ပိုက်လိုင်းကိုစီမံခန့်ခွဲရန် အတွက် South-East Asia Gas Pipeline Co,Ltd.(SEAGP)နှင့် ရေနံစိမ်းပိုက်လိုင်းကို စီမံခန့်ခွဲရန် South-East Asia Oil Pipeline Co,Ltd.(SEAOP) ဟူသော ဖက်စပ်ကုမ္ပဏီနှစ်ခုကို ဖွဲ့စည်းထူထောင်ထားကာ ဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ SEAGP တွင် တရုတ်အစိုးရပိုင် CNPC ၊ မြန်မာအစိုးရပိုင် MOGE ၊ တောင်ကိုရီးယား Daewoo နှင့် KOGAS ၊ အိန္ဒိယ OCEBV နှင့် GALL ကုမ္ပဏီများ ပါဝင်ပြီး၊ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ SEAOPတွင် တရုတ် CNPC နှင့် မြန်မာ MOGE လုပ်ငန်းတို့ ပါဝင်သည်ဟု တရုတ် Ximhu သတင်းဌာနက ဖော်ပြထားသည်။
Yangon chronicle
Photo..Irrawady