Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကြေးနီစီမံကိန်းကိုစာချုပ်သစ်ဖြင့် ပြန်လည်စတင်မည်

$
0
0
(4 Aug 2013 ရက်စွဲပါ Shanghai Daily မှ Myanmar to restart controversial copper project under revised contract ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အငြင်းပွားဖွယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဇူလိုင်လ(၂၄) ရက်နေ့က အစိုးရ၏ မြန်မာ့သတ္တုတွင်းလုပ်ငန်း (MME)၊ စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်၏ ဝမ်ပေါင်(Wanbao Mining Ltd) သတ္တုတွင်း လီမိတက်တို့ကြား ကန်ထရိုက်စာချုပ် ပြန်လည်ရေးထိုး၍ စတင်မည်ဟု မျှော်လင့်ရပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ၏ အကြံပြုချက် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှထွန်းက သောကြာနေ့က လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးတွင် ပြန်လည်ရေးထိုးသော ကန်ထရိုက်စာချုပ်တွင် ပိုမို၍ ပွင့်လင်း မြင်သာမှုရှိရေးနှင့် စီမံကိန်းနယ်မြေတွင် လူမှုရေးတာဝန်ယူမှုအတွက် လှုပ်ရှားမှုများ လိုအပ်ပုံကို အလေးထား ပြောကြား သွားပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတကာစံနှင့်အညီ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ကော်ပိုရေးရှင်း ကြီးများ၏ လူမှုရေးတာဝန်ယူမှု Corporate Soual Reoponsibilities (SR) လှုပ်ရှားမှုများအတွက် ဒေါ်လာတစ်သန်း သုံးစွဲမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် စီမံကိန်းလည်ပတ်နေချိန်တွင် အမြတ်ငွေ၏ ၂% ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် စီစဉ်ထားရာ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုစီးပွားအနေအထားနှင့် ဒေသပတ်ဝန်းကျင်ဆိုင်ရာများ တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက တာဝန်များကို ထမ်းဆောင်ရာတွင် ဒေသခံပြည်သူများအပေါ် စာနာစိတ်၊ နားလည်မှုရှိသောစိတ်များဖြင့် အကောင်အထည်ဖော်ရန် ကတိပြုခဲ့ပြီး လုပ်ငန်းကော်မတီကို ဒေသဆိုင်ရာအစိုးရ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားပါသည်။

ကော်မတီသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ တိုင်းပြည်၏စီးပွားရေး မြှင့်တင်ရန်နှင့် သတ္တုတွင်းဧရိယာမှ ဆင်းရဲမှုများကို ပပျောက်အောင် ကတိကဝတ်များ ပြောကြားခဲ့ပါသည်။

ကော်မတီကပြောကြားရာတွင် စီမံကိန်း၏ စာချုပ်သစ်သည် ယခုလိုတာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ရန် တွန်းအားပေးနေသည့်အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နမူနာကောင်းတစ်ခု ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ဇူလိုင်(၂၄)ရက်နေ့က ပြင်ဆင်ခဲ့သော သဘောတူညီချက်အရ မြန်မာ့သတ္တုတွင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့အကြား အကျိုးအမြတ်ခွဲဝေမှုမှာ ၅၁:၁၉:၃၀ ဖြစ်သွားမည် ဖြစ်ပါသည်။

စာချုပ်သစ်အရ လုပ်ငန်းမစတင်မီ မြန်မာ့သတ္တုတွင်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးဦးပိုင်ထံမှ ဒေါ်လာ ၅ သန်း ရရှိမည် ဖြစ်ပြီး၊ ဝမ်ပေါင်ကုမ္ပဏီသည် မိုင်းပြန်လည်ပြုပြင်ခြင်းအတွက် နှစ်စဉ်ဒေါ်လာ ၂ သန်း ထည့်ဝင်ရမည်ဖြစ်သည့်အပြင် CSR အတွက် နှစ်စဉ်ဒေါ်လာ ၁ သန်း ထည့်ဝင်ရမည်ဖြစ်ပါသည်။

ထို့အပြင် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူအားလုံးသည် CSR အတွက် အမြတ်ငွေ၏ ၂% ကို အသုံးပြုကြရမည် ဖြစ်ပါသည်။

ဦးလှထွန်းက သဘောတူညီချက်အသစ်သည် အစိုးရကိုလည်း အမြတ်၏ ရာခိုင်နှုန်းတစ်ခုကိုခံစားရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်၊ စီမံကိန်းကာလတစ်လျှောက်လုံး နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင်ကာကွယ်မှုများအတွက် အာမခံချက်ရှိမည်ဟု ဆိုပါသည်။

ကော်မတီအနေဖြင့် ဒေသခံပြည်သူများ မတရားဟု ခံစားမှုများကို ညှိနှိုင်းပြီး လိုအပ်ချက်များ အကောင်းဆုံးကြိုးစား လုပ်ဆောင်သွားမည်ဟု ဦးလှထွန်းက ကတိပြုခဲ့ပါသည်။

၎င်းက လက်ပံတောင်း သတ္တုတွင်းစီမံကိန်းကို တိုင်းပြည်အတွက် နမူနာစီမံကိန်း တစ်ခုဖြစ်စေရန် တိုက်တွန်းခဲ့ ပါသည်။

၎င်းက ပြောကြားရာတွင် ကော်မတီသည် လယ်မြေ ၂၈၃.၆၉ (ဧက ၁၁၄.၈ ဟက်တာ )ကို လယ်သမားများသို့ ပြန်လည်၍ ပေးနေပြီဖြစ်ကြောင်း လုပ်ငန်း၏ ၇၉ % ပြီးစီးနေကြောင်း ဆိုပါသည်။

ကော်မတီသည် လယ်သမား(၁၀၃၇) ဦးထံမှ သိမ်းယူထားသော လယ်မြေ(၂၈၃.၆၉) ဧကအတွက် လျော်ကြေးငွေ ကျပ်(၃) ဘီလီယံ(ဒေါ်လာ၃သန်း) ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသော လျော်ကြေးများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောပါသည်။

ISO လက်မှတ်ရရှိအောင် လုပ်ဆောင်ခြင်း၊ သဘောတူညီချက် ပြင်ဆင်ခြင်းများအတွက် MoU ရေးထိုးခြင်းများ၊ ရွှေ့ပေးရသော ရွာများအတွက် နေအိမ်များ ပြန်လည်ဆောက်ပေးခြင်း၊ အဆိုပါရွာများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ စက်မှုဝန်ကြီးဌာနထံမှ ဆာလဗျူရစ်အက်စစ်ကန် ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ယူခြင်း၊ စီမံကိန်းနယ်မြေတွင် ပညာရေး၊ကျန်းမာရေး စောက်ရှောက်မှု၊ လူမှုရေးလုပ်ငန်းများ မြှင့်တင်ခြင်းများ လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

သို့သော် အစိုးရက တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားအတွက် လုပ်ဆောင်နေချိန်တွင် အချို့လူများသည် အဆိုပါဒေသတွင် စီမံကိန်းနှောင့်နှေးရန်နှင့် မတည်ငြိမ်အောင် လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

အဆိုပါ စီမံကိန်းတွင် ၂၀၁၂ ဖေဖော်ဝါရီလမှစ၍ ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း ယခုအခါ လုပ်ဆောင်နေပါသည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>