ကျောင်းသား၊ရဟန်းရှင်လူ ပြည်သူအားလုံး၊လူတန်းစားမရွေး၊ အလွှာမရွေးတစ်ပြည်လုံးလှည်း နေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်ခဲ့သော၈လေးလုံးငွေရတု ပြည့်၊ဤနေ့ဤရက်တွင်မြန်မာပြည် တစ်ဝန်းလုံးတွင်ကျင်းပကြမည်။
ရှစ်လေးလုံးအရေးတော်ပုံ(၂၅)နှစ် ပြည့်ငွေရတုအခမ်းအနားသို့နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှသ၀ဏ်လွှာပေးပို့ထား ကြောင်းသိရသည်။
၎င်းသတင်းလွှာတွင် ၁၉၈၈ ခုနှစ်သြဂုတ်လ(၈)ရက်နေ့တွင်စ တင်ခဲ့သည့်ပြည်သူလူထုတစ်ရပ် လုံးပါဝင်သောရှစ်လေးလုံးအရေး တော်ပုံကြီး၏(၂၅)နှစ်မြောက်နေ့ ရက်ဖြစ်ကြောင်းနှင့်ပြည်သူလူထု ၏မ.ဆ.လတစ်ပါတီအာ ဏာ ရှင်အစိုး၏ဆက်လက် ရှင်သန်ခွင့်ကိုတားဆီးရပ်တန်ခဲ့ သည့်အရေးတော်ပုံကြီးဖြစ်ကြောင်း၊ ဖော်ပြထားသည်။
အရေးတော်ပုံ ကြီးသည် မ.ဆ.လတစ်ပါတီ အာဏာရှင်စနစ်ကိုရပ်တန့်စေနိုင် ခဲ့သော်လည်းယခုအချိန်အထိစစ် ရိပ်စစ်ငွေကင်းသော၊တိုင်းရင်းသား များအပါအ၀င်ပြည်သူလူထုတစ်ရပ် လုံး၏လိုလားချက်တို့ကိုပုံဖော်ပေး မည့်လူထုအစိုးရကိုမဖန်တီး၊မတည် ဆောက်မတင်မြောက်နိုင်သေး သည်ကိုရိုးသားစွာဝန်ခံရမည်ဖြစ် ကြောင်းနှင့်နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ခြင်းမရှိသေး သည့်အပြင်၊ပြည်သူလူထု၏လက် တွေ့ကျသောဘ၀နေထိုင်မှုအဆင့် ဆင့်ကိုလည်းတိုးမြင့်လာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း လည်းဖော်ပြထားသည်။
ထို့ပြင်ယ နေ့အချိန်တွင်ရှစ်လေးလုံးအရေး တော်ပုံကာလအတွင်းတောင်းဆို ခဲ့ကြသည့်တောင်းဆိုချက်များထက် အလွန်လေးနက်ကျယ်ပြန့်နက်ရှိုင်း သောအမျိုးသားရေးပြဿနာများ ရှိနေသည်ကိုသဘောပေါက်နား လည်ထားကြောင်း၊စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ထွန်းမှုနှင့်အတူ၊ တိုင်းရင်းသားလူမျိုးစုအသီးသီးက မျှော်လင့်နေသော ဖဒရယ်ပြည် ထောင်စုတစ်ရပ်ဖြစ်ပေါ်လာစေ ရန်အာမခံနိုင်သည့်ဖွဲ့စည်းပုံအ ခြေခံဥပဒေတစ်ရပ်ဖြစ်အောင်ပြု ပြင်ပြောင်းလဲရန်အားလုံးပေါ်တွင် တာဝန်ရှိနေကြောင်းနှင့်ကျဆုံးခဲ့ ရသောအာဇာနည်အပေါင်းတို့ အားအလေးအနက်ဦးညွှတ်လျှက်၊ ထက်သန်သောဆန္ဒ၊စုစည်းညီညွှတ် သော အားမာန်ဖြင့်ဆက်လုပ် ဆောင်သွားကြရန် တိုက်တွန်း ကြောင်း အဆိုပါသ၀ဏ်လွှာတွင် ပါရှိသည်။
မျိုးကျော်
The hot news weekly