Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အစိုးရမှကျောင်းသားလေးတွေကိုရထားအလကား ပေးစီးလိုက်ရင်အစိုးရဲ့ဝင်ငွေကိုထိခိုက်သွားမယ်လို့ မထင်မိပါဘူး...

$
0
0
လွန်ခဲ့တဲ့ တနင်္လာနေ့က ပျင်းပျင်းရှိနေတာနဲ့ မြို့ပတ်ရထား လိုက်စီးဖြစ်တယ်.......

ပုစွန်တောင် ဘူတာရောက်တော့..... ကျောင်းသားလေး နှစ်ယောက် တက်လာတယ်..... မျက်နှာမှာ သနပ်ခါးလေးတွေ ဖွေးလို့...

မနက်စောစော ဖြစ်တာကြောင့် ရထားတွဲထဲမှာ ထိုင်ခုံတွေ လွတ်နေပေမယ့် အဲဒီကလေး နှစ်ယောက်က ထိုင်ခုံမှာ သွားမထိုင်ဘူး ကျွန်တော် မတ်တပ်ရပ် စီးနေတဲ့ တခါးပေါက်နားမှာပဲ ရပ်ပြီး လိုက်စီးကြတယ်...

ကျွန်တော် ထင်လိုက်တာက ဒီကလေးတွေ တစ်မှတ်တိုင်စာ နှစ်မှတ်တိုင်စာလောက် ဝေးတဲ့ ကျောင်းကို သွားမှာမို့ မှတ်တပ်ရပ် စီးတယ်ထင်နေတာ နောက်တော့ ဒီကလေးတွေက တော်တော် နဲ့ မဆင်းဘူး....

အဲဒါနဲ့ သူတို့ကို မေးကြည့်တယ် ဘယ်မှာ ကျောင်းသွားတက်မှာလဲဆိုတော့ မင်္ဂလာဒုံမှာ သွားတက်မှာ... ငါးတန်းကျောင်း သားတွေတဲ့...

တစ်ရက်ကို မုန့်ဖိုး ဘယ်လောက်ရလဲလို့ မေးကြည့်တော့ တစ်ရာ ရတယ်တဲ့...... အဲဒီတစ်ရာ ကို မင်းတို့ ဘာတွေ သုံးကြတုန်းဆိုတော့...... ရထား လက်မှတ် ဝယ်ရတယ်လေ ကုန်ပြီတဲ့......

ရထား လက်မှတ်လေးကို ကျွန်တော့်ကို ထုတ်ပြတယ်...

ကျွန်တော် မြောက်ဒဂုံမှာနေတုန်းက ဗိုက်ပူကားတစ်ချို့ ကျောင်းသားလေးတွေဆီက ပိုက်ဆံ မကောက်ပါဘူး... ကျောင်းသားတွေဆိုရင် တက်တက်ဆိုပြီး အလကား ပေးစီးပါတယ်...

နိုင်ငံတော် ပိုင် အစိုးရ ရထားအနေနဲ့လည်း ကျောင်းသားလေးတွေကို ရထား အလကား ပေးလိုက်ရင် အစိုးရဲ့ ဝင်ငွေကို ထိခိုက်သွားမယ် လို့ မထင်မိပါဘူး.... မသင်္ကာရင်တော့ ကျောင်းသား ကဒ်တောင်းကြည့်ပေါ့...

ကျောင်းသား တစ်ယောက်စီရ တဲ့ ရထားလက်မှတ်ခ တစ်ရာက အစိုးရအတွက် ဘာမှ မဟုတ်ပေမယ့်... အဲဒီ ကျောင်းသားလေးတွေကို ရထား အလကား ပေးစီးလိုက်ရင် တစ်ရက်တစ်ရာနှုန်းနဲ့ သုံးလလောက်ဆိုရင် သူတို့ လွယ်ထားတဲ့ ကျောပိုးအိတ် အစုတ်လေးကို အသစ်တစ်လုံးဝယ်လို့ရနိုင်ပါတယ်...

Soe Zeya Tun(Photojournalist)

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>