Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သော်လည်းသမ္မတလုပ်ရန်ဆန္ဒမရှိဟုဆို

$
0
0

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့သည် လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများ ရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပြောသည်။

“ကျွန်တော်သို့ လွတ်လာပြီးနောက် နိုင်ငံရေးပါတီ ဖွဲ့ပြီး လွှတ်တော်ထဲ ဝင်ရေး၊ မဝင်ရေးဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ အစိုးရကို တစ်ချိန်လုံးမယုံဘူး။ ဒါကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ခုအဖြစ် သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ဟာ နိုင်ငံရေးအပေါ် မျက်ခြေပြတ်မခံဘူး”ဟု ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပြောသည်။

ထို့အပြင် ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးက ၎င်းအနေဖြင့်လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်မည် မဟုတ်သည့် အပြင် ၈၈ကျောင်းသားများ အနေဖြင့်လည်း သမ္မတလောင်း အဖြစ်ပေါ်ထွက်လာမည် မဟုတ်ဟု ထင်မြင် ယူဆကြောင်း ပြောကြားသည်။

“၈၈ အဖွဲ့က သမ္မတလောင်း ထွက်ဖို့ရှိလားဆိုတော့ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။ ကျန်တဲ့ကျွန်တော့် သူငယ်ချင်းတွေမေးရင် သူတို့လည်း ဆန္ဒရှိမှာမဟုတ်ဘူး”ဟု က ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောကြားခဲ့ကြောင်း သိရသည်။

၈၈ အဖွဲ့သားများအနေဖြင့် ခေါင်းဆောင်နေရာပိုင်း ရယူရေးထက် မျိုးဆက်နိုင်ငံရေးသမားများ မွေးထုတ် ပေးနိုင်ရေး အတွက်ကိုသာ ပိုမိုအားသန်သောကြောင့် လက်ရှိအချိန်တွင် ပွင့်လင်းလူအဖွဲ့အစည်းအမည်ဖြင့် ဒီမိုကရေစီဖွံ့ဖြိုးရေး၊ လူမှုဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


မြန်မာစစ်တပ်ရဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>