“မြန်မာနိုင်ငံမှာ တိုင်းရင်း သားတွေပြန်လည်သင့်မြတ်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်း တစ်ခုဖြစ်ပါတယ်။ အများကြီး လည်း မျှော်လင့်ထားပါတယ်။ လက်နက်ကိုင်တွေကို အင်အား သုံးဖြေရှင်းမယ့်အစား ညှိနှိုင်းဖြေ ရှင်းတာကောင်းပါတယ်။ ပဋိပက္ခ တွေကိုအရှိကိုအရှိအတိုင်းသုံးသပ် မယ်။ ၂၅နှစ်ကျော် အတွေ့အကြုံ တွေကိုတိုင်းပြည်အတွက်ပေးဆပ် သွားမယ်”” ဟု (ABSDF) မှ ဥက္ကဋ္ဌရဲဘော်သံခဲက ပြောသည်။
““ဒီနေ့ဒီမိုကရေစီရပါဦးမ လားဆိုတာနဲ့ ပတ်သက်ပြီး ပြော ရမယ်ဆိုရင် ဒီမိုကရေစီဆိတ်သုဉ်း နေလို့ တိုင်းရင်းသားတန်းတူအ ရေးအတွေ ဆိတ်သုဉ်းနေတာပါ။ ဒီမိုကရေစီကို အာမခံနိုင်တဲ့ လူ့ အခွင့်အရေးကို အာမခံနိုင်တဲ့၊ တိုင်းရင်းသားအခွင့်အရေးကို အာမခံနိုင်တဲ့ နိုင်ငံရေးအရဥပဒေ ပြင်ဆင်နိုင်ဖို့ကာလလို့ပဲကျွန်တော် ယူဆပါတယ်””
““နောက်တစ်ခုက ယနေ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ မြန်မာပြည် ထဲမှာ ဘာတွေလုပ်နေတယ်။ အဓိကကတော့ နိုင်ငံရေးဖြစ်စဉ် မှာ ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တစ်ဦးတစ်ယောက်တည်း၊ လူတစ်စုပဲ လုပ်လို့မရဘူး။ အဲဒီ အတွက် ကျွန်တော်တို့(ABSDF) အဖွဲ့က ဒီခရီးစဉ်တစ်လျှောက်မှာ လိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အတတ်နိုင်ဆုံး ဒီမိုကရေစီအရေးတွေ ဆွဲထုတ် မယ်။ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဒီမိုကရေစီအရေးတွေ ပြည့်ဝလာ အောင် တိုင်းရင်းသားအခွင့် အရေးတွေ ပြည့်ဝလာရေးအ တွက်လည်း ဆက်လက်ကြိုးပမ်း ရဦးမယ်လို့ ယူဆပါတယ်။ ဒီ အတွက် အကောင်းဆုံးညှိနှိုင်း ဖြေရှင်းဖို့အတွက် အကောင်းဆုံး ကြိုးစားရမယ်လို့ ထင်ပါတယ်””
““နောက်တစ်ခုက ပဋိပက္ခ တွေ ဖြေရှင်းနိုင်ဖို့အတွက် ချုပ် ငြိမ်းနိုင်ဖို့အတွက်ဆိုရင် လက်ရှိ တာဝန်ရှိနေတဲ့ အဖွဲ့အစည်း ဘက်က တာဝန်ရှိတယ်လို့ ယူဆ ပါတယ်။ အဓိကကတော့ နိုင်ငံ ရေးအာမခံချက်ရှိတဲ့ လက်တွေ့ ကျကျ အာမခံချက်ရှိတဲ့ တာဝန် ယူမှုတာဝန်ခံမှုတွေနဲ့အတူ ဆက် လက်ပြီး ချီတက်ကြမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်မယ်လို့ ထင်ပါတယ်””
““ကျွန်တော်တိုABရဲ့ သဘောထားက စစ်အာဏာရှင် လက်အောက်က လွတ်မြောက် ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း ရေး။ယနေ့တိုင်းပြည်တည်ထောင် တဲ့နေရာမှာ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ဘုံသဘောတူညီ ချက်ကို ယူရတယ်။ အားလုံးရဲ့ သဘောတူမှုနဲ့ ဖက်ဒရယ်ပြည် ထောင်စုစနစ်ဆီကိုသွားရလိမ့်မယ် လို့ပဲပြောချင်ပါတယ်။အဲဒီလိုသွား တဲ့အခါမှာ အခက်အခဲအကျပ် အတည်းတွေလည်းရှိတယ်။ ဒါ တွေကို ကျော်ဖြတ်ပြီး နိုင်ငံတော် တည်ဆောက်ရေးကို သွားရမယ် လို့ပဲ ပြောချင်ပါတယ်။ ဒီအတွက် နဲ့ ကျွန်တော်တို့ကျောင်းသားတွေ ပေးဆပ်ခဲ့တာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်”” ဟု ကိုသံခဲက ဆိုပါသည်။
စိုးဝင်းနိုင်
The hot news weekly