Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာလီဘန်များ မြန်မာနိုင်ငံတွင် စစ်စခန်းဖွင့်

$
0
0
(16 Aug 2013 ရက်စွဲပါ hdnews24.com မှ Taliban opens camp in Myanmar ကို ဘာသာပြန်ဆိုသည်)

Urdu ဘာသာဖြင့်ဖ်ာပြသော အင်တာနက်ဖိုရမ်တစ်ခုတွင် နှစ်ဒါဇင် ကျော်ကျော် အလွန်ကောင်းမွန်သော ပုံများဖြင့် တာလီဘန်များသည် မြန်မာနိုင်ငံရှိ အမည်မဖော်လိုသော စခန်းတစ်ခုတွင် ရိုဟင်ဂျာ မူဆလင်များ၊ ဘင်္ဂလားဒေ့ရှ်များ၊ အင်ဒို နီးရှားလူမျိုးများကို စုဆောင်း၍ အောင်မြင်စွာ လေ့ကျင့်သင်ကြားမှုများ ပေးလျက်ရှိသည်ဟု Asia News International (ANI) က ပြောကြားခဲ့ပါသည်။

အဆိုပါ ပုံများကို Urdu ဘာသာစာများဖြင့် ‘Bab-e-Islam Jihadi Internet Forum’တွင် ဖော်ပြထားသည်ကို ဇူလိုင် လ ၁၂ ရက်နေ့က ဖေ့စ်ဘုတ်တွင် တွေ့ရှိရသည်ဟု ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူဖြစ်သော အရှေ့အလယ် ပိုင်းမီဒီယာသုတေသန အင်စတီကျူ (MEMRI)၏ Jihad and Terrorism Threat Monitor(JTTM)၏ အဆိုအရ သိရှိရပါသည်။

အဆိုပါ အင်စတီကျူသည် ဆိုရှယ်မီဒီယာများတွင် ရယ်ဒီကယ်အစ္စလာမ် မီဒီယာနှင့် ကွန်ရက်များဖြင့် ၎င်းတို့၏ ဘာသာဖြင့် ဝါဒဖြန့်မှုများကို စောင့်ကြည့်၍ ဘာသာပြန်မှုများကို အထူးပြုလေ့လာပါသည်။

Bab-e-Islam Internat ဖိုရမ်တွင် မြန်မာနိုင်ငံ၌ယူနီဖောင်း ဝတ်ထားသူများအား စစ်သင်တန်းပေးနေသည့် ဓါတ်ပုံကို ဖော်ပြထားပြီး နေရာအတိအကျကိုမူ ဖော်ပြမထားပါ။

Arrahmah.com ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသောပုံတွင် သင်တန်းသားများ ဘုရားရှိခိုးနေသည့်ပုံကို ဖော်ပြထား ပါသည်။

အခြားပုံများတွင် လေ့ကျင့်သင်ကြားပေးကြသော တာလီဘန် အဆင့်မြင့်အရာရှိများ၏ မျက်နှာကိုမူဖျက်၍ ဖော်ပြ ထားပါသည်။

JTTM ကဓါတ်ပုံနှင့် တွဲလျက်ပါသောစာအားဘာသာပြန်ခဲ့ရာ “ဤဂျီဟတ်တပ်ဖွဲ့သစ်သည် မြန်မာနိုင်ငံသို့ တပ်မှူးများ ဖြစ်သော Abu Sufiya နှင့် Abu Arif တို့၏ ဦးဆောင်မှုဖြင့် ဝင်ရောက်ခဲ့ပြီ” ဟု ဖော်ပြထားသည်ဟု ဆိုပါသည်။

ပုံတွင် ဖော်ပြထားသောစာများတွင် အဆိုပါစုဆောင်းထားသော အဖွဲ့သစ်သည် မြန်မာစစ်တပ်မှ ယာဉ်နှစ်စီးဖျက်ဆီး ၍ စစ်သား ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါစာများတွင်ပင်ထိုတပ်ဖွဲ့သစ်သည်မူဆလင်များအားသတ်ဖြတ်ခဲ့ခြင်းကို လက်စားချေသည့်အနေဖြင့်ဘုန်းကြီး တစ်ပါး အပါအ၀င် ဗုဒ္ဓဘာသာသုံးဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ မူဆလင်ရိုဟင်ဂျာအရေးကိစ္စသည် နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းကို နေရာယူခဲ့သည်မှာ လွန်ခဲ့ သော နှစ်ကတည်းကဖြစ်ပြီး အများစု ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်မှုဒဏ်ကို ခံစားကြရပါသည်။

တိုင်းရင်းသားရိုဟင်ဂျာ မူဆလင်များ ရာနှင့်ချီ၍ သတ်ဖြတ်ခံရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

ဖော်ပြထားသော ဓါတ်ပုံများတွင် လူ ၁၀၀ မှ ၂၀၀ ခန့်ထိ သေနတ်ပစ် လေ့ကျင့်နေပုံများ ပါဝင်ပါသည်။

ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူက ပြောကြားရာတွင် Ansarullah jihadi ဖိုရမ်၏ အာရပ်ဘာသာဖြင့် ဖော်ပြမှုများကို Bab-e-Islam ဖိုရမ်မှ တစ်ဆင့် အဓိက လုပ်ဆောင်သည်ဟု ဆိုပါသည်။

Yangonchronicle

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>