မြန်မာအစိုးရသည် ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်ကတိပေးထားခြင်းကို အပြည့်အဝလုပ်ဆောင်နိုင်ဖွယ်မရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို လေ့လာနေသာ ကော်မတီဝင်တစ်ဦးက စနေနေ့တွင်ပြောကြားသည်။
“နိုင်ငံရေးအကျဉ်းသားအရေအတွက်က ကျဆင်းလာပေမယ့် သုညဖြစ်သွားမှာတော့ မပာုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ပိုပြီးတော့ ဖမ်းဆီးထိန်းသိမ်းနေကြလို့ပဲဖြစ်ပါတယ်”ပာု ပြောကြားသူမှာ အစိုးရတာဝန်ပေးထားသော ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုဘိုကြည်ဖြစ်ပါသည်။
ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဖြစ်ကြောင်း ဇူလိုင်လ ဗြိတိန်နိုင်ငံခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ခြင်းဖြစ်သည်။
အကြီးအကဲပောာင်း ဦးသန်းရွှေ၏ ယုံကြည်စိတ်ချခြင်းခံရသူ သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားမြောက်များစွာကို အကြိမ်ရေခွဲ၍ တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးခဲ့သည့်အပြင် အခြားနိုင်ငံရေးပြုပြင်ပြောင်းလဲမှု များစွာကိုလည်း ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော ဝိရောဓိအခြေအနေများ၊ သဘောကွဲလွဲမှုများကြောင့် သမ္မတ၏ ကတိကဝတ်အပေါ် သံသယများထွက်ပေါ်လာစေသည်။
“နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်စစ်စစ်ကို သတ်မှတ်ဖို့လိုအပ်ပါတယ်”ပာု ကော်မတီဝင်တစ်ဦးဖြစ်သူ ကျောင်းသားခေါင်းဆောင်ပောာင်း ကိုကိုကြီးက ပြောကြားသည်။“ဒီလိုသာမလုပ်ရင် ဒီနှစ်ကုန်သွားပြီးရင်လည်း သံတိုင်တွေနောက်မှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေဦးမှာပဲ”ပာု ၎င်းက ဆိုပါသည်။
အထင်ရှားဆုံးသာဓကမှာ အငြင်းပွားဖွယ် တရုတ်ကြေးနီမိုင်းစီမံကိန်းကို ဆန္ဒပြခဲ့သူ နော်အုံးလှကို တည်ဆဲဥပဒေများဖြင့် အရေးယူကာ ယခုသီတင်းပတ်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည့် ဖြစ်ရပ်ပင်ဖြစ်သည်။
ထောင်ကျနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှာလားဆိုသည့် ကိစ္စသည်လည်း သံသယပွားစရာများရှိနေသည်။
“လောလောဆယ်မှာတော့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအကျဉ်းသားအရေအတွက် ၁၀၀ တောင်မပြည့်တဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ ဒါပာာတကယ်ကို ကြီးကြီးမားမား အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်လို့ ကျွန်တော်တို့ရှုမြင်ပါတယ်။ ဒါပေမယ့်လည်း လုပ်စရာတွေအများကြီး ကျန်နေတယ်လို့ဆိုတာကို ကျွန်တော်တို့ ခေါင်းထဲမှာ ထည့်ထားရပါလိမ့်မယ်”ပာု ကိုကိုကြီးက ဆက်လက်ပြောကြားသည်။
“အစိုးရယန္တယားဆိုတာ ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်ဖို့လိုတယ်။ ပြည်သူတွေ စံပြုထိုက်တဲ့ ဂုဏ်သိက္ခာမျိုးရှိဖို့လိုတယ်။ ဒီအခြေအနေမှာ ဒီလောက်တော့ရှိမှာပေါ့ဆိုတဲ့ ခြွင်းချက်မျိုးထားလို့မရဘူး။ အစိုးရက ရှေ့ကစံပြဦးဆောင်ပြီး ပြည်သူတွေက နောက်ကလိုက်လာမှသာ အနာဂါတ်ကာလမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”ပာု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးဝေဖန်ပြောဆိုထားသည်။
Yangon chronicle