(5 Sep 2013 ရက်စွဲပါ Global Post မှ Alexander Besant ရေးသားသော US consider imo reared military tier to Myanmar ကိုဘာသာပြန်ဆိုသည်)
အမေရိကန်သမ္မတ ဘားရက်အိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပြီးနောက် စစ်တပ်အပေါ်ကူညီမှုများ ပြန်လည်စတင်ရန်စဉ်းစားနေပါသည်။ အချို့ဥပဒေပြုအမတ်များကမှု မကျေနပ်ကြပေ။
အမေရိကန်သည် မြန်မာနိုင်ငံဆန္ဒပြသူများအပေါ် အစိုးရက ပြင်းထန်စွာနှိပ်ကွပ်မှုကြောင့် လွန်ခဲ့သော ၂၅ နှစ်ကတည်းက ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဖြတ်တောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုများလည်း ပိတ်ပင်ခဲ့ရာ၊ မြန်မာနိုင်ငံသည် စစ်တပ်ဆိုင်ရာ ဖြည့်ဆည်းမှုများအတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ထံ ဦးလှည့်ခဲ့ရပါသည်။
AP သတင်းဌာနက ပြောကြားရာတွင် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်က မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် လုပ်ဆောင်သော နောက်ဆုံးအချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်မှ အမတ်တစ်ချို့က မြန်မာစစ်တပ်၏ လူနည်းစုအုပ်စုများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံနိုင်မည့် အလားအလာများနှင့် အစိုးရ ဖွဲ့စည်းပုံတွင် အာဏာဆက်လက်ဆုပ်ကိုင်ထားမှုအတွက် စိတ်ပျက်လျက်ရှိနေဆဲ ဖြစ်ပါသည်ဟု APက ပြောပါသည်။
အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ဘရူးနိုင်းမှ ကွန်ဖရင့်တစ်ခုတွင် အမေရိကန်ကာကွယ်ရေး ၀န်ကြီး Chuck Hangelနှင့် မြန်မာနိုင်ငံမှ ဒုတိယဗိုလ်မှူးချုပ်ကြီး ဝေလွင်တို့ တွေ့ဆုံခဲ့ပါသည်။
၎င်းမှာ ဆယ်စုနှစ်နှစ်ခုအတွင်းအမေရိကန်-မြန်မာကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်ဟု AP က ပြောပါသည်။
မြန်မာနိုင်ငံ၏ အရပ်သားစစ်သား စပ်ကြားအစိုးရတွင် စစ်တပ်ချင်းဆက်ဆံရေး ထူထောင်မှုသည် အရေးပါသည်ဟု အမေရိကန်က မျှော်လင့်လျက်ရှိပါသည်။
အမေရိကန်သည် မြန်မာနိုင်ငံအပေါ် တရုတ်ချုပ်ကိုင်မှုလျော့ကျလာချိန်တွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဆန္ဒရှိနေလိမ့်မည် ဖြစ်ပါသည်။
Yangon chronicle