Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ပထမပစ်မှတ်NLDအမတ် ဦးဝင်းထိန်”

$
0
0
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ္တီလာမြို့ခံ တစ်ချို့ အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ သိပ်မကြာသေးမီက ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ဦးဝင်းထိန် ပြောဆိုခဲ့တာမှာ ရှုတ်ရှုတ်ထွေးထွေး ဘာမှ မပါပါဘူး။ ည ၁၀း၀၀ နာရီကျော်ရင် လမ်းပေါ်မထွက်ရဆိုတဲ့ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်း ထုတ်ထားတာ ည ၁၀း၃၀ တိုင်အောင် အဲဒီ လူစု ဘာကြောင့် လမ်းပေါ်မှာ ရှိနေခဲ့ရသလဲ၊ နောက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဒုဝန်ကြီး ပြောသလို ရဲလုံခြုံရေးတွေ အလုံအလောက် ချထားတယ် ၊ လူအုပ်ကြီးကို လူစုခွဲပါလို့ ပြောတယ် ဆိုပါလျက်နဲ့ လူအုပ်ကြီးက မစ္စတာကင်တားနား ကား အနားကို ဘာကြောင့် ချဉ်းကပ် ကားမှန်ကို ထုနိုင်ရတာလဲ။ အဲဒါတွေကို မေးခွန်းထုတ်ပြီး အမှန်တွေကို ပြောခဲ့တာပါ။ ဒီအတွက် ဘာကြောင့် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ဆန့်ကျင်ရေး ပေါ်ပေါက်လာရသလဲ၊ ဘာသာရေး ခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေရဲ့ နောက်ကွယ်က ဇာတိရုပ် ပေါ်လာပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂိုလ်တွေကို စော်ကားပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။

အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။

တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။

ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ ဒီအတွက် အဲဒီ နောက်ကွယ်က အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူးသူတွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့တာ လုပ်ပါတယ်။ ဒါ့အပြင် အခြား အကြမ်းဖက်မှုတွေထဲလည်း ထဲထဲဝင်ဝင် မပါဝင်ပါဘူးလို့ မပြောနိုင်ပါဘူး။ တစ်ဖက်မှာတော့ အဲဒါတွေကို ဝေဖန်၊ ထောက်ပြ ပြောဆိုရဲသူ မရှိတော့ဘူး ဆိုပြန်ရင်လည်း အမုန်းတရားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်၊ ပြသနာ တစ်ခု ပေါ်လာတာနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေ ရဲရဲတင်းတင်း ပြုလုပ်နိုင်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပစ်မှတ်ဟာ အဲဒီ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေဘက်က စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ရင်း ပြည်သူလူထုကြီးရဲ့ ယုံကြည်ကိုးစားမှု၊ လေးစားထောက်ခံမှုကို အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ တိုးတက်တဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ မစ္စတာ ကင်တားနား လာချိန် ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ ကာဖျူးချိန် ၁၀ နာရီ ကျော်သည်အထိ လမ်းပေါ်ကနေ ထွက်ခွာမသွားပဲ စုရုံးနေကြတာဟာ အတော် သတ္တိကောင်းတယ် လို့ ယူဆ စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် ဦးဝင်းထိန်ကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက် မရတဲ့ အခါမှာတော့ ဆန္ဒပြမယ့် အစီအစဉ်ကို အလွယ်တကူ ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ကာဖျူးကို ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့ ကွာခြားနေတာ တွေ့ရပြန်ပါတယ်။ ရန်ကုန်မှာ ပုဒ်မ ၁၈ ကို တခြိမ်းခြိမ်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေချိန် အဲဒီ ပုဂိုလ်တွေက ခွင့်ပြုချက် မရတာနဲ့ အသာတကြည် နောက်ဆုတ်သွားသူတွေပါ။ အဲလို လူတစ်ချို့ဟာ အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ည အချိန်မတော် လူစုရဲနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့်မဟုတ်ရင် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

အခုတော့ ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသူ မစ္စတာ ကင်တားနား ကိစ္စ အမှန်အတိုင်း ဝေဖန်ပြောဆိုလိုက်တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံးပစ်မှတ် ဖြစ်သွားပါပြီ။ ဒီလိုနည်းနဲ့ အမုန်းတရားတွေ ဆက်ဖြန့်ဖြူး၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်အောင် ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်၊ ဒီအခါ ဒါကို ဝေဖန် ထောက်ပြကြသူတွေဟာ ဦးဝင်းထိန်နည်းတူ ဒုတိယ တတိယ ပစ်မှတ်တွေ ထပ် ထပ်ပြီး ပေါ်ပေါက်လာဦးမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
The Yangon Times Daily

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>