Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံတွင်မြေဈေးများ တက်လာမှုကြောင့် ဆင်းရဲသူများကို လမ်းဘေးသို့ရောက်သွားစေသည်

$
0
0
Hard life: A woman feeding her baby in their bamboo house built in the compound of a Buddhist monastery in a suburb of Myanmar’s former capital Yangon. — AFP
Hard life: A woman feeding her baby in their bamboo house built in the compound of a Buddhist monastery in a suburb of Myanmar’s former capital Yangon. — AFP
(11 Sep 2013 ရက်စွဲပါ The Star Online မှ Soaring Land Prices Push Myanmar’s poor into streets ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ငှားရမ်းခများ ဈေးတက်လာသောကြောင့်၊ ဆင်းရဲသော မိသားစုရာပေါင်းများစွာကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးရပြီး၊ လမ်းဘေးတွင်း သနားစရာ ကောင်းသော ဘဝသို့ ရောက်ကြဖွယ်ရှိပါသည်။

၂၀၁၁ ခုနှစ်တွင် အမည်ခံအရပ်သားအစိုးရအာဏာရပြီးကတည်းက လုပ်ဆောင်လာသော နိုင်ငံရေးအရ အသွင်းပြောင်းမှုများကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းလာကြပြီး နောက်ဆုံး ပေါ်ထွက်လာသော ဈေးကွက်အဖြစ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့ပါသည်။

သို့သော် အဆိုပါ ပြောင်းလဲမှုများသည် ရန်ကုန်တွင် တက်ဈေးကိုမျှော်၍ ရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာ စေခြင်းကြောင့် ဆင်းရဲသူများ အိမ်မဲ့ယာမဲ့ဖြစ်စေရန် တွန်းအားပေးနေသည့်သဖွယ် ဖြစ်လာပါသည်။

“မိသားစု အတော်များများက သူတို့ နေစရာမရှိတော့ဘူး၊ စားစရာလည်း မရှိဘူးလို့ အကူအညီတောင်း နေကြပါတယ်။” ဟု အသက် (၆၁) နှစ်ရှိ ဒေါ်ခင်ဆန်းဦးက ဆိုပါသည်။ ဒေါ်ခင်ဆန်းဦးသည် ရန်ကုန်မြို့ ဆင်းရဲ သော ဆင်ခြေဖုံးရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုအတွင်းမှ အိမ်မဲ့ယာမဲ့များအတွက် ယာယီအိမ်ကူညီပေး နေရသော ဌာနမှ မန်နေဂျာတစ်ဦးဖြစ်ပါသည်။

ဆရာတော် ဦးဥတ္တမစာရ သည် သူ၏ ‘သဘာဝ’ အမည်ရဧက (၃၀) ကျယ်သော ဘုန်းကြီးကျောင်း ဝင်းအတွင်း လွန်ခဲ့သည့် (၁၆) လမှစ၍ အိုးမဲ့အိမ်မဲ့များအတွက် နေရာပေးခဲ့ရာ သတင်းမှာ ပြန့်နှံ့သွားခဲ့ပြီး ရန်ကုန်နှင့် အနီးတဝိုက်ဒေသမှ ဆင်းရဲသော မိသားစုများကို များစွာ ဆွဲဆောင်ခဲ့ပါသည်။

‘သဘာဝ’ ကျောင်းတိုက်သည် ရန်ကုန်မြို့လယ်မှ တစ်နာရီသာသာသွားရသော နေရာတွင်ရှိပြီး တဲငယ် လေးများ ဆောက်လုပ်နေထိုင်သော မိသားစု (၂၄၀၀) ကျော်ကျော် ရှိနေပြီဖြစ်ပါသည်။

အိမ်ဆောင်ရန် မတက်နိုင်သည့် ရာပေါင်းများစွာသည် တရားအားထုတ်သူများနေထိုင်ရန် ထားရှိသော ဝါးတဲတန်းကြီးတန်းတွင် နေထိုင်ကြပါသည်။

အိမ်ခြံမြေအကျိုးဆောင်များထံမှ ရရှိသော ကိန်းဂဏန်းများအရ ရန်ကုန်တွင် တိုက်ခန်းငယ်လေးတစ်ခု ငှားရမ်းခမှာ ယခုနှစ်တွင် ၂၅% တက်လာပြီး၊ ရောင်းဝယ်သည့် ဈေးနှုန်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကထက် နှစ်ဆ၊ သုံးဆခန့် မြင့်တက်လာသည်ဟု ဆိုပါသည်။

အသက် (၅၇) နှစ်ရှိ ဒေါ်တင်တင်ဝင်းသည် သူ့သမီး၊ သား၊ မြေးနှစ်ဦး၊ ခင်ပွန်း နှင့်အတူ ‘သဘာဝ’ ကျောင်းဝင်းအတွင်းသို့ လာရောက်နေထိုင်ရပါသည်။ ၎င်းတို့ အငှားနေထိုင်သော အခန်းက ခြောက်လစာ ကြိုတင်လစာငွေ တောင်းခံခြင်းကြောင့် မမေးနိုင်တော့ခြင်းကြောင့်ဟု ဆိုပါသည်။

“အခန်းငှားခက ခဏခဏ ဈေးတက်နေပါတယ်။ ဒါ့ကြောင့် မငှားနိုင်တော့ပဲ ဒီကို ပြောင်းလာရတာပါ” ဟု ၎င်းကဆိုပါသည်။ ဤ နေရာတွင် လုံခြုံသည်ဟု ခံစားရသော်လည်း နေရာသစ်တွင် ပြည့်ကြပ်နေ၍ မသက်သာဟု ဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး၏ ဒေါက်တိုင်အဖြစ် ဆင်းရဲမွဲတေမှုနှုန်းကို လျော့ချရန် လုပ်ကိုင်လျက်ရှိပါသည်။ ယခင် စစ်အစိုးရသည် ဆယ်စုနှစ်များစွာက အုပ်ချုပ်ခဲ့ရာ အကျင့်ပျက်ခြစားမှုများသာ ရှိပြီး တိုင်းပြည်ကို ဒုက္ခမရောက်အောင် အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ပါသည်။

သို့သော် ဆင်းရဲမွဲတေမှုနှုန်းလျော့ချရေးရည်မှန်းချက်မှာ အလှမ်းဝေးလျက် ရှိနေပါသေးသည်။

“အခုတော့ ရန်ကုန်က မြေဈေးဟာ သိပ်ဈေးကြီးတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိကုန်ကြပြီ” ဟု မဏ္ဍိုင် အိမ် ခြံ မြေ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောပါသည်။

မိသားစုများသည် အိမ်ငှားခဈေးကြီးမြင့်မှုကြောင့် မြို့ပြင်သို့ ထွက်ကြရသည်ဟု ၎င်းက ပြောခဲ့ပြီး၊ အိမ် ခြံ မြေ ဈေးကွက်တည်ငြိမ်ရန် တိုက်တွန်းခဲ့ပါသည်။

ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများသည် အသစ်ရောက်လာသူများကို နှင်ထုတ်ရန် မစွမ်းသာကြ ပေ။ သို့သော် ဝန်ထမ်းများက ပြောကြားရာတွင် ယခုအခါ မြေနေရာများမှာ ပြည့်သွားပြီ ဖြစ်ကြောင်း၊ ထပ်မံလိုအပ်ချက်များးကြောင့် ဘုန်းတော်ကြီးများသည် မြေနေရာလှူမည့်သူများကို ရှာဖွေနေရကြောင်း ပြောပါသည်။

“ကျွန်မ အမျိုးသားက လွန်ခဲ့တဲ့ နှစ်နှစ်က လေဖြတ်ခံထားရပါတယ်။အဲဒီနောက်မှာ ကျွန်မတို့ စားစရာ မရှိတော့ပါဘူး။” ဟု ဒေါ်မြင့်နွယ် ကပြောပါသည်။ ၎င်းမှာ ကလေး ငါးဦးမိခင်ဖြစ်ပြီး၊ ဤကျောင်းသို့ရောက်လာ ရပုံကို ရှင်းပြပါသည်။

သူသည် သစ်သီးရောင်း၍ ကလေးများ စားသောက်ရန်နှင့် ယောက်ျားအတွက် ဆေးဖိုးရှာဖွေရပြီး၊ ကျောင်းဝင်း အတွင်း အခြားနေထိုင်သူများကဲ့သို့ပင် ယခင်ဘဝသို့ပြန်နေရန် လမ်းမမြင်တော့ဟု ဆိုရပေတော့မည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>