Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြင်ဆင်ရေးအတွက် အမျိုးသားညီလာခံကျင်းပသင့်

$
0
0
စက်တင်ဘာလ ၁၂ ရက်၌ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ရုံး ၌ကျင်းပသော၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့်ဟောပြောပွဲ တွင်အခြေခံဥပဒေအား ပြန်လည်ရေးဆွဲရန်အတွက် အခြေခံဥပဒေကို အတည်ပြုခဲ့သော ညီလာခံကဲ့သို့ င်္ညီလာခံမျိုး ကျင်းပရန် ပြင်ဆင်သင့်ကြောင်း ၈၈မှ ဦးမင်းဇေယျာ ကပြောသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၅နှစ် နီးပါးရေးဆွဲထားသော်လည်း ပြည်သူများအတွက် ဒီမိုကရေစီ နိုင်ငံတစ်ခု ထွက်ပေါ်ရန် စစ်မှန်သော ညီလာခံ ကျင်းပ၍ ရေးဆွဲခြင်းမဟုတ်ကြောင်း ၄င်းက ပြောကြားသည်။

စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဝါဆောတက္ကသိုလ် တွင် ပြုလုပ်သော နိုင်ငံရေးနှင့် ပညာရေး ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့ သူတစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန်သော ရွေးချယ်မှု တစ်ခုမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကို မေးမြန်းရာတွင် ယင်းပဋိပက္ခများကို ၄င်းတစ်ဦးတည်းဖြေရှင်း၍ မရနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး စနစ်တကျ တည်ဆောက်ရန် အရေးကြီးကြောင်း၊ ၉၆၉ လှုပ်ရှားမှုကို စိုးရိမ် စောင့်ကြည့်သူများလည်း ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

စက်တင်ဘာလ ၉ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တော်ခန်းမတွင် သူရဦးရွှေမန်းသည် တိုင်းဒေသကြီးလွတ်တော်အမတ်များ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် န.အ.ဖ အစိုးရက နောင်တက်လာမည့် အစိုးရအဖွဲ့ကို အာဏာ လွဲပြောင်းပေးရန် ဖြစ်ပြီး မရေးဆွဲနိုင်လျှင် အာဏာရေးဆွဲပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တစ်ဖက်သတ် ရေးဆွဲသည့် ပုံစံဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်ပြောကြားသော်လည်း ယင်းဥပဒေ မရှိလျှင် အရပ်သားအစိုးရ ပေါ်လာမည်မဟုတ်ဟု ပြောကြားခြင်းများရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့်တိုင်အောင် စစ်ရေးအရ အမြင်မရှိသည့် အတွက် သမ္မတမဖြစ်နိုင်ကြောင်း၊ စစ်ရေးအမြင်ရှိသည့် သူသာ သမ္မတ ဆက်ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Yangonchronicle

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>