Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံတော်သမ္မတနှင့် ၈၈မျိုးဆက်တို့ တွေ့ဆုံ

$
0
0
၈၈မျိုးဆက်တို့ သည်၂၀၁၂ခုနှစ်၊ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်း သက်သာခွင့် အမိန့်အရအကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတော် အဆင့် တာဝန်ရှိသူများနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းကောင်း၊လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်းကောင်း
 တွေ့ဆုံဆွေးနွေးမှုများ ပြလုပ်ခဲ့သည်။

ယနေ့တွင်မူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏ လယ်တောအိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မင်းနှင့်မနီလာသိန်းတို့ရောက်ရှိလာခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင်ရောက်နှင့်နေကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိမ်း၊ဦးအောင်မင်း၊ဦးတင်နိုင်သိန်း၊ဦးအုန်းမြင့်နှင့်ဦးခင်ရီတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရောက်ရှိလာသောအခါတွင် တစ်ဦးချင်းကို ရင်းနှီးဖော်ရွေစွာ လိုက်လံနှုတ်ဆက်သည်။

ဆွေးနွေးပွဲစတင်သောအခါတွင် ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်က အရင်နားထောင်ချင်ပါတယ်ဟုဆိုသဖြင့် မင်းကိုနိုင်မှစ၍ ၈၈မျိုးဆက်တို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတကြီးကလည်းအစိုးရအဖွဲ့အနေဖြင့်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နီုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကိုပါ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့ အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် - အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး။ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး။ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ အစရှိသည်များကို ပူးပေါင်းဖြေရှင်းသွားရေး။ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးဖြင့် ရင်ဆိုင်ဖြေရှင်းရေး။ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေဖို့ ဝိုင်းဝန်းကြိုးပမ်းရေး …. စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

နေ့လည် ၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည် ညနေ ၄း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

မူရင်း The 88 Generation Peace and Open Society

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>