Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မထင်ဘဲနင်းလိုက်ရသောအောင်မြေများနှင့် မမျှော်လင့်ဘဲ လှူခဲ့ရသော လှူဒါန်းမှုများ

$
0
0

မထင်ဘဲနင်းလိုက်ရသောအောင်မြေများနှင့် မမျှော်လင့်ဘဲ လှူခဲ့ရသော လှူဒါန်းမှုများ

ဗြဟ္မစိုရ်ခြေလှမ်းများအဖြင့် အထက်မြန်မာပြည် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနယ်မြေများသို့ ၁၅.၉. ၂ဝ၁၃ ရက်နေ့မှ စတင်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်ခရီးလမ်းကြောင်းများ၌ မမျှော် လင့်/မထင်မှတ်သော ဖြစ်ရပ်များရှိခဲ့သည်။

ခြေလှမ်းများစတင်ခဲ့သည့် မန္တလေးမြို့သို့ ၁၅.၉.၂ဝ၁၃ ရက်နေ့တွင် မန္တလေး တောင်စလင်း ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နိုင်ငံတော်အစိုးရမှ ချမှတ်ခဲ့သော အရပ်ဖက်လူ့အဖွဲ့အစည်း ဥပဒေ ကြမ်းအား ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် အသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ ၏ ဘုံသဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ခဲ့သော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ကျော်တို့အား တောင်စလင်းကျောင်းတိုက်တွင်း၌ မန္တလေး ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့မှ တက်ရောက် ပြောကြားခဲ့သည်။

၁၆.၉.၂ဝ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းကွဲကျေးရွာရှိ “စေတနာမွန်” နာရေးကူညီမှု အသင်း၏ ရုံးခန်းဖွင့်ပွဲသို့ သွားရောက်ရာတွင် စစ်ကိုင်းတိုင်းတွင် ရေဘေးဒုက္ခကြုံတွေ့နေရသော ရပ် ကွက်အချို့အား တွေ့မြင်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်သို့ ကျပ်ဆယ်သိန်း တန်ဖိုး ရှိ ဆန်အိတ်များအား မမျှော်လင့်ဘဲ လှူဒါန်းခဲ့သည်။ ရွာ၏အနောက်ဖက်ခြမ်းတွင် မူးမြစ်အား နောက်ခံ ထား၍ တည်ရှိသော ဒီပဲယင်းကွဲရွာ၏ “စေတနာမွန်” နာရေးကူညီမှုအသင်း ရုံးဖွင့်ပွဲသို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ တက်ရောက်ဖွင့်လှစ်ခဲ့၍ အမှာစကားပြောကြားပြီး အလှူရှင်တို့ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ကျီကျင်းကျေးရွာရှိ လူမှုရေးအသင်းအဖွဲ့ (၂၅) ဖွဲ့ တို့အား တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ စာပေဟောပြောပွဲသို့ ဆက်လက်ထွက်ခွာခဲ့ရာ လမ်းခရီးတွင် မထင်မှတ်ဘဲ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အောင်မြေအစစ်အမှန်ဖြစ်သော မြေနေရာ အား ခြေချခွင့်ရခဲ့သည်။ ဇီးကုန်းမြို့တွင် ည (၇း၃၀) နာရီအချိန်တွင် ဦးကျော်သူနှင့်အတူ စာရေးဆရာ နေ၀င်းမြင့်၊ စာရေးဆရာမ ခင်ခင်ထူးတို့ဇနီးမောင်နှံသည် ဇီးကုန်းမြို့သူ/သားများသို့ စာပေရေးရာဆိုင် ရာ အသိပညာများအား ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဦးကျော်သူမှ စင်မြင့်ထက်မှနေ၍ ပရိသတ်အား ကျော်သူ သရုပ်ဆောင်ပြန်လည် လုပ်စေချင်လိုသည့် ဆန္ဒ ရှိ/မရှိအား သဘောထား တောင်းခံခဲ့ရာ ဇီးကုန်းမြို့ ပရိသတ်များအားလုံးသည် ပြန်လည်ရိုက်ကူးပါရန် တခဲနက် သဘောထား ပေးခဲ့သည်။ ထိုအခါ ဦးကျော်သူမှ ပရိသတ်တို့အား “ကျွန်တော်ရဲ့ ခံစားချက် အစစ်အမှန်အားလုံးကို သိနားလည်နေသည့် ဆရာနေ၀င်းမြင့်တို့ ဇနီးမောင်နှံတို့ တာဝန်ယူ၍ ဇာတ်လမ်းစဉ် ရေးသားပေးပါက မိမိကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်အဖြစ် လုပ်ဆောင်ပါမည်” ဟု ပရိသတ်များရှေ့မှောက်တွင် တိုင်တည်ကာ ကတိပြုခဲ့သည်။

၁၇.၉.၂၀၁၃ ရက်နေ့တွင် ဇီးကုန်းမှ ပြန်လည်မထွက်ခွာမှီ “မေတ္တာလွင်ပြင်” ကုသိုလ်ဖြစ်ဆေး ခန်းနှင့် ပါရမီသုခ နာမှုကူညီရေးအသင်းသို့ ၀င်ရောက်ကာ အကြံပြုခြင်းများ ပြောကြားခဲ့သည်။ ဆက်လက်၍ အောင်ဆန်း အခမဲ့ ပညာဒါနကျောင်းရှိ ကျောင်းသား/သူများတို့အား နာရေးကူညီမှုအ အသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ထုတ်ဝေသည့် ဗလာစာအုပ် (၂၅) ဒါဇင်တို့အား လှူဒါန်းခဲ့ သည်။ ကန့်ဘလူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ (၂၂) ဖွဲ့တို့အား တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ပုဏ္ဏကားကျေးရွာရှိ “ပီတိမြင့်မိုရ်” လူမှုကူညီရေးအသင်း (၆) လပြည့် အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲသို့ ဦးကျော်သူမှ တက်ရောက်ပြောကြားခဲ့သည့်အပြင် ယင်းကျေးရွာရှိ ဘ/က ကျောင်းအတွက် ဗလာစာအုပ် (၁၀) ဒါဇင်တို့အား လှူဒါန်းပေးအပ်ခဲ့သည်။

၁၈.၉.၂၀၁၃ ရက်နေ့တွင် ရေဦးမြို့သို့ ခရီးဆက်ခဲ့ရာ ရေဦးမြို့ရှိ သုဿန်တွင် တည်ဆောက် လျှက်ရှိသည့် မီးသင်္ဂြီုဟ်စက်အား ၀င်ရောက်လေ့လာခဲ့ပြီး ရေဦးမြို့ တော်ဝင်နှင်းဆီခန်းမတွင် “မြင့်မြတ်သူ” လူမှုကူညီရေးအသင်း (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော အခမ်းအနားသို့ ဦးကျော်သူမှ တက်ရောက်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ (၂၀) ဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ရေဦး - မုံရွာလမ်းမအား ဖြတ်ကျော်ခဲ့ရာတွင် နာမည်ကျော် ဒီပဲယင်းရွာသို့ ဖြတ်သန်းခဲ့ရသည်။ ထိုရွာသို့ရောက် သည်နှင့် ၂၀၀၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ကြရသော ကျည်ရွာ၏ညများကို စိတ်ကူးထဲ မြင်ယောင်မိပါသည်။ ရေဦးမှ ဒီပဲယင်းလမ်းမကြီးသည် ဟိုယခင်မှ ယခုတိုင် ကျင်းများ ချိုင့်များဖြင့် ခရီးမတွင်ကျယ်သေးသည်ကို တွေ့ကြုံခဲ့ရ သည်။ အချို့က တစ်ချို့က ယင်းနယ်မြေအား (အမဲရောင်နယ်မြေ) သတ်မှတ်ထားဆဲ ဖြစ်ပါသည်။ ထိုသတ် မှတ်ချက်သည် ဒေသခံ ရွာသူ/သားတို့ မှည့်ခေါ်အမည်ပေးထားခြင်း မဟုတ်သည်မှာ သေချာခဲ့သည်။ ဒီပဲယင်း ရွာသို့ ကျော်လွန်သည်နှင့် မထင်မှတ်ဘဲ ခြေချခွင့် ကြုံခဲ့ရသည့် ငပဲယင်းရွာပင်ဖြစ်သည်။ ငယ်အမည် မောင်ရစ် ဟုခေါ်သော စစ်သူကြီး မဟာဗန္ဓုလ ချက်မြှုပ်ခဲ့သည့် ကျေးရွာဖြစ်သည်။ ယင်းရွာသို့ ရောက်ရှိချိန်တွင် ဦးကျော် သူမှ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများနှင့် ဒေသခံရွာသူ/သားများတို့အား တွေ့ဆုံ၍ စစ်သူကြီး မဟာဗန္ဓုလ မွေးဖွားခဲ့သည့်ဒေသတွင် ရေခံမြေခံရှိပြီး ကျောင်းသား/သူများတို့အား သူရဲကောင်း စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် တတ်ကြွလာစေရန် ပြောကြားခဲ့သည်။ မဟာဗန္ဓုလ တည်ထားခဲ့သည့် စည်းခုံဘုရား၊ အထိမ်းအမှတ်ကျောက်တိုင်နှင့် ရုပ်တုတို့အား သွားရောက်ခွင့်ရခဲ့သည်။

၁၉.၉၂၀၁၃ ရက်နေ့တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ “ဒေ၀ယာနိ” က နာမှုကူညီရေးအသင်းသို့ ဦးကျော်သူမှ ဆရာတော် ဦးနေမိန္ဒနှင့်အတူ ၀င်ရောက်တွေ့ဆုံခဲ့ပြီးနောက် ရေထွက် မစိုးရိမ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား/သူများတို့အား ဗလာစာအုပ် (၆၂) ဒါဇင် လှူဒါန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေဂဲပွားရပ်ရှိ “သုဝဏ္ဏ၀ဍ္ဎန” နာမှုကူညီရေးအသင်းသို့ ၀င်ရောက်ခဲ့ပြီး ဆရာတော် ဦးနေမိန္ဒနှင့်အတူ တွေ့ဆုံခဲ့ပြီး စဥ့်ကိုင်မြို့နယ်၊ စော်ရဲရွာသို့ ခရီးဆက်ခဲ့ပြီး လူမှုရေးဟောပြောပွဲသို့ ဦးကျော်သူမှ တက်ရောက်ဟောပြောခဲ့သည်။ ၂၀.၉.၂၀၁၃ ရက်နေ့တွင် မန္တလေးမြို့မှ ပြည်မြို့ ရေဘေးဒုက္ခ သည်များထံသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ခရီးဆက်ခဲ့တော့သည်။


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>