Thaksin Shinawatra (back to camera) meets Aung San Suu Kyi at the 2013 Formula 1 Singapore Grand Prix. (Photo from Instagram @thaksinlive)
စင်္ကာပူဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဖော်မြူလာဝမ်းကို သွားလည်ရင်း သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်မထင်ဆုံမိတယ်လို့ တရားခံပြေးဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သတင်းထုတ်ပြန်တယ်။
တမင်ရည်ရွယ်တာမဟုတ်ပဲ အမှတ်မထင်ဆုံဖြစ်တာပါလို့ သူက ဆိုပေမဲ့ စင်္ကာပူအစိုးရဧည့်သည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွယ်တကူ အခုလိုဝင်ရောက်နုတ်ဆက် စကားပြော
နေတဲ့ ပုံက သူမတော်တဆကြီးက ရိုးမှရိုးရဲ့လား စနစ်တကျ ပြင်ဆင်ထားတဲ့ မတော်တဆမျိုးကြီးလားလို့ တွေးစရာပါ။
သူဝန်ကြီးချုပ်ဘ၀က မြန်မာစစ်အစိုးရနဲ့ အလွန်နီးကပ်ခဲ့တဲ့ သက်ဆင်ဟာ အဲဒီတုန်းက မြန်မာနိုင်ငံရေးလမ်းကြောင်းမှာ အောင်ဆန်းစုကြည်ဟာ ဂျမ်းတုံးကြီးတုံးပဲ လို့ဝေဘန်ခဲ့ဖူးသူ
ဖြစ်ပြီး တလောက အင်တာနက်ပေါ်ပျံ့နှံ့ခဲ့ သူနဲ့ လက်ရှိထိုင်းအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး ဟောင်ကောင်မှာ စကားလက်ဆုံကြခဲ့စဉ် အသံဖိုင်လို့ ယူဆရတဲ့ အသံဖိုင်ထဲမှာ ထိုင်းတွေအနေနဲ့ မြန်မာပြည်အပေါ်မှာ ဆက်လက်သြဇာလွှမ်းမိုးထားဖို့နဲ့ လက်ရှိအာဏာအရှိဆုံးဖြစ်တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပိုင်ထိန်းထားဖို့
ညွှန်ကြားခဲ့သူပါ။
လက်ရှိထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ နှမအရင်းဖြစ်ပြီး သူကတော့ တရားခံပြေးအဖြစ် ပြည်ပမှာတိမ်းရှောင်နေရဆဲ ဆိုပေမဲ့ လေ့လာသူအားလုံးက လက်ရှိထိုင်းအစိုးရဟာ သူ့ညွှန်ကြားချက်ကို အကောင်အထည်ဖော်နေရတာလို့ တညီတညွတ်ထဲပြောဆိုနေကြပါတယ်။ ကာချုပ်ဟာ ပြီးခဲ့အပတ်ကပဲ ထိုင်းနိုင်ငံကို လေ့လာရေးခရီးသွားပြီး
သက်ဆင်ရဲ့ ညီမ ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ တရင်းတနှီးတွေ့ဆုံ စကားပြောခဲ့ပါသေးတယ်။
http://www.bangkokpost.com/breakingnews/371076/
Mr Thaksin said he was there to met this two daughters and his son-in-law, who were on a business trip to Singapore.
On Instagram @thaksinlive, Mr Thaksin wrote on Monday morning “I accidentally meet Khun Aung San Suu Kyi at the Formula 1. She is healthy and lively.”
In another post on Sunday night, that shows him with Pinthongtha and Paethongtarn, he says, “Today, I take my children to see the Formula 1 in Singapore. It’s an impressive new experience, a lot of fun.”
Kyaw Swar Myint