၂၀၁၅ ခုနှစ်တွင် သမ္မတမည်သူဖြစ်ရေး မှာ ပြည်သူ့အရေးပင်ဖြစ်ပြီးNLD မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အတွက် လူထုဆန္ဒသဘော ထားရယူနေသည်မှာ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဟု ပြောကြားနေမှုများမှာ မဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင် ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှေ့နေကြီး ဦးကိုနီက ပြောကြားသည်။
ရှေ့နေကြီးဦးကိုနီက ''အဖွဲ့ ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ လုပ်နေတာ ဟာ ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတဖြစ်စေချင် လို့ လုပ်နေတာဆိုပြီး မလိုတဲ့ သူ တွေက ဝါဒဖြန့်စကား ပြောတယ်။ ဂျာနယ်တွေမှာလဲဒီလိုဆောင်းပါးမျိုးတွေ တွေ့ရတယ်။
ဒေါ် အောင်ဆန်းစုကြည်သမ္မတဖြစ် ရေးမဖြစ်ရေးမှာ ပြည်သူများရဲ့ အရေးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အရေးမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်လို့ သူဘာမှ မဖြစ်ဘူးဗျာ။ အမျိုးသားခေါင်းဆောင်၊ ပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူ့ အလုပ် ကို အေးအေးဆေးဆေး ဆက်လုပ်နေမှာပဲ။ ဖြစ်မှာက ခင် ဗျားတို့ ကျွန်တော်တို့ ဒုက္ခဖြစ်မှာ'' ဟု ယင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနှင့်ပတ်သက် ၍ တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူထုဆန္ဒသဘောထားများကို ရ ယူလျက်ရှိရာတွင်NLD အား အမြင်မကြည်သူများ ၏ပြောကြား နေမှုများ ရှိသည့်အပေါ် နိုဝင်ဘာ ၁ဝရက်က ဗဟန်းမြို့နယ် ဗိုလ် စိန်မှန်အားကစားကွင်းတွင်ပြုလုပ် သည့် ရန်ကုန်တိုင်းလုံးကျွတ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြည် သူ့ဆန္ဒသဘောထားခံ ယူခြင်း ဟောပြောပွဲတွင် ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်ကပင် အဖွဲ့ချုပ်က ကန့်ကွက်ခဲ့သဖြင့် အမျိုးသားညီ လာခံမှပင် ထုတ်ပယ်ခံခဲ့ရကြောင်း၊ ယင်းသို့ ညီလာခံမှထွက်လာချိန် တွင် ဖွဲ့စည်းပုံရေးသားနေမှုမှာ သမ္မတ ပြဋ္ဌဌာန်း ချက် အခန်းပင် ပါဝင်ခြင်းမရှိသေးဘဲ အခန်း(၁) အခြေခံမူများ အခန်းအပြီးတွင် အမျိုးသားညီလာခံမှ ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံကို မကြိုက်သည်မှာ စရေးစဉ်ကပင် ဒီမိုကရေစီဖွဲ့စည်းပုံမဟုတ်၍ မကြိုက် ခြင်း ဖြစ်ကြောင်း၊ ယင်း အတွက် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးမဖြစ်ရေးနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိကြောင်း ပြော ကြားသည်။ လူထုအများစုမှ ယုံကြည် လေးစားကာ ကမ္ဘာတစ်ခုလုံးမှ လေးစားသည့်ပုဂ္ဂိုလ်မျိုးမှ မြန်မာ နိုင်ငံကို ဦးဆောင်ပါက မြန်မာ ပြည်တိုးတက်လာမည့် အခွင့်အလမ်း ရှိသည်ဟု ပြည်သူအများစုမှ ယုံ ကြည်နေသည့်အတွက် ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ရေးကို လိုလားနေကြခြင်းဖြစ်ကြောင်း၊ ယင်း ဆန္ဒအရ ပြည်သူများလိုလားသည့် အတိုင်းဖြစ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်အောင် ပြင်ဆင်ပေးရန် ဦးကိုနီမှ တောင်းဆိုခဲ့သည်။ သမ္မတဖြစ်ရေးမှာ လူတိုင်း ဖြစ်ခွင့်၊ လူတိုင်းဝင်ရောက်ယှဉ် ခွင့်ရှိပါကြောင်း၊ ယင်းအချက်ကို လက်ခံ ကြောင်း၊ ဦးရွှေမန်း အရွေး ချယ်ခံသော်လည်းကောင်း၊ ဦးသိန်း စိန် ပြန်လည်အရွေးခံသော်လည်း ကောင်း ကြိုဆိုပါကြောင်း၊ ဆုံး ဖြတ်ချက်မှာ ပြည်သူ့အပေါ်တွင် မူတည်ကြောင်း ယင်းက ဆိုသည်။၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတဖြစ်ခွင့် ပြဋ္ဌဌာန်း ချက်နှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်း မြို့နယ်မှ ဦးမိုးသစ်ကိုက ''သမ္မတ ဖြစ်ခွင့်ကတော့ အားလုံးဖြစ်ခွင့် ရှိသင့်တယ်။ ဒါပေမဲ့ ၅၉(စ)နဲ့ ပတ်သက်ပြီးတော့ ပြင်ဖို့လိုမလို စဉ်းစားပြီး လုပ်ရမယ်။ ပြင်မယ် ဆိုရင် တစ်ဦးတစ်ယောက်အတွက် လမ်းပွင့်သွားနိုင်ပေမယ့် ဒီအချက် ကိုနင်းပြီး တခြားသူတွေကလဲ အခွင့်အရေးရသွားနိုင်တယ်ဆို တာလဲ စဉ်းစားစရာပါပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ သမ္မတဆိုတာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ထဲ ရောက်သူတိုင်း ဖြစ်ခွင့်ရှိနေလို့ပါ'' ဟု ယင်းအမြင်ကို ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေးကော် မတီအား ကော်မတီဝင် ခြောက်ဦး ဖြင့် ၂၀၁၃ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ မှ အဖွဲ့ဝင်များမှ မိမိတာဝန်ယူထား သည့် သက်ဆိုင်ရာတိုင်းနှင့် ပြည် နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့သဘောထားခံယူ ခြင်းကို အောက်တိုဘာလအတွင်း မှစ၍ မြို့နယ်၊ ရပ်ကွက်များအထိ ပြည်သူ့ဆန ဒသဘော ထား များ ရ ယူခဲ့ခြင်းဖြစ်သည်
။ကောင်းမြတ်ကျော်
yangon media group