Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နှလုံးသားချင်း ထပ်တူကျသောအလှူ

$
0
0
အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟုဆိုရာ၌ အသင်းတည်ထောင်သူ၊ အသင်းအုပ်ချုပ်သူနှင့် အသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားသူတို့အားလုံး ညီညွတ်မှုရှိမှ အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထိုသို့ ညီညွတ် မှုဟုဆိုရာ၌ ထိုအသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားသူအားလုံး ကိုယ်စိတ်နှလုံးတက်ကြွကာ ရည်မှန်းချက်များ၊ ဦးတည်ချက်များသည် တစ်ခုတည်းသော ပန်းတိုင်ရှိရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလည်း ထိတွေ့၊ ပြောဆို၊ ဝေဖန်၊ သုံးသပ်၊ ဆက်ဆံကြကာ ရည်မှန်းချက်များအတွက် လုပ်ကိုင်ဆောင်ရွက်မှုများကို ရင်းနှီးစွာ ရင်ဖွင့်ညှိနှိုင်းမှုများ ပြုလုပ်မည်ဆိုပါက ထိုအသင်းအဖွဲ့၏ အောင်မြင်မှုခြေလှမ်းများ တက်လှမ်း နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အသင်းသူ/သားများ၊ ဝန်ထမ်းများ နှင့် အုပ်ချုပ်သူတို့သည် နေ့စဉ်ပြင်ပတွင် ထိတွေ့ဆက်ဆံမှုများရှိသည်။ လစဉ်လတိုင်း၌လည်း အသင်း၏ လပါတ်အစည်းအဝေးများ ကျင်းပခြင်း၊ အပါတ်စဉ် အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အစည်းအဝေးများ ပြုလုပ် ၍ အသင်း၏ တိုးတက်ရာတိုးတက်ကြောင်း၊ အများပြည်သူတို့အား ဆထက်တန်ဘိုး ကူညီဖေးမမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲခြင်း၊ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခြင်းတို့ကို မျက်နှာချင်း ဆိုင် အတ္တများကိုဖြုတ်၍ ပြုလုပ်ဆောင်ရွက်လျှက်ရှိသည်။

ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များထက် ပိုမို၍ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ၊ စိတ်ဓါတ်ခံ ယူချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပရဟိတအဖွဲ့များလည်းရှိသည်။ ထိုအဖွဲ့ဝင်များသည် တစ်ဦးနှင့် တစ်ဦး ပြင်ပတွင် မြင်တွေ့၊ ထိတွေ့ ဆက်ဆံခြင်းများမရှိခဲ့ဘဲ စိတ်ဓါတ်ရေးရာအရ တူညီသော ခံယူချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အသင်းအဖွဲ့ရှိ အသင်းသူ၊ အသင်းသား၊ အုပ်ချုပ်တည်ထောင်သူတို့ ဖြစ်ကြသည်။ ထိုအသင်းအဖွဲ့များသည် အွန်လိုင်း အင်တာနက်မှ တဆင့် စကားပြောမှုများသာ ပြုလုပ်ခြင်းဖြင့် အများအကျိုး ပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ဆောင်ပေးနေသော အသင်းအဖွဲ့များပင်ဖြစ်သည်။ ၁၁.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့မှ အဖွဲ့ဝင်များရောက်ရှိလာ၍ (၁) နှစ်ပြည့် အခမ်းအနားအား သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့၎င်း၊ သုခအလင်းပညာရေးသို့၎င်း အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ “ငြိမ်းချမ်းပါစေ မြန်မာပြည်” ခေါင်းစီးဖြင့် ကဗျာပြိုင်ပွဲကျင်းပခဲ့ရာ ဆုရရှိသော ကဗျာဆရာများအား ဆုချီးမြင့်ခြင်းနှင့် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့မှ အနစ်နာခံပေးဆပ်ခဲ့ကြသူတို့အား ပရဟိတလူစွမ်းကောင်းဆု ချီးမြှင့်ခြင်းတို့အပြင် ကြွရောက်လာ ကြသော ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်လုပ်ကိုင် ပေးဆပ်ကြသော ဝန်ထမ်းများ၊ ပရဟိတသမားများအား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ အခမ်းအနား စတင်သည့်အချိန်တွင် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း”အား ထူထောင်ခဲ့သူ အဝေးရောက် ဦးစောကျော်ဦး၏ နှုတ်ခွန်းဆက်စကားအား ပရိုဂျက်တာဖြင့် ပိတ်ကားပြင်ပေါ်တွင် ပြသ ခဲ့သည်။ “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း”မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်း များ ဆောင်ရွက်ရာတွက် အသုံးပြုရန်အတွက် (၁ဝ) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော် အရှင်သီဟ ဉာဏမှ ဒေါ်လာ (၁ဝဝဝ)၊ မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ်နေ ဒေါ်နိုင်နိုင်အေး မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ် နေ ဒေါ်မြမြမိုး မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော်အား အမှူး ပြု၍ မယ်တော်ဖြစ်သူ ဒေါ်ရွှေရ (မန္တလေး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးဆက် သစ် အွန်လိုင်းပရဟိတ ရန်ကုန်အကျိုးတော်ဆောင် ကိုအောင်မင်း မှ သုခအလင်း ပညာရေးအတွက် ဒေါ်လာ (၂၅ဝ) အား အသီးသီးပေးအပ်လှူဒါန်းကြရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျာ်သူ မှ အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
“အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား နော်ဝေနိုင်ငံရှိ ဦးစောကျော်ဦးမှ ပြည် တွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အခက်အခဲများအား ဖြေရှင်းကူညီမှုပြုလုပ်ပေးလိုသော ဆန္ဒဖြင့် တည် ထောင်ဖွဲ့စည်း ပေးခဲ့သူတစ်ဦးဖြစ်သည်။ ဦးစောကျော်ဦးသည် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နေထိုင်ပြီး ကျန်းမာရေးချို့တဲ့နေမှူကြောင့် နော်ဝေအစိုးရမှ ပေးအပ်သော ဒုက္ခိတထောက်ပံ့ကြေးဖြင့် မိသားစုနှင့် အတူ ရပ်တည် နေထိုင်နေရသူတဦးဖြစ်ပါသည်။

ယခု http://www.sawkyawoo.com Website ဖြစ်သော အိမ်တွင်းမှု အနုပညာအိမ်ဆိုက်ကို စတင်၍ တည်ထောင်စဉ်ကသူသည် နော်ဝေနေအိမ်တွင် နေထိုင်လျှက်ရှိပြီး မြန်မာပြည်သားများအတွက်၊ ကွန်ပြူတာပိုင်းဆိုင်ရာ လုပ်ငန်းများဖြစ်သော ဓာတ်ပုံကူးခြင်း၊ ပုံကြီးချဲ့ခြင်း၊ CD/DVD အခွေများ တည်း ဖြတ်ထုတ်လုပ်ခြင်းနှင့် အခြားသော ကွန်ပြူတာပိုင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေရလျှင် မိမိအတွက် စိတ်ပြေလက်ပြေရှိကာ ရောဂါဝေဒနာဘက်မှ စိတ်ဖြေသာအောင် ကြော်ငြာဆိုဒ်တခုအဖြစ် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် သူ၏မိတ်ဆွေများမှ သူသည်ယခင်ကလည်း သတင်းလုပ်ငန်းများတွင် လုပ် ကိုင်ခဲ့ဘူးသူဖြစ်သဖြင့် ဆိုက်တွင် နေ့စဉ်သတင်းများ တင်ပေးနိုင်မည်ဆိုပါက ပြည်တွင်း/ပမှ မြန်မာနိုင်ငံ သား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တော့သည်။

ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပြင်ပတွင် တွေ့ဆုံခြင်းမရှိခဲ့ဘဲနှင့် မြတ်စွာဘုရားရှင်၏ ဗြဟ္မစိုရ်တရား လေးပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော လူသားများအနေဖြင့် လူသားချင်းစာနာစိတ်အား အဓိက ထားကာ ကူညီဖေးမပေးလိုသော စိတ်ဆန္ဒတစ်ခုတည်းနှင့် ဖွဲ့စည်းတည်ထောင်ထားသော “အဖြူရောင် အားမာန် အွန်လိုင်းပရဟိတအသင်း” အား ယခုကဲ့သို့ လှူဒါန်းမှု အစုစုတို့အတွက် သာဓု .. သာဓု .. သာဓု ဟူ၍ ခေါ်ဆိုလိုက်ပြီးသည့်နောက် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” သည်လည်း နောင် နှစ်ပေါင်းများစွာ အများအကျိုးအတွက် ပရဟိတစိတ်ဓါတ်တို့ဖြင့် ရပ်တည်သွားနိုင် ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ လိုက်ရပါတော့သည်။

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ရည်ရွယ်ချက်ခြင်း တူညီနေဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ခံယူချက်ခြင်း ထပ်တူညီဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ဦးတည်ချက်ခြင်း မှန်ကန်နေဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … နှလုံးသားခြင်း ထပ်တူကျနေဖို့ အရေးကြီးတယ်။”

ကျော်သူ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>