Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပညတ်ကိုပယ်တဲ့ ပရမတ်အလှူ

$
0
0
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာမရွေးတို့၏ နာရေး၊ ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများအား အများပြည်သူတို့အပေါ် ကူညီပေးရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော် ယာဉ်နှစ်စီးအား ၁၁.၁၁.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ်(၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းမော်တော်ယာဉ် လှူဒါန်းပွဲတွင် အလှူရှင်များဖြစ်ကြသော ဦးရဲဝင်း၊ ဦးနေဝင်းနှင့် ဦးအောင်မြတ်သူ (တောင်ဒဂုံစက်မှုဇုံ - ၁) တို့မှ ၈ည - ၅၆၂၄ (WULING LAQ) တစ်စီးနှင့် ၈ည - ၃၃၅၈ (TOYOTA HIACE) တစ်စီးတို့အား ရုံးသုံးယာဉ်များအဖြစ် လှူဒါန်းပေးအပ်ခဲ့သည်။
မော်တော်ယာဉ်လှူဒါန်းပွဲတွင် ထူးခြားချက်မှာ၊ အလှူရှင်သုံးဦးတို့သည် ဗုဒ္ဓဘာသာဝင်တစ်ဦး၊ အစ္စလာမ် ဘာသာဝင်တစ်ဦးနှင့် ဟိန္ဒူ ဘာသာဝင်တစ်ဦးတို့ဖြစ်ကြသည်ကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါ သည်။
အခမ်းအနားအား နံနက် (၁၁းဝဝ) နာရီအချိန်တွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီး ကွက်နှင့် အလုပ်အမှုဆောင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အလှူရှင်များတို့မှ မော်တော် ယာဉ်နှင့် ပါတ်သက်သော စာရွက်စာတမ်းများအား အပ်နှံခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှလက်ခံ ရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအား သာဓုအနု မောဒနာ (၃) ကြိမ်ခေါ်ဆိုကာ ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဦးကျော်သူ ကိုယ်တိုင်ရေးဆွဲခဲ့သော ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးပန်းချီကားချပ် (ဗီနိုင်း)အား အမှတ်တရအဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယခုကဲ့သို့ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းရပ်များအား လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် အသုံးပြုနိုင်ရန်အတွက် မတူညီကြသော ဘာသာဝင် သူငယ်ချင်းသုံးဦးမှ တူညီ သော ရည်ရွယ်ချက်ဖြင့်ပေါင်းစု၍ မော်တော်ယာဉ်များလှူဒါန်းခြင်းအပေါ် အများပြည်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင် ဦးရဲဝင်း၊ ဦးနေဝင်း၊ ဦးအောင်မြတ်သူ( တောင်ဒဂုံစက်မှုဇုံ - ၁) တို့အား လွန်စွာမှပင် ကျေးဇူးအထူးတင်မိကာ ဦးကျော်သူ ၂ဝ၁ဝခုနှစ်က ရေးသားထားခဲ့သော “ဆန္ဒ” ဟူ သည့် ကဗျာစာသားဖြင့် ဂုဏ်ပြုလိုက်ရပါတော့သည်။
“ဆန္ဒ”

အာဏာအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
လွတ်လပ်မှုအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
အာဃာတအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
စီးပွါးရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ဘာသာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
လူမှုရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ပညာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ကျန်းမာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
အိမ်ထောင်ရေးအတွက် တိုက်နေတဲ့ ....... စစ်ပွဲ
အချစ်ရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
စတဲ့… စတဲ့... ဝိရောဓိ စစ်ပွဲများမှ
ငြိမ်းချမ်းမှုကို ရှေ့ရှုလျက် ငြိမ်းချမ်းမှု အနန္တကမ္ဘာဆီသို့ ........။
(ကျော်သူ)

ထို့ကြောင့် လူမျိုးဘာသာ မည်သို့ပင်ကွဲပြားပါစေ ကျွန်တော်တို့အားလုံးသည် လူသားများ ဖြစ်ကြ ပေသည်။ လူသားများဖြစ်သည်နှင့်အညီ မိမိတို့နေထိုင်ရာ လူ့ဘဝသက်တမ်းတစ်လျှောက်တွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နေထိုင်လိုစိတ်ရှိကြသည်။ သောကကင်းဝေးစွာ နေထိုင်လိုစိတ် ဖြစ်ပေါ် ကြသည်။ အချုပ်ဆိုရသော် လူတို့သည် ငြိမ်းချမ်းမှုကိုလိုလားသည်။ ငြိမ်းချမ်းမှုရရှိရန် မတူညီသော လူမျိုး ဘာသာ အစွဲများကို ခဝါချကာ တူညီသော စိတ်ဆန္ဒတို့ဖြင့် ကမ္ဘာလောကကြီးအား အလှဆင်ဖန်တီး ကြရ မည်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဘာသာပေါင်းစုံမှ တူညီသော ဆန္ဒဖြင့် လှူဒါန်းမှုအား လူမှုရေးသမိုင်း မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်တော့သည်။ တစ်နည်း အားဖြင့် ပညတ်ကိုပယ်၍ ပရမတ်အား ဆောက်တည်နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ကမ္ဘာသူ/သားများအားလုံး သောကကင်းဝေး ငြိမ်းချမ်းသာယာဝပြောနိုင်ကြပါစေ။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>