Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တပ်မတော်တွင်း စည်းလုံးညီညွတ်စေချင်ကြောင်း ဟံသာဝတီဦးဝင်းတင်ပြော

$
0
0

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ပြောကြားချက် ကာကွယ်ရေးဦးစီးချုပ် သဘောထားများကိုပင် အကုန်မထောက်ခံသည့် ပုံစံဖြစ်နေဟု သုံးသပ်

 
ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာတိုင်းမ်ဂျာနယ်၊ အတွဲ(၃၃)၊ အမှတ် (၆၄၆)တွင် ဖော်ပြခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် သီးသန့် တွေ့ဆုံမးမြန်း ခန်းတွင် ဖော်ပြ ထားသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၏ ပြောကြားချက် သဘောထားများ သည် ကာကွယ်ရေး ဦးစီးချုပ်၏ မကြာသေးမီက ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သော သဘောထား များကိုပင် အလုံးစုံ ထောက်ခံမှုမရှိသည့် သဘော သက်ရောက်နေ၍ တပ်မတော်တွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သုံးသပ် ပြောကြား လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မြန်မာတိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် တပ်မတော်၏ အခန်းကဏ္ဍ အပစ်အခတ် ရပ်စဲရေးအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်၊ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုများအပေါ် သဘောထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားတို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် တပ်မတော်၏ သဘောထား ရပ်တည်မှုများ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချသွားရန် အနေအထား ကိစ္စရပ်များ၊ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ပြည်သူလူထု ရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့် အစားထိုးရန် ရှိ/မရှိ ကိစ္စရပ်များအပေါ် ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။ …

ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းအပေါ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ““အခုပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရင်တော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ အဲဒီအပိုင်းမှာ တပ်မတော်ကပဲ ကတိဖောက်ဖျက်လို့ တိုက်ပွဲတွေ ဖြစ်တာလို့ စွပ်စွဲတာရှိပါတယ်။ တကယ်လို့ စစ်မြေပြင်အထိ သွားပြီး လေ့လာမယ် ဆိုရင်တော့ အသိဆုံး ဖြစ်မှာပေါ့။ ဒီငြိမ်းချမ်းရေး မဆွေးနွေးခင် ကတည်းက ဒီတပ်တွေ ရောက်နေတယ်ဆိုတာ သူတို့ လည်းသိတယ်။ ကိုယ်တို့လည်း သိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ အချက်ခုနစ်ချက်မှာ တစ်ချက်က ကျန်ရှိတဲ့ လမ်းတွေကို အကုန်ဖွင့်မယ် ဆိုတာ နှစ်ဖက်က သဘောတူတယ်။ ကိုယ်တို့က လမ်းကြောင်းတွေ ဖွင့်မယ်။ ဖွင့်ရင်းနဲ့ လမ်းကြောင်းရှင်းနဲ့ သစ်မှောင်ခိုတွေ၊ နွားမှောင်ခိုတွေ တွေ့တယ်။ တွေ့ရင်းနဲ့ ဆက်ရှင်းတဲ့အခါမှာ ထိတွေ့တယ်။ အခုထွက်နေတာက တပ်ကပဲ လုပ်နေသယောင်ယောင်  ပြောနေတာတွေ ရှိတာပေါ့။ ဒီပေါ်မှာ ဖြစ်တာက တပ်မတော်က ရှင်းတာဟာ တပ်မတော်ဘက်က လွန်တယ်လို့ ပြောလို့ရသလား”” ဟုပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍လည်း ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အခုချက်ချင်း ကောက်ပြီး ရေးဆွဲထားတာ မဟုတ်ပါဘူး။ ပြည်သူလူထုက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ လူတစ်စုလောက်က ဟိုပြောဒီပြောတာနဲ့ ဒီဖွဲ့စည်းပုံကို ပြည်သူလူထုက မကြိုက်ပါဘူးလို့ သတ်မှတ်လို့ရလား။ နောက်တစ်ခုက အခုလို ပြောတယ်ဆိုတာ ဘယ်သူတွေက ပြောတာတုန်း။ နောက်တစ်ခုက သမ္မတရဲ့အထက်မှာ ကာချုပ်ရှိတယ်လို့ ပြောနေတယ်။ ဒီကနေ့ နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်က အဓိကပဲ။ ဒီအာဏာသုံးရပ် အပေါ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေများ ၀င်ရောက် စွက်ဖက်တာ ရှိလို့လဲ။ လွှတ်တော်မှာ တပ်မတော် ကတော့ ၂၅ ရာခိုင်နှုန်း ထားတယ်။ ဒီကနေ့ နှစ်နှစ်ခွဲ ကျော်လာပြီ။ တပ်မတော်က ၂၅ ရာခိုင်နှုန်းကြောင့် ဘာတွေ အခက်အခဲရှိလဲ။ ဘာတွေ ၀င်ရောက် စွက်ဖက်ခဲ့လဲ။ အဆိုတင်သွင်းတဲ့ အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဘာတွေများ ထိပ်တိုက် တွေ့ရတာရှိလဲ။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပဲ။ ဒီကနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ အဓိက တာဝန်ရှိတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”” ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် တပ်မတော် အကြီးအကဲ တစ်ဦးအနေဖြင့် ၎င်း၏ ပြောကြားချက် သဘောထားများသည် မြန်မာ့နိုင်ငံရေး၌ တပ်မတော်၏ သဘောထား ရပ်တည်ချက်များအဖြစ် ကိုယ်စားပြု နေသည်သာဖြစ်၍ ၎င်း၏ ပြောကြားချက်များအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သုံးသပ်၍ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ကို ခန့်မှန်း ဝေဖန်လျက် ရှိကြသည်။

၎င်း၏ ပြောကြားမှုများအပေါ် မြန်မာ့နိုင်ငံရေးတွင် လူအများစု လေးစား ကြည်ညိုခြင်း ခံရသလို မီဒီယာ အသိုင်းအ၀ိုင်းအတွင်း ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးအဖြစ် အတိုင်ပင်ခံ ကြည်ညို လေးစားခြင်း ခံရသူ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က အောက်ပါအတိုင်း အနှစ်ချုပ် သုံးသပ် ပြောကြားခဲ့သည်။

““သူဟာ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တော့ သူ့လိုပုဂ္ဂိုလ်မျိုးရဲ့ အယူအဆဟာ တပ်မတော်ရဲ့ ပေါ်လစီ၊ တပ်မတော်ရဲ့ သဘောထားတွေ အပေါ်မှာ ဘာပဲပြောပြော သြဇာသက်ရောက် မှုတော့ ရှိမှာပဲလို့ ကျွန်တော် ယူဆရတယ်။ သူ့ရဲ့ အခုပြောတဲ့ အယူအဆတွေဟာ ပြင်းထန်တယ်၊ နည်းနည်းလေး မာကျောတယ်ပေါ့ဗျာ။ ဒါဆိုရင်တော့ သိပ်ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာပဲပြောပြော အခုအချိန်မှာ တပ်မတော်ဟာ ဒီမိုကရေစီ ကျင့်သုံးနိုင်သလောက်၊ ကျင့်သုံး သင့်သလောက် ကျင့်သုံးရမယ်။ သူတို့လည်း အများရဲ့ အယူအဆကို ငဲ့ကွက်ရမယ့် အနေအထားမျိုးတော့ ရောက်လာပြီလို့ ကျွန်တော် ယူဆတယ်။ အဲဒါကြောင့် သူပြောတဲ့ သဘောထားတွေဟာ ဘယ်လောက်ပဲ မာကျောတယ်ပြောပြော တပ်မတော် အတွင်းမှာရှိတဲ့ အခြားအခြားသော ခေါင်းဆောင်များကတော့ စဉ်းစား ချင့်ချိန်လိမ့်မယ်လို့ ယူဆတယ်။ ဥပမာအားဖြင့် တစ်ခုပြောမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ ရှေ့ ပြောတဲ့ စကားရှိဖူးတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ ပြောတဲ့အခါမှာ အချက်သုံးချက်ပါတယ်။ တပ်မတော်ဟာ ဒီနေ့ မြန်မာပြည်မှာ လုပ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို သဘောတူညီတယ်၊ ကူညီနေတယ်ဆိုတာ ကို တစ်ချက် ပြောတယ်။ နှစ်က မြန်မာပြည်ရဲ့ တပ်မတော်ဟာ နိုင်ငံရေး တည်ငြိမ်မှုကို အာမခံတယ်ဆိုတာ တစ်ချက်ပြောတယ်။ သုံးအချက်က တပ်မတော်ဟာ နောက်ကြောင်းပြန်မယ်ဆိုတဲ့ လုပ်ငန်းတွေ မရှိဘူးဆိုတာ ပြောတယ်။ အဲဒီသုံးချက်ကို သူပြောသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားတွေ အကုန်လုံးဟာ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်မှု ရှိနိုင်တယ်။ အခုဗိုလ်ချုပ်ကြီးမြင့်စိုးရဲ့ ပြောကြားမှုတွေအရ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားတောင် သူက အကုန်လုံး ထောက်ခံတာ မဟုတ်ဘူးလို့တောင်မှ ယူဆ လို့ရတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ဘာပဲပြောပြော တပ်မတော်အတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှိစေချင်တယ်။ တပ်မတော်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ကာလမှာ ဖြစ်ပေါ်နေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးပေါ့ဗျာ။ အဲဒီ ကိစ္စတွေအပေါ် ဆွေးနွေးတဲ့အခါမှာ ဘာပဲပြောပြော သူတို့ဟာ ညီညီညွတ်ညွတ်နဲ့၊ စည်းစည်းလုံးလုံးနဲ့ပဲ အရှည်ကို မျှော်တွေးပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ်။ အခုသူတို့ စကားပြောတဲ့ အထဲမှာတော့ ကွဲလွဲချက်တွေကတော့ ရှိသင့် သလောက်တော့ ရှိနေတယ်။ အဲဒီ ကွဲလွဲချက်တွေဟာလည်း ညှိလို့ရတဲ့ ကွဲလွဲချက်တွေ ဖြစ်စေချင်တယ်။ ကျွန်တော် ပြောချင်တာကတော့ ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စကားအဆင့်လောက် အထိတော့ ကျွန်တော်က သဘောတူတယ်””ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်၏ သဘောထား ပြောကြားချက်များကို အခြားနိုင်ငံရေး အသိုင်းအ၀ိုင်းမှ သူများနှင့် လေ့လာစောင့်ကြည့် သူများက နှစ်ခြိုက်မှုရှိသော်လည်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ငြိမ်းချမ်းရေးကိစ္စရပ် ပြောကြားချက် အချို့နှင့်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ပြောကြားချက်များ၊ တပ်မတော်၏ မြန်မာ့နိုင်ငံရေး ပါဝင်ပတ်သက်မှု သဘောထား ပြောကြားချက်များကို နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံနိုင်ခြင်း မရှိကြောင်းလည်း ဝေဖန် သုံးသပ်လျက် ရှိသည်။
လင်းယုန်
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>