Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထူးဆန်းသောရောဂါဆိုးနှင့် လူ့လောကသို့ရောက်လာသည့် မောင်နှမနှစ်ဦး

$
0
0
ကမ္ဘာမြေပြင်ပေါ်သို့ လူသားတစ်ယောက်အနေဖြင့် ရောက်ရှိလာသော လူတို့သည် နိုင်ငံ၊ ဘာသာ၊ လူမျိုးကွဲပြား၍ နေ့စဉ်နေ့တိုင်း လူ့ဘုံလောကထဲသို့ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရောက်ရှိလာကြသည့် (၃၁) ဘုံတွင် ကုသိုလ်ရေးပြုလုပ်ရာတွင် အမြင့်မြတ်ဆုံးဘုံဟု သတ်မှတ်ထားသော လူ့ဘုံလူ့လောကထဲသို့ ရောက်ရှိလာသော သူတို့အား ကံကောင်းသူများဟု သတ်မှတ်ကြသည်။ သို့ရာတွင် မိခင်ဝမ်းမှ လွတ် မြောက်၍ ပြင်ပလူ့လောကသို့ ရောက်ရှိလာသော ရင်သွေးငယ်လေးများသည် မွေးရာပါ နူတ်ခမ်းကွဲခြင်း၊ ပိုလီယိုရောဂါ၊ နှလုံးရောဂါ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံခြင်း တို့သည်လည်းရှိခဲ့သည်။ လူ့လောကသို့ရောက် ရှိလာခြင်းကို ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် သံသရာဝဋ်ကြွေးများဟု သတ်မှတ်ကြ သည်လည်းရှိခဲ့သည်။ ထိုသို့ ဝဋ်နာ၊ ကံနာများနှင့် လူ့လောကသို့ ရောက်ရှိလာသော ရင်သွေးငယ်များထဲ တွင် ထူးဆန်းသောဝေဒနာခံစား၍ ရောက်ရှိလာသော ရင်သွေးငယ်များအား ကျွန်တော်တို့ သုခကုသိုလ် ဖြစ်ဆေးခန်းတွင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်။

၁၂.၁၂.၂ဝ၁၃ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ (၄) နှစ်သားအရွယ် ယောင်္ကျားလေးနှင့် (၂) နှစ်အရွယ် မိန်းကလေး မောင်နှမနှစ်ယောက်တို့သည် ခံစားနေရသော ရောဂါဝေဒနာများအား မိခင် ဖြစ်သူမှ လာရောက်ပြသခဲ့သည်။ ထိုလူမမယ် ကလေးငယ်မောင်နှမတို့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အရေ ပြားများသည် ငါးကြေးခွံကဲ့သို့ အဖတ်အဖတ်များ ခန္ဓာကိုယ်အနှံကွာကျနေကြသည်။ သူတို့မောင်နှမ၏ မိခင်ဖြစ်သူ ပြောကြားချက်အရ သားအကြီးဖြစ်သူ လူ့လောကထဲသို့ စတင်ရောက်ရှိလာချိန်တွင် သာမာန် ကလေးငယ်အဖြစ် ရောက်ရှိလာခဲ့ပြီး ပြင်ပလေနှင့် ထိတွေ့စဉ် အချိန်ကာလမှစ၍ ကလေးငယ်၏ အရေ ပြားများသည် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းနှင့် သမီးအငယ်လေးသည်လည်း သူ၏အစ်ကိုနည်းတူ မိခင်ဝမ်းမှ ထွက်လာသည့်အချိန်တွင် သာမန်ကလေးငယ် တစ်ယောက်ကဲ့သို့ပင် ဖြစ် ကြောင်းနှင့် ပြင်ပလေနှင့် ထိတွေ့သည့် အချိန်မှစ၍ သူ၏အစ်ကိုဖြစ်သူကဲ့သို့ အရေပြားများ ငါးကြီးကွက် ကဲ့သို့ ဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။ ထိုကလေးငယ်နှစ်ဦးအား သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထိုင်ရှိသော စေတနာ့ဝန်ထမ်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ တင်မောင်စိုး မှ ကြည့်ရှုစစ်ဆေးမှု များပြုလုပ်ခဲ့ရာ ကလေးငယ်များ၏ ရောဂါဝေဒနာသည် ဆေးရုံတင်၍ ရေရှည်ကုသရမည့် အနေအထား ဖြစ်နေသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့တင်၍ ကုသမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။ မြောက်ဥက္ကလာပ ဆေးရုံမှ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်စန္ဒာကျော် သည်လည်း မေတ္တာ၊ စေတနာ၊ ကရုဏာတရား ပြည့်ဝစွာဖြင့် ဂရုတစိုက် ထိုကလေးငယ်နှစ်ဦး၏ ထူးဆန်းသောရောဂါဆိုးအား စတင်၍ ကုသမှုများ ဆောင်ရွက်ပေးနေပြီဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း မှလည်း အများပြည်သူလူထုတို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသပေးမှုများကို နေ့စဉ် လူနာဦးရေ (၂ဝဝ) ကျော်အား (အခမဲ့) ကုသပေးခြင်း၊ ဆေးဝါးများ (အခမဲ့) တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးနေရ သည်နှင့်အညီ ထိုကလေးငယ် မောင်နှမနှစ်ဦးတို့၏ ရောဂါဝေဒနာဆိုးအား လူသားချင်းစာနာစိတ်ဖြင့် တတ်စွမ်းသရွေ့ အလှူငွေများထည့်ဝင်၍ ကုသမှုများပေးမည်ဖြစ်သောကြောင့် စေတနာရှင်များအနေဖြင့် ဆေးဝါးကုသပေးလိုသော အလှူရှင်များအနေဖြင့် သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် နှိုးဆော်လိုက်ရပါတော့သည်။

ဘဝပေးကုသိုလ်ကံကြောင့် လူ့လောကထဲသို့ ရောက်ရှိလာသော်ငြားလည်း ဘဝပေး အကုသိုလ် ကံကြောင့် လူ့လောကထဲတွင် ရပ်တည်နေထိုင်နိုင်ရန်အတွက်၊ လူ့ပတ်ဝန်းကျင်အတွင်း မျက်နှာပြ၍ ရဲရဲ တင်းတင်း ရှာဖွေစားသောက် ပညာသင်ကြားမှုများ မပြုလုပ်နိုင်ရှာကြသော ကလေးငယ် မောင်နှမနှစ်ဦး အား လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းကြား အများသူငါကဲ့သို့ ရပ်တည်နေထိုင်ခြင်း၊ ဆော့ကစားခြင်းနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျွန်တော်တို့အားလုံးတွင် တာဝန်တစ်ရပ်အဖြစ် ဗြဟ္မစိုရ်တရား(၄)ပါးအား လက်ကိုင်ပြု၍ ကျင့်သုံးလိုက်နာကြပါစို့။

ကျော်သူ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>