Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား

$
0
0
တာ် ၊ ဒီဇင်ဘာ ၁၃ ။ ။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။

ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။ စိတ်ဓာတ်အပေါ် အခြေခံ ရမယ်။ အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲ မယိုင်နဲ့ နိုင်လို့ရှိရင် လဲ မကျောနဲ့ နိုင် တယ်ဆိုရင် တောင်မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင် သူမ၏မြင်းဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကိုလည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Yangon Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>