စစ်ထောက်လှမ်းရေးဖမ်းသမျှမှာ ခိုင်လုံတိကျသောအထောက်အထားမရှိဘဲ ဖမ်းသည်ကများ၏ အတော်များ များမှာ ရုံးတင် တရားစွဲနိုင်ခြင်းမရှိဘဲ ပုဒ်မ ၅၊ ပုဒ်မ ၅ (ည)များဖြင့် သာ ထောင်ထဲနှစ်ရှည်လများ ဖမ်းဆီးခဲ့ သည်က များပါသည် . . .
စစ်အစိုးရ၏ ၀န်ကြီးချုပ်လည်းဖြစ်၊ အာဏာသိမ်းစစ်ကောင်စီ၏ အတွင်းရေး မှူးတစ်ဦးလည်းဖြစ်၊ တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ် သော ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က သူ့ စာအုပ်မိတ် ဆက်ပွဲတွင် တည်ဆဲဥပဒေကို ချိုးဖောက်သည့်အစိုးရ (စစ်ထောက်လှမ်းရေး)က ယူဆလျှင် အပြစ်ရှိသည့် ရာဇ ၀တ်သားအဖြစ် ဖမ်းဆီးအရေးယူနိုင်သည် ဟု သတင်းထောက်များအား ပြောကြား သွားသည်။ စစ်ထောက် လှမ်းရေး များကို စစ်ကောင်စီက ရှင်းလင်းပွဲပြုလုပ်ရာတွင် စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံး ကျူပင် ခုတ် ကျုငုတ်မကျန် ရှင်းလင်း ခံရလေသည်။ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနားတွင် အမြဲရှိနေသော စစ်ထောက် လှမ်းရေးမှူး ဗိုလ်ချုပ်တစ်ဦးသာလျှင် စီးပွားမပျက် ဣနြေ္ဒမပျက်၊ ပိုနေမြဲ ကျားနေမြဲ ဖမ်းဆီး ထိန်းသိမ်းခြင်း မခံခဲ့ရပေ) ဦးခင်ညွန့်သည် အာဏာသိမ်းစစ်ဗိုလ်ခေါင်ချုပ် ဦးနေ၀င်း လက်ထက်ကတည်းက လက်သပ်မွေးစစ် ထောက်လှမ်းရေးမှူးဖြစ်ခဲ့သည်။ စစ်ထောက်လှမ်းရေးမှူးများမှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ အားထား ရသော သူများ ဖြစ်သည်။ စစ်အာဏာရှင်တို့၏ အသက် အိုးအိမ်စည်းစိမ်တို့ကို ထိပါးနှောင့်ယှက် သည်ဟု ယူဆသူများကို လက်မြန်ခြေမြန် နှိပ်စက်ညှဉ်းပန်း ဖမ်းဆီးတတ်သော ပါးကွက် သားများလည်း ဖြစ်လေသည်။ စစ်ထောက် လှမ်းရေးမှူးများတွင် ထင်ရှားသူများ၌ ယခင်က ဦးနေ၀င်း၏ လက်ရုံးနှုတ်ခမ်းမွေး မောင်လွင် ခေါ် ဗိုလ်မှူးကြီး မောင်လွင်မှာ ထင်ရှားခဲ့၏။ ဦးနေ၀င်း ခိုင်းသမျှကိုလုပ်ပြီး တခြား ထောက်လှမ်းရေးအလုပ်များထက် ဦးနေ၀င်း လုံခြုံရေးကို လုပ်ရသည်က ပိုများသည်ဟု သတင်းထွက်သည်။ ဒုတိယ နာမည်ကြီးသော စစ်ထောက် လှမ်းရေးမှူးမှာ လန်ဘားတင်ဦး ခေါ် မျက်မှန်တင်ဦး ဖြစ်သည်။ စစ်ထောက်လှမ်းရေးမှူးများ တွင် သြဇာအာ ဏာ အရှိဆုံးဖြစ်ပုံရသည်။ သူ့ကို တစ်/နှစ်ပိုင်း တစ်ပိုင်းတင်ဦးဟု လည်း ခေါ်လေသည်။ မဆလပါတီတွင် ထိပ် ဆုံး ၁၀ အတွင်း ၁၊ ၂၊ ၃ နံပါတ်များကို လူထုက ပေးတတ်၏။ ဦးနေ၀င်းက တစ် ဖြစ်လျှင် ဦးစန်းယုက နှစ်ဖြစ် ၏။ သို့သော် အဖမ်းအဆီး အပြောင်းအရွှေ့ စသည်များကို အများဆုံးလုပ်ရသော စစ်ထောက်လှမ်း ရေးမှူးမှာ ဦးနေ၀င်းပြီးလျှင် သြဇာအာဏာ အရှိဆုံးဖြစ်ပြီး တစ်လည်းမကျ၊ နှစ်လည်း မကသောကြောင့် သူ့ကို ထိုနာမည် ပေး ခြင်းဖြစ်လေသည်။ …
နောက်ထပ် သြဇာအရှိဆုံးမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်ပါသည်။ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီတွင်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် အတူ ပါလာသလို ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူသွား သောအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအစိုးရ လက်ထက်တွင် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူ လေသည်။ စစ်အစိုးရတွင် ပထမမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး ဒုတိယမှာ ဗိုလ်ချုပ်ကြီး မောင်အေး ဖြစ်သည်။ တတိယမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်ဖြစ်လေသည်။ စစ်ကောင်စီဖွဲ့ သောအခါ အတွင်းရေးမှူးတစ်အဖြစ် တာဝန်ယူပြီး စစ်အစိုးရ၏ ၀န်ကြီးအဖြစ်လည်း တာဝန်ယူခဲ့၏။ အရေးကြီးသော တာဝန် ၃ ခုစလုံးကို တာဝန်ယူ ကိုင်တွယ် နိုင်သူဖြစ်လေသည်။ စစ်အစိုးရ၏ အာဏာတည်မြဲရေးနှင့် စစ်ခေါင်းဆောင်များ၏ လုံခြုံရေးကိုလည်း သတင်းပေးများ မွေးမြူခြင်း၊ ထောက်လှမ်းခြင်း၊ သံသယရှိသူမှန် သမျှကို မိသားစုတစ်ခုလုံးပါမကျန် ဖမ်း ဆီးခြင်း စသည်တို့ဖြင့် တရားဥပဒေဘောင် အပြင်မှနေ တရားမဲ့စွာ ဖမ်းဆီးအရေးယူ ခြင်းနှင့် သူတို့၏ အာဏာ ကို တည်မြဲစေခဲ့ပါသည်။ စစ်ထောက်လှမ်းရေးတို့၏ ဥပဒေမဲ့ လုပ်ရပ်များမှာ ထင်ရှား၏။ ယခု ဦးခင်ညွန့် ၏ပြော ဆိုချက်ကို သတိထားလျှင် သံသယ ရှိသူတိုင်းကို တည်ဆဲဥပဒေအား ချိုးဖောက်သည်ဟု ယူဆ၍ရသည့် သဘော၊ အပြစ်ရှိသည့် ရာဇ၀တ်သားဟု သတ်မှတ် သည့်သဘောများရှိလေသည်။ စင်စစ် အားဖြင့် စစ်ထောက်လှမ်းရေး ဖမ်းသမျှမှာ ခိုင်လုံ တိကျသော အထောက်အထားမရှိဘဲ ဖမ်းသည်ကများ၏။ အတော်များများမှာ ရုံးတင် တရားစွဲနိုင်ခြင်းမရှိဘဲ ပုဒ်မ ၅၊ ပုဒ်မ ၅ (ည)များဖြင့်သာ ထောင်ထဲနှစ်ရှည် လများ ဖမ်းဆီးခဲ့သည်က များပါသည်။ ထောက်လှမ်းရေး ဖမ်းဆီးသည်နှင့် ပတ်သက်ပြီး ဟာသပုံပြင်တစ်ပုဒ်ပင် ရှိခဲ့ဖူး၏။ စစ်ကောင်စီ ထိပ်သီးက တစ်နေ့တွင် သူ့ မျက်မှန် ပျောက်သွားကြောင်း သူ့လက်ရုံး စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးထံ ဖုန်းဖြင့် အကြောင်းကြားသည်။
တည်ဆဲ ဥပဒေများကို ချိုးဖောက်သည် ဆိုသောစကားမှာ အလွန်ပင်စက် ဆုပ်ရွံရှာစရာကောင်းလှ၏။ ထိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရ၍ ထိုဝေါဟာရကို သုံးလိုက်ခြင်းဖြစ်ပါသည်။ ထောက်လှမ်းရေးက ဥပဒေချိုးဖောက် သည်ဟု ဆိုလိုက်လျှင် အပြစ်မရှိသူ ထောင်သောင်းများစွာမှာ အကျဉ်းစခန်း များတွင် ဘ၀ပေါင်း များစွာကို ပေးခဲ့ရလေ သည်။ ၁၉၈၀ ခုနှစ်၌ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ကျွန်တော် ထောင်မှ လွတ်ခဲ့ရသည်။ သို့သော် ၁၉၈၂ တွင် ပုဒ်မ ၅ ညဖြင့် ကျွန်တော် ထောင် ၅ နှစ် ကျခဲ့လေသည်။ ထိုအချိန်က ၅ ညဖြင့် ထောင် ၅ နှစ်ချသည်မျာ အမြင့်ဆုံးဖြစ်ပါ သည်။ ထောင်မှလွတ်ပြီး ၄ လအကြာ ၁၉၈၇ ခုနှစ် ဇန်န၀ါရီလတွင် သမီးမင်္ဂလာ ဆောင်အခမ်းအနားတွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ စုဝေးသည် ဆိုသော အကြောင်းပြချက်ဖြင့် အဖမ်းခံခဲ့ရလေ သည်။ ၁၉၈၈ ခု၊ ဇူလိုင်လမှ ၈၈ အရေး တော်ပုံကြီး၏ ဆန္ဒပြမှုများ ကြောင့် လွှတ် ပေးခဲ့လေသည်။ ထောင် ၅ နှစ်ကျပြီး လွတ်ခါစတွင် ဘာအလုပ်မှမရှိ။ ဘယ်သူ နှင့်မှလည်း အဆက်အသွယ်မရှိ။ ဘ၀ရပ် တည်ရေးနှင့် မိသားစုစားဝတ်နေရေး အတွက် လုပ်ရမည်ကို စဉ်းစားနေချိန်တွင် ပြန်အဖမ်းခံရခြင်းဖြစ်၏။ ဖမ်းမယ့်သာ ဖမ်းသည်။ ဘာကြောင့်အဖမ်းခံရသလဲကို မသိပေ။ ရေကြည်အိုင်စစ်ကြောရေးစခန်း ၌ စစ်ထောက်လှမ်းရေးက မေးမြန်းရာတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဘာတွေလုပ် သလဲ မေး၏။ ကျောင်းသားများကို စုရုံးသည်ဟု အကြောင်းပြ၏။ ဘယ်သူတွေကို စည်းရုံး သလဲ၊ ဘာတွေပြော သလဲဟု နေ့စဉ်ရက် ဆက်မေးပါတော့သည်။ ကျွန်တော့်မှာ ဖမ်းလာတုန်းကလည်း ဘာမှန်းမသိ။ မေး သည့်မေးခွန်းများကိုလည်း ဘာမှန်းမသိခဲ့ ပေ။ ပြည်ထောင်မှနေ လွတ်လာပြီးသည် မှာ ၄ လသာရှိသေး သောကြောင့် ဘာ အဆက်အသွယ်မှလည်း မရှိခဲ့။ ဘာဥပဒေ မှလည်း ချိုးဖောက်စရာအကြောင်း မရှိခဲ့ ပေ။ ယခင့် ယခင် ထောင်ထဲအတူနေခဲ့ သူများ၏ နာရေး၊ သာရေးများ ရောက် သည်။ သမီး မင်္ဂလာဆောင်အတွက် ပြင် ဆင်ရသည်။ နိုင်ငံရေးအဆက်အသွယ် လည်းမရှိခဲ့ပေ။ တည်ဆဲဥပဒေ ချိုးဖောက် သည်ကိုလည်း ဘာမှမ လုပ်ခဲ့၍ ကျွန်တော် တအံ့တသြဖြစ်နေရပါသည်။
မြန်မာသံတော်ဆင့်

““ညကပဲ ငါ့မျက်မှန် ရှိသေးတယ်။ မနက်အိပ်ရာထတော့ မတွေ့တော့ဘူး။ ဘယ်ကောင် ၀င်ခိုးသွားလဲမသိဘူး။ အဲဒါ မင်းတို့ စုံစမ်းအရေးယူပေးစမ်း””
ထောက်လှမ်းရေးမှူးက တပည့်များ ကို-
““ငါတို့ဗိုလ်ချုပ် မျက်မှန်ပျောက်သွား လို့တဲ့ကွ။ ဒီတော့ လမ်းဘေးက ကလေကချေ ၁၀ ယောက်လောက်ကို အခုချက်ချင်း ဖမ်းလိုက်စမ်းဟု ပြောဆိုပြီးနောက် နောက် ၁ နာရီခန့်အကြာတွင် သူ့ဆရာ ဗိုလ်ချုပ်ထံ တယ်လီဖုန်းဆက်ပြီး-
““ဗိုလ်ချုပ်ခင်ဗျာ။ မျက်မှန်ပျောက်တဲ့ တရားခံကို ဖမ်းမိပါပြီ။ ကျွန်တော့်လူ တွေက အသေးစိတ်စုံစမ်းပြီး ဖော်ထုတ် နိုင်ခဲ့ပါတယ်။ သူတို့က မျက်မှန်ခိုးတဲ့အဖွဲ့ပါ။ ဂိုဏ်းဖွဲ့ပြီး မျက်မှန်ခိုးတာဖြစ်ပါတယ်။ အခုဆိုရင် ၁၀ ယောက်တောင် ဖမ်းမိပါ ပြီ”” ဟု ပြောလိုက်ရာ တစ်ဖက်မှ-
““အေး အေး ငါလည်း ခုနက ဖုန်း ဆက်မလို့ပဲကွ။ ငါ့မျက်မှန် ပြန်တွေ့ပြီဟေ့ ငါ့မိန်းမခေါင်းအုံးအောက်က တွေ့တာပါ။ မင်းတို့ ရှာမနေကြနဲ့တော့””ဟူ၏။ ထိုပုံပြင်မှာ မဆလခေတ်တစ်လျှောက်လုံး လူထု ကြားထဲ၌ တိုးတိုး ပုံပြင်ဖြစ်ခဲ့သည်။ ကန်တော်ကြီးစောင်းမှ ဗိုလ်ချုပ်ကြေးရုပ် မြင်းစီးချင်သည့် ပုံပြင်ကဲ့သို့ပင် ထင်ရှား ပါသည်။
တည်ဆဲ ဥပဒေများကို ချိုးဖောက်သည် ဆိုသောစကားမှာ အလွန်ပင်စက် ဆုပ်ရွံရှာစရာကောင်းလှ၏။ ထိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရ၍ ထိုဝေါဟာရကို သုံးလိုက်ခြင်းဖြစ်ပါသည်။ ထောက်လှမ်းရေးက ဥပဒေချိုးဖောက် သည်ဟု ဆိုလိုက်လျှင် အပြစ်မရှိသူ ထောင်သောင်းများစွာမှာ အကျဉ်းစခန်း များတွင် ဘ၀ပေါင်း များစွာကို ပေးခဲ့ရလေ သည်။ ၁၉၈၀ ခုနှစ်၌ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ကျွန်တော် ထောင်မှ လွတ်ခဲ့ရသည်။ သို့သော် ၁၉၈၂ တွင် ပုဒ်မ ၅ ညဖြင့် ကျွန်တော် ထောင် ၅ နှစ် ကျခဲ့လေသည်။ ထိုအချိန်က ၅ ညဖြင့် ထောင် ၅ နှစ်ချသည်မျာ အမြင့်ဆုံးဖြစ်ပါ သည်။ ထောင်မှလွတ်ပြီး ၄ လအကြာ ၁၉၈၇ ခုနှစ် ဇန်န၀ါရီလတွင် သမီးမင်္ဂလာ ဆောင်အခမ်းအနားတွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ စုဝေးသည် ဆိုသော အကြောင်းပြချက်ဖြင့် အဖမ်းခံခဲ့ရလေ သည်။ ၁၉၈၈ ခု၊ ဇူလိုင်လမှ ၈၈ အရေး တော်ပုံကြီး၏ ဆန္ဒပြမှုများ ကြောင့် လွှတ် ပေးခဲ့လေသည်။ ထောင် ၅ နှစ်ကျပြီး လွတ်ခါစတွင် ဘာအလုပ်မှမရှိ။ ဘယ်သူ နှင့်မှလည်း အဆက်အသွယ်မရှိ။ ဘ၀ရပ် တည်ရေးနှင့် မိသားစုစားဝတ်နေရေး အတွက် လုပ်ရမည်ကို စဉ်းစားနေချိန်တွင် ပြန်အဖမ်းခံရခြင်းဖြစ်၏။ ဖမ်းမယ့်သာ ဖမ်းသည်။ ဘာကြောင့်အဖမ်းခံရသလဲကို မသိပေ။ ရေကြည်အိုင်စစ်ကြောရေးစခန်း ၌ စစ်ထောက်လှမ်းရေးက မေးမြန်းရာတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဘာတွေလုပ် သလဲ မေး၏။ ကျောင်းသားများကို စုရုံးသည်ဟု အကြောင်းပြ၏။ ဘယ်သူတွေကို စည်းရုံး သလဲ၊ ဘာတွေပြော သလဲဟု နေ့စဉ်ရက် ဆက်မေးပါတော့သည်။ ကျွန်တော့်မှာ ဖမ်းလာတုန်းကလည်း ဘာမှန်းမသိ။ မေး သည့်မေးခွန်းများကိုလည်း ဘာမှန်းမသိခဲ့ ပေ။ ပြည်ထောင်မှနေ လွတ်လာပြီးသည် မှာ ၄ လသာရှိသေး သောကြောင့် ဘာ အဆက်အသွယ်မှလည်း မရှိခဲ့။ ဘာဥပဒေ မှလည်း ချိုးဖောက်စရာအကြောင်း မရှိခဲ့ ပေ။ ယခင့် ယခင် ထောင်ထဲအတူနေခဲ့ သူများ၏ နာရေး၊ သာရေးများ ရောက် သည်။ သမီး မင်္ဂလာဆောင်အတွက် ပြင် ဆင်ရသည်။ နိုင်ငံရေးအဆက်အသွယ် လည်းမရှိခဲ့ပေ။ တည်ဆဲဥပဒေ ချိုးဖောက် သည်ကိုလည်း ဘာမှမ လုပ်ခဲ့၍ ကျွန်တော် တအံ့တသြဖြစ်နေရပါသည်။
ထိုအချိန်က ထောက်လှမ်းရေးအဖွဲ့ အစည်းများအနေဖြင့် သူတို့ရရှိသော သတင်းများရှိချင်ရှိပါလိမ့်မည်။ ကျောင်းသား ယူဂျီ၊ ဗကပယူဂျီတို့၏ သတင်းများ လည်း ရချင်ရနေနိုင်ပါလိမ့်မည်။ သို့သော် ထိုယူဂျီမှာ ကျွန်တော် တို့လို ထောင်ထွက် ပူပူနွေးနွေးများဆီ ယုံယုံကြည်ကြည်နှင့် ဆက်သွယ်ခြင်းမရှိသလို သူတို့၏ နေထိုင် မှုအရလည်း သူတို့ကို မည်သူမှလည်း တာဝန်ပေးခြင်းမရှိခဲ့ပေ။ ထိုသည်မှာ နိုင်ငံရေးသမားတိုင်း၏ ထိန်းသိမ်းထားသော နားလည်မှုများဖြစ်လေသည်။ သို့ သော် သို့သော် ထိုအချိန်တွင် ရဲဘော်တစ် ယောက်၏ ယောက္ခမဈာပန၌ တွေ့ခဲ့သော ယခင်ဗကပ ဗဟိုကော်မတီဝင်ဟောင်းတစ် ဦး၏ သမီးဖြစ်သူက ကျွန်တော့်ထံ မကြာ ခဏလာလေ့ရှိ၏။ ထိုအမျိုးသမီးတွင်ကား တစ်စီးရှိ၏။ ထိုကားဖြင့်လာခေါ် အသိ အကျွမ်း မိတ်ဆွေများ ထံလိုက်ပို့သာရှိ သည်။ တခြားအဆက်အသွယ် ဘာမှမရှိ ပေ။ နောက်သမီး၏ မင်္ဂလာဧည့်ခံပွဲတွင် ရဲဘော် ဟောင်းများကို ဖိတ်ဖြစ်သည်။ ဆွေ မျိုးဟောင်းများကိုလည်း ဖိတ်ဖြစ်သည်။ ဧည့်ခံပွဲတွင် တွေ့ကြ၊ စကားပြော ကြသည် မှာလည်း အချိန်ပိုင်းသာဖြစ်၏။ မိတ်ဆွေ အပေါင်းအသင်းအစုအဝေးလိုက် လာရောက် သဖြင့် နိုင်ငံရေးအရ တိုင်ပင်စရာအကြောင်း မရှိပေ။ မင်္ဂလာပွဲပြီး နောက်တစ်နေ့မနက် စောစောတွင် လာရောက် ဖမ်းဆီးလေသည်။
ထိုနေ့ မနက် ၂ နာရီလောက်တွင် တံခါးကို တ၀ုန်းဝုန်းထုသံကြား၍ တံခါး ကိုဖွင့်ပေးလိုက်သည့်အခါတွင် ဘောင်းဘီ ရှည်နှင့် လူတစ်ယောက်သည် အိမ်ထဲသို့ ချွန်ဝင်လာကာ သူ့ဘယ်လက်တွင် အသင့် ခတ်ပြီးသား လက်ထိတ်အပြင် လွတ်နေသော ကျန်လက်ထိတ်တစ်ဖက်ဖြင့် ကျွန်တော့်ညာဘက်လက်ကို ခတ်လိုက်ပါသည်။ ကျွန်တော်သည် လက်ထိတ်သာ အခတ်ခံ ရသည်။ ဘာမှန်းမသိပေ။ အိမ်ထဲ လူများပြုံ ၀င်လာ၏။ အိမ်သားများ မှာလည်း ထထိုင် လိုက်ကြ၏။ ၀င်လာသူများမှာ ဘောင်းဘီ များနှင့်ဖြစ်ပြီး တချို့က စစ်ဖိနပ်ဝတ်ထား ကာ တချို့က ရှူးဖိနပ် ၀တ်ထားကြသည်။ သူတို့နှင့်အတူ ကျွန်တော်တို့ ရပ်ကွက် အပိုင် ရပ်ကွက်လူကြီးများလည်း ပါလာ လေသည်။
““ကျွန်တော်တို့က တပ်မတော် ထောက်လှမ်းရေးကပါ။ ခင်ဗျားကို မေးစရာရှိလို့ ခေါ်သွားရလိမ့်မယ်။ အခု လည်း ခင်ဗျားအိမ်မှာ ရှာစရာရှိတာ ရှာရလိမ့် မယ်။ ကဲ ဥက္ကဋ္ဌကြီးလည်း လာပါ””ဟု အရာရှိနှင့်တူသော အသားဖြူဖြူ၊ အရပ် ရှည်ရှည်တစ်ယောက်က ကျွန်တော့်ကို လည်းပြော၊ ရ၀တဥက္ကဋ္ဌကိုလည်း ပြော ကာ ကျွန်တော့် စာအုပ်များကို ရှာဖို့လုပ် ပါသည်။ ကျွန်တော်ကလည်း-
““ခင်ဗျားတို့ မြန်မာတွေ မဟုတ်လား။ ဖိနပ်တွေ အားလုံး ချွတ်ရမှာပေါ့။ ဖိနပ်စီးပြီး အိမ်ပေါ်တက်တာ ရိုင်းတဲ့ အလုပ်ပဲ။ ဖိနပ်ချွတ်ပြီးမှ အိမ်ပေါ်တက်ကြ။ နောက်ပြီး ကျွန်တော့်ကို ဖမ်းမယ်ဆိုရင် ဖမ်းဝရမ်း ရော၊ ရှာဖွေဝရမ်းရော ပါကြရဲ့လား””
““ကျုပ်တို့မှာ ဖမ်းခွင့်၊ ရှာဖွေခွင့်ပြုပြီး သားပဲ။ ဘာဝရမ်းမှမလိုဘူး။ ရှာဖွေခွင့်ရှိ တယ်”” ဟုပြောကာ ဘုရားစင် အပါအ၀င် မီးဖိုချောင်ပါမကျန် အားလုံးကို မွှေနှောက် ရှာဖွေပါတော့သည်။ ကျွန်တော်သည် စဉ်း စားမရအောင် ဖြစ်နေသည်။ တိုင်းပြည်တွင် ဘာတွေဖြစ်နေသလဲ။ အာဏာသိမ်း ပွဲတွေ ပြန်ပေါ်နေသလား။ နိုင်ငံရေးအခြေ အနေမည်သို့ ဖြစ်ပေါ်ပြောင်းလဲနေသလဲ ဆိုသည်ကို တွေးရင်းထိုင်နေရပါသည်။
မြန်မာသံတော်ဆင့်