Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထောက်လှမ်းရေး အရာရှိဟောင်းနှစ်ဦးကို ပြန်လွှတ်ပြီး တစ်ရက်အတွင်း ပြန်လည်ထိန်းသိမ်းလိုက်

$
0
0
နိုင်ငံရေးပုဒ်မဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ထောက်လှမ်းရေးအရာရှိဟောင်း နှစ်ဦးကို ဇန်န၀ါရီလ ၁ ရက် နံနက်ပိုင်းတွင် အကျဉ်းထောင်များက လွှတ်ပေးလိုက်သော်လည်း ညနေပိုင်းတွင် ပြန်လည်ထိန်းသိမ်းခဲ့ သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း လက်ထောက် စီမံခန့်ခွဲရေး မှူး ဦးအောင်မျိုးကျော်က မဇ္ဈိမကို ပြောသည်။

“သူတို့နှစ်ယောက်က ၅(ဇ)နဲ့ အမိန့်ချခံထားရသူတွေ။ အဲတော့ သူတို့က သမ္မတပေးတဲ့ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်ထဲမှာ အကျုံးဝင်ပြီး ပြန်လွှတ်ပေးလိုက်တယ်ပေါ့။ ဒါပေမဲ့ သူတို့ကို စ.အ.ဖက ပြန်ပြီးခေါ် သွားတယ်ဆိုတာပဲ သိရတယ်။ ဘာကြောင့် လာပြန်ခေါ်သွားတယ်၊ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

အကျဉ်းထောင်များမှ လွတ်မြောက်လာပြီး ပြန်လည်ထိန်းသိမ်းခံရသူနှစ်ဦးသည် လားရှိုးအကျဉ်းထောင် မှ ၅(ဇ)လေးမှု၊ အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှုဥပဒေ (အပက-၃)ငါးမှု၊ နိုင်/စီးလေးမှုနှင့် လိမ် လည်မှု(ပုဒ်မ ၄၂၀) တို့ဖြင့် ထိန်းသိမ်းခံရသော ဗိုလ်မှူးကြီးတင်ဦးနှင့် ဘားအံအကျဉ်းထောင်မှ ဗိုလ်မှူး မိုးသူတို့ ဖြစ်ပြီး ပုဒ်မ ၅(ဇ)သည် ၁၉၅၀ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေဖြစ်သည်။ ဗိုလ်မှူးကြီးတင် ဦးကို လားရှိုးလေဆိပ်၌ပင် ညနေပိုင်းတွင် စ.အ.ဖက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ဗိုလ်မှူးမိုးသူကိုမူ ရန်ကုန်အပြန် အင်းစိန်အကျဉ်းထောင်တွင် ပြန်လည်ထိန်းသိမ်းမည်ဟု ထောက်လှမ်းရေးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြား အတည်ပြုချက်မရသေးပါ။

လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဟုတ်တယ်။ ဒီနေ့ လားရှိုး အကျဉ်းထောင်က တစ်ယောက်လွှတ်တယ်တဲ့။ ထောက်လှမ်းရေးတပ်က ဗိုလ်မှူးကြီးတင်ဦး။ဒီနေ့မနက် ပိုင်းမှာ လွှတ်တာ”ဟု ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးဝင်စေမည့် ပုဒ်မများသည် မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေ မှု (ပုဒ်မ ၅၀၅)နှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများ ပါဝင်သည်။

Mizzima - News in Burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>