" ဥ " ဆိုတဲ့ ဇာတ်ကားကြည့်လိုက်မိတယ်။ ဇာတ်လမ်းအစကနေ အဆုံအထိ တကယ့်ကို Behavior ပျက်ပြားနေတဲ့ ရွာသားနှစ်ယောက် .. နောက်လိုက် ရွာသူရွာသားတွေ၊ ကြက်ဥတစ်လုံးအတွက် ရန်ဖြစ်တဲ့ ဒေါသ၊ နောက် အထာတွေနဲ့ ပျက်လုံးတွေနဲ့ ဆူညံ့ပွက်လောရိုက်ပြီး ပြီးသွားတယ်။ Every scene တိုင်းမှာ တစ်ယောက်ကို တစ်ယောက် ဘယ်လို အကျင့်ယုတ်ရမလဲ ဆိုတာရယ်၊ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းက အစ သည်းမခံနိုင်တဲ့ အဖြစ်နဲ့ ရန်တွေဖြစ်လို့ Civilization မထွန်းကားတဲ့ အဖြစ်နဲ့ ပွဲပြီးသွားတယ်။ သူ့ဘာသာ သူ ရုပ်ရှင်ဇာတ်လမ်းပါပဲ ဆိုပြီး သဘောမထားပါနဲ့ .. ကျွန်တော်တို့တစ်တွေဟာ Behaviorism သဘောအရ .. အဲဒီ ရုပ်ရှင်တွေကပဲ အမူအကျင့် ဓလေ့စရိုက်တွေကို အတုမြင် အတတ်သင်လို့ အတုခိုးကြတာ မဆန်းပါဘူး။ ဆံပင်ပုံစံ ဝတ်စားဆင်ယင်မှုမှအစ အပြောအဆို အဆုံး လိုက်အတုခိုးကြတယ်။ ဒွေးကေဆို ဒွေးကေညှပ်ကြတယ်။ မို့မို့မြင်အောင် ထဘီတို ဝတ်လို့ လိုက်ဝတ်ကြတယ်။ သူ ကျောပိုးအိပ်လွယ်လို့ ကျောပိုးအိပ်လွယ်ကြတယ်။ အကြေကောက်ဆိုလို့ မိန်းကလေးတွေ အကြေလိုက်ကောက်ကြတယ်။ လူငယ်တွေလားဆိုတော့လည်း မဟုတ်ဘူး .. လူကြီးတွေကလည်း အတူတူပဲ။ ကျော်ဟိန်းခေတ်မှာ ကျော်ဟိန်း ဏှာဘူးထတဲ့ ဇာတ်လမ်းတွေကို သဘောကျလို့ မျက်ရည်ဒူးနဲ့သုတ်ရတဲ့ အိမ်က မိန်းမတွေလည်း တစ်ပုံကြီး။ ဒါတွေကို အပြစ်အနေနဲ့ ပြောနေတယ် ဝေဖန်နေတယ် ဆိုစေအုံး .. ဒီမှာ ကျွန်တော် Seriously ပြောလိုတာက Behaviorism ပါ။
အခု အကယ်ဒမီပေးပွဲမှာ လက်ခုတ်သြဘာပေးပြီး ဆု တစ်ချို့ရတဲ့ ဒီဇာတ်ကားကို အခြား Civilization ထွန်းကားတဲ့ နိုင်ငံတွေမှာ စာတန်းထိုးပြီး ပြရင် သူတို့ မြန်မာနိုင်ငံရဲ့ ကျေးလက် ဓလေ့စရိုက်ကို ဘယ်လို သတ်မှတ်မလဲ။ ကြက်ဥ အတွက်တို့ ရေအိုးကွဲလို့ Seriously ရန်ဖြစ်ကြ ရန်တွေ့ကြတဲ့ လူတွေနေတဲ့ တိုင်းပြည်ဆိုပြီး သတ်မှတ်ခံရတော့မှာပေါ့ ဗျာ။ နောက် ကျုပ်တို့ မြန်မာတွေ သိပ်ရန်ဖြစ်တယ် .. အချင်းချင်းလည်း ရန်ဖြစ်တယ် .. တိုင်းရင်းသားတွေနဲ့လည်း ရန်ဖြစ်တယ် .. လူမျိုးခြား ဘာသာခြားတွေနဲ့လည်း ရန်ဖြစ်တယ် .. အဲဒါ အကောင်းမဟုတ်ဘူး။ အခုလိုခေတ်မှာ လူမျိုးခြားနှိမ့်ချတဲ့ အသုံးအနှုန်းတွေ ဟိုးတလောက ပဒေါင်းလူမျိုးတွေကို ခပ်ကြောင်ကြောင် ဟာသရိုက်ပြတဲ့ ဇာတ်ကားတွေဟာ အတော့်ကို အကျဉ်းတန်တဲ့ ဇာတ်ကားတွေပါ။ ဒါတွေကို ရုပ်ရှင်အသိုင်းဝိုင်းက အကြီးအကဲတွေက မသွန်သင်တာပဲလား .. သူတို့ကိုယ်တိုင်ကိုယ်က မသိမမြင် ကြတော့တာလား။ ဥပမာ တက္ကသိုလ်ဇာတ်လမ်းဆိုလည်း Social Construcvism Approach ဖြစ်တဲ့ ဟိုးတစ်ခေတ်က "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားလို တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ရွာမှာ အ သုံးလုံး သွားပြီး သင်ပေးတာမျိုး ရိုက်မပြစေအုံး တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဝိုင်းပြီး Social အတွက် Project လေးတစ်ခုခု လုပ်ပြတာတွေ မရိုက်ပြကြတော့ပဲ .. တွေ့တာနဲ့ ကြောင်နဲ့ခွေးအလား ရန်ဖြစ်လို့ ပြန်ချစ်ပြတာပဲ ရိုက်ပြတတ်တော့တယ်။ ရုပ်ရှင်ဆိုတာ သူ့ခေတ်တစ်ခုရဲ့ လူတွေရဲ့ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု ပြောဆိုဆက်ဆံမှုကို ထင်ဟနေစေတာ အမှန်ပါပဲ။ ယနေ့ နာမည်ကြီး ကိုရီးယားကားတွေဆိုလည်း သူ့ခေတ်သူ့အခါရဲ့ ဝတ်စားဆင်ယင်မှု တရားစီယင်မှုတွေကို ပြနေကြတာပဲ မဟုတ်လား။ အခု ရုပ်ရှင်ထဲမှာ ဘီယာတွေသောက်ပြကြတော့ ယနေ့ခေတ် လူငယ်တွေ အားကစားမလုပ်ပဲ ဘီယာ အရက်စွဲလို့ အသည်းဖောတဲ့အဖြစ်နဲ့ ရှောကြတာ မဆန်းဘူး။ ဟိုးခေတ်က "သူ့အဖေက အရက်သမားကြီး" ဆိုတဲ့ စကားကို လူတိုင်းရှက်ကြတယ်။ ဒါကြောင့် လမ်းဘေးအရက်ဆိုင်မပြောနဲ့ စားဖျော်လို အစိုးရ အရက်ဆိုင်တောင် အရှက်မရအောင် Privacy လုပ်လို့ လိုက်ကာ ခန်းစီး အဝင်ဝကနေ အတွင်းထဲထိ ကာပေးထားတယ်။ ဒါတွေက ဥပမာပေးပြီး မြင်အောင် ရေးပြထားတာ။
အတိုချုံးပြောပြရရင် .. အခြားနိုင်ငံတွေမှာ မိန်းကလေးတွေကိုအရင်က နှိမ်ကျလို့ မိန်းကလေးတွေရဲ့ စိတ်ဓါတ်မြှင့်တင်တဲ့ သဘောနဲ့ ဇာတ်ကားတွေ ရိုက်ပြကြတယ်။ အဲဒီကားတွေကြည့်မိတဲ့ Generation တွေဟာ သိပ်ထူးချွန်ကြတဲ့ အဖြစ်သို့ ရောက်ကြတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလို လူတွေ စိတ်ဓါတ်မြှင့်တင်လာအောင် .. အခုလို တန်ကြေးမရှိတဲ့ ကြက်ဥတစ်လုံးအတွက် ရန်ဖြစ်တဲ့ ဇာတ်ကားတွေထက် .. မြို့ကလူတွေရော ရွာကလူတွေပါ Civilization ထွန်းကားတဲ့ အဖြစ်တို့ ကြိုးစားချင်စိတ်ဖြစ်လာအောင်၊ စဉ်းစားဥာဏ်ပိုကောင်းလာအောင်၊ အချိန်တွေလေးစားလာအောင်၊ ကျန်းမာရေးလိုက်စားလာအောင်၊ ဝတ်စားဆင်ယင်မှုတွေ စမတ်ကျလာအောင်၊ မိမိအချင်းချင်းရော လူမျိုးခြား ဘာသာခြား နိုင်ငံခြားသားတွေနဲ့ Social Construcvism Approach လာနိုင်မယ့် Human Race Forward စိတ်ရှိမယ့် ဇာတ်ကားတွေ ရိုက်ပြစေချင်တာပေါ့။ ကိုယ့်နိုင်ငံက ဇာတ်ကား နိုင်ငံခြားသားကို Dubbingနဲ့ဖြစ်ဖြစ် စာတန်းထိုးဖြစ်ဖြစ် ပြလို့ .. ဟာ မင်းတို့ မြန်မာတွေ အရမ်းကို Polite ဖြစ်ပြီး စိတ်ဓါတ်အဆင့်အတန်း တော်တော် မြင့်ပါလား ဆိုပြီး ချီးကျူးမယ့် နေ့ကို မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ယှဉ်ကြည့်ရင် ကိုယ့်ယဉ်ကျေးမှု ကိုယ်နားလည်ထားသလောက်လေးထက် အခြား advance ကျတဲ့ Social Construcvism Approach ဆန်တဲ့ Civilization အကြောင်းတွေကို လေ့လာဖို့ လိုပါသေးတယ်။
ရွာမှာ သွားပြီး တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ မောင်ရင်းနှမ စုပေါင်းလို့ စာတတ်ပါစေတော့ ဆိုတဲ့ စိတ်နဲ့ စည်းစည်းလုံးလုံး စာသွားသင်ပေးတဲ့ " ဘယ်သူပြိုင်လို့ လှပါတော့နိုင် " ဇာတ်ကားမှ စရေတွက်လာရင် ရွာထန်းတောမှာ ရန်ဖြစ်တဲ့ ဇာတ်ကားမှ .. အခုလို ကြက်ဥ တစ်လုံးအတွက် တစ်ရွာလုံး ပွက်လောညံတဲ့၊ ၄ ပေအထက်ကနေ တက်မလာတဲ့ အောက်လုံးပျက်လုံးတွေနဲ့ ဇာတ်ကားတွေကို ကြည့်ချင်းအားဖြင့် စိတ်ဓါတ်အဆင့်အတန်းဟာ ၄ ပေနေ .. အထက် ဦးနှောက်လောက်ထိ ပိုပြီးထပ်တက်မလာဘူးဆိုတာကိုပဲ ခန့်မှန်းလို့ရပါတော့တယ်။
Credit to Myo Han Tun