(31 Dec 2013 ရက်စွဲပါ The India Times မှ IANS ၏ Myanmar takes up ASEAN chair ကိုဘာသာပြန်ဆိုသည်)
ယခုနှစ်သစ်တွင် မြန်မာနိုင်ငံသည် အလိုရှိနေသောအရှေ့တောင်အာရှအသင်းကြီး(အာဆီယံ)၏ ဥက္ကဋ္ဌနေရာကိုရယူ မည်ဖြစ်သောကြောင့် လာမည့် ၂၀၁၅ တွင် စီးပွားရေးအသိုက်အဝန်းတစ်ခုဖြစ်လာမည့် ၁၀ နိုင်ငံပါဝင်သောအုပ်စု ကိုဦးဆောင်ရမည်ဖြစ်ရာကမ္ဘာကြီး၏ အာရုံစိုက်မှုကိုခံရတော့မည်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံအတွက်မူ မြန်မာနိုင်ငံသည် ၎င်း၏အနီးကပ်ဆုံးအိမ်နီးချင်းဖြစ်ရုံမျှမကအာဆီယံနှင့် အရှေ့တောင်အာရှ တို့ဖြင့် ဆက်သွယ်ပေးသောသဘာဝကပေးသောတံတားတစ်စင်းဖြစ်ပါသည်။
အိန္ဒိယသည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကိုဒေသတွင်းအဖွဲ့ကြီးနှင့် ပေါင်းစည်းမှု ကို ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အာဆီယံသည် စီးပွားရေးအရလုံခြုံရေးအရပူးပေါင်းဆောင်ရွက်ရာ တွင် လျင်မြန်စွာတိုးချဲ့လျက်ရှိသောကြောင့်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုခန့် အထီးကျန်ဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၁၁ မှစ၍ ကြီးမားသောနိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုကြီးစွာဆွဲဆောင်ခဲ့ပါသည်။ သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာများဖြေလျော့ပေးခြင်းနှင့် စီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုတံခါးဖွင့်ပေးခဲ့ပါသည်။ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်လာသည့် သင်္ကေတပင်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာအနေဖြင့် ဒီမိုကရေစီအတွက် ကတိကဝတ်များပေးခြင်းနှင့် ပြင်ပကမ္ဘာနှင့် ကျယ်ပြန့်စွာပေါင်းစည်းခြင်းအတွက် ပြသနိုင်ရန် အခွင့်အလမ်းပေြး ခင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကအာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန် အလှည့်ကျခဲ့ပါသည်။ သို့သော် ၎င်း၏ဆိုးရွားလှသောလူ့အခွင့်အရေးမှတ်တမ်းများကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုများဖြင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန် စွန့်လွှတ်ခဲ့ရပါသည်။ ထိုစဉ်ကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ်အကျယ်ချုပ်ရှိနေပြီးအမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်းစီးပွားရေးနှင့် နိုင်ငံရေးအရအရေး ယူပိတ်ဆို့မှုများချမှတ်ထားရာ၊ နိုင်ငံအများစုကအစည်းအဝေးများကိုသပိတ်မှောက်မည်ကိုစိုးရိမ် မှုများရှိခဲ့ကြပါသည်။
ယခုအခါ ထိုကိစ္စရပ်များသည် သမိုင်းဖြစ်သွားခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလွတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပါပြီ။ အရေးယူ ပိတ်ဆို့မှုအားလုံးနီးပါးသည် ရုတ်သိမ်းသွားခဲ့ပြီဖြစ်ပါသည်။
ဦးသိန်းစိန်ကအောက်တိုဘာလနှောင်းပိုင်း ကပြောခဲ့သောမိန့်ခွန်းတစ်ခုတွင် ၎င်း၏အစိုးရလုပ်ဆောင်ခဲ့သော မကြာသေးမီ က ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်း၌ မော်ဒယ်ပုံစံတစ်ခုဖြစ်ခဲ့ကြောင်းဆိုပါသည်။ “မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပာာတစ်ခြားအာဆီယံနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်ပါ တယ်”ပာု ၎င်းကပြောပါသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကိုအောင်မြင်အောင် ထမ်းဆောင် ရန် ကြိုးစားသွားမည်ပာုလည်းပြောဆိုခဲ့ပါသည်။
နှစ်သစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် အဓိကဦးစားပေးအဖြစ် လမ်းပြရမည့်သုံးချက်မှာအာဆီယံစီးပွားရေးပေါင်း စည်းမှု အတွက် အရှိန်မြှင့်ရန်၊ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုလျော့ချရန်နှင့် အာဆီယံ၏အနာဂါတ်အတွက် အစီအစဉ် ရေးဆွဲပြင်ဆင်ရန်တို့ဖြစ်ပါသည်။
သို့သော် အာဆီယံ၏ဒေသတွင်း၌ လျင်မြန်စွာပြောင်းလဲနေသောမပာာဗျူပာာဝန်းကျင်အခြေအနေကြောင့် မြန်မာနိုင်ငံသည် အရေးပါလှသောကာလတွင် အုပ်စုကြီးကိုကိုင်တွယ်ရန် အရည်အသွေးရှိပါမည်လောပာူသော သံသယ များပေါ်ပေါက်လာပါသည်။ ဒေသတွင်းတွင် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အီးယူတို့သည် ၎င်းတို့၏နေရာအတွက် ပြန်လည်ထိန်းညှိမှုများကိုအားထည့်လုပ်ဆောင်နေချိန်ဖြစ်ပါသည်။
နောက်ဖိစီးရမည့်ကိစ္စရပ်များမှာ မြန်မာနိုင်ငံလက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် နိမ့်ကျနေသောအခြေခံ အဆောက်အဦးများဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ခေါင်းဆောင်များပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးပေါင်းများစွာကျင်းပရမည်ဖြစ်ပါသည်။
၂၀၀၂ ခုနှစ် နှစ်လယ်မှစ၍ မြန်မာနိုင်ငံ၏နိုင်ငံရေးအရအဖြစ်အပျက်များကို ပြန်လည်ဖော်ပြရမည်ဆိုလျှင် တိုင်းရင်း သား ပဋိပက္ခများနှင့် ဘာသာရေးအရအကြမ်းဖက်မှုများဖြစ်ပါသည်။ ဘာသာရေးအရအကြမ်းဖက်မှုများကြောင့် မူဆလင် အများစုသေဆုံးပြီးရာပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။
အဆိုပါ ပြဿနာများသည် အာဆီယံ၏အစီအစဉ်တွင် အရေးကြီးသောကဏ္ဍမှပါဝင်လာနိုင်ပါသည်။ အကြောင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတစ်ခုလုံးအနေဖြင့် ရိုက်ခတ်မှုများရှိခြင်းကြောင့် ဖြစ်ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်းအာဆီယံဥက္ကဋ္ဌ တာဝန်ယူရခြင်းသည် မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူမှုစီးပွားတိုးတက်ရေးတည်ဆောက်ရာတွင် အခွင့်အလမ်းကောင်းများပေး သည်ပာု ရှုမြင်ပါသည်။ “စိန်ခေါ်မှုတွေအများကြီးရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသဘောတူပါတယ်။ စိတ်လည်း ပူပါတယ်။ အထူးသဖြင့် ရိုပာင်ဂျာလူနည်းစုတွေပါဝင်တဲ့ ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ကိစ္စလိုမျိုးလူမျိုးရေးအရ အကြမ်းဖက်မှု တွေ ဖြစ်ပါတယ်”ပာု ၎င်းက ပြောပါသည်။
မြန်မာနိုင်ငံတွင် စုပြုံကျနေသောအင်အားကြီးနိုင်ငံအချို့၏ မပာာဗျူပာာအကျိုးစီးပွားများသည် ဥက္ကဋ္ဌနေရာအပေါ် လွှမ်းမိုးရန် ကြိုးစားလာမှုများရှိလာနိုင်ခြင်းကြောင့် အာဆီယံအစီအစဉ်အပေါ် မည်သို့ကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက် သော ၎င်း၏နိုင်ငံခြားရေးမူဝါဒဆောင်ရွက်ရန် နေပြည်တော်ကအနီးကပ်ကြည့်ရှုနေလိမ့်မည်ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်အချို့နှင့် တရုတ်တို့အကြားတွင် ဖြစ်ပွားနေသောနယ်မြေအငြင်းပွားမှုကိစ္စရပ်မျိုး ဖြစ်ပါသည်။ ဥပမာဆို ရသော် ၂၀၁၂ ခုနှစ်ကကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တောင်တရုတ် ပင်လယ်ကိစ္စ မဆွေးနွေးရန် အစီအစဉ်မှ ဖယ်ရှားခဲ့ရာတရုတ်၏တောင်းဆိုမှုကြောင့်ပာုစွပ်စွဲမှုများရှိခဲ့ပါသည်။
အိန္ဒိယအတွက်လည်း မြန်မာနိုင်ငံသည် မပာာဗျူပာာကျကျ အရေးပါလှပါသည်။ မြန်မာနိုင်ငံသည် အရှေ့မြောက် ဒေသနှင့် နီးကပ်နေခြင်းနှင့် ထိုဒေသမှ သူပုန်ထမှုများကို နှိမ်နင်းရာတွင်ရှိနေသောအခန်းကဏ္ဍနှင့် ဒေသတွင်းတွင် အရေးကြီးသောမိတ်ဖက်ဖြစ်နေခြင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု(BIMSTEC နှင့် မဲခေါင်ဂင်္ဂါ၊ အဆိုပြု ထားသော BCIM စင်္ကြန်ပရောဂျက်)များတွင် မပာာဗျူပာာကျစွာပါဝင်နေပါသည်။ ထို့ပြင် နယ်စပ်မျဉ်းသတ်မှတ်မှု၊ ရိုပာင်ဂျာ ဒုက္ခသည် ကိစ္စဖြစ်စေသောဘာသာရေးအကြမ်းဖက်မှုနှင့် ဇူလိုင်လကဗုဒ္ဒဂါယာဗုံးခွဲမှု ချိတ်ဆက်မှုရှိနေခြင်းများတို့ကြောင့် အိန္ဒိယ အနေဖြင့် ၎င်း၏အိမ်နီးချင်းဖြင့် ဆက်ဆံရေးမြဲနေစေရန် အလွန်တရာအရေးကြီးစွာလိုအပ်နေပါသည်။
Yangonchronicle