Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံရန် တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

$
0
0
(AFP မှ 5 Jan 2014 ရက်စွဲပါ "Suu Kyi urges army to back charter reform" သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ သမ္မတ ဖြစ်မလာအောင် လောလောဆယ် တားဆီးနေသော တပ်မတော်အစိုးရခေတ် အခြေခံဥပဒေကို ပြင်ဆင်ရေးတွင် အင်အားကြီး တပ်မတော် ပါဝင် ထောက်ခံရန် စနေနေ့က တိုက်တွန်းလိုက်ပါသည်။

တိုင်းပြည်၏ ထိပ်ဆုံး နိုင်ငံရေး အကြီးအကဲ ရာထူးကို တာဝန်ယူရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောဆို ထားသူ ဒေါ်အောင်ဆန်းစုကြည်က "တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်တွင် လက်ရှိ ဆွေးနွေးနေ သည့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် တပ်မတော်ကို မရှိမဖြစ် လိုအပ်သည်ဟု ပြောကြား သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် NLD ပါတီဝင်များကို အမှာစကား ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်က "အခြေခံဥပဒေ ပြင်ဆင်မှာလား ဆိုတဲ့ ကိစ္စမှာ တပ်မတော်ဟာ နောက်ဆုတ်နေလို့ မရပါဘူး ၊ ပါဝင်ရပါလိမ့်မယ်" ဟု ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၁ တွင် အာဏာ လွှဲပြောင်း ရရှိပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကြောင့် နိုင်ငံတကာ လက်ခုပ်သံများ ရရှိနေသော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် မီဒီယာတွင် ကြာသာပတေး နေ့က လပတ် မိန့်ခွန်းပြောကြားရာ၌ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြောဆိုထားသည်။

ဗြိတိသျှနိုင်ငံသား ခံယူထားသော သားနှစ်ယောက်၏ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟု အားလုံး ယုံကြည်နေကြသော စာပိုဒ်ဖြစ်သည့် ပြည်ပ နိုင်ငံသား ခံယူထားသူ မိသားစုဝင်များ ရှိပါက သမ္မတလောင်း အရည်အချင်းနှင့် အကြုံးမဝင်ဟု ဆိုထားသော စည်းကမ်းချက်များ ပြင်ဆင်ရေးကို ထောက်ခံ သည်ဟုလည်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

နိုင်ငံသားတိုင်း၏ တိုင်းပြည် ခေါင်းဆောင် ဖြစ်နိုင်ခွင့်ကို ပိတ်ပင်သော စည်းကမ်းများကို မလိုလားပါ ဟု သမ္မတ ဦးသိန်းစိန်က ဆိုပါသည်။

မြန်မာနိုင်ငံတွင် တပ်မတော် (စစ်တပ်) က အာဏာချုပ်ကိုင်မှု စွန့်လွှတ်ရန် လိုလားခြင်း ရှိ ၊ မရှိ တိတိကျကျ စမ်းသပ်မည့်ပွဲ ဟု ရှုမြင်ထားကြသော သော့ချက်ကျ ၂ဝ၁၅ ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်၍ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ရှေ့တန်းသို့ ရောက်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲများ အပြီးတွင် သမ္မတလောင်း သုံးဦး အနက်မှ သမ္မတ ဖြစ်လာမည့်သူကို လွှတ်တော်က ရွေးချယ်ရ မည် ဖြစ်သည်။

လူထု ရွေးကောက်သော ကိုယ်စားလှယ်အမတ်များဖြင့်သာ ဖွဲ့စည်းရမည့် လွှတ်တော်တွင် ရွေးကောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်များအတွက် နေရာ လေးပုံ တစ်ပုံ သီးသန့် ဖယ်ပေးထားသည့် တပ်မတော်အစိုး ရခေတ် ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအတွက် လှုံ့ဆော်စည်းရုံးမှုကို ဒေါ်အောင်ဆန်း စုကြည်က တစ်ရစ် ပြီး တစ်ရစ် အရှိန်မြှင့်လျက် ရှိသည်။

"ဒီ အခြေခံဥပဒေ ဟာ မမျှတဘူး ၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး ၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အခြေခံဥပဒေ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ ပွင့်ပွင့်လင်းလင်း လက်ခံရပါလိမ့်မယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က စနေနေ့တွင် ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်မှု မှန်သမျှသည် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကို လိုအပ်သောကြောင့် အနည်းဆုံး တပ်မတော်သား အချို့ ထောက်ခံမဲပေးရပါလိမ့်မည်။

NLD ပါတီကမူ အခြေခံဥပဒေကို ဦးစွာ ပြင်ဆင်မှု မပြုနိုင်သည့် တိုင်အောင် ရွေးကောက်ပွဲကိုမူ သပိတ်မမှောက်ပါဟု မကြာသေးမီက ထုတ်ဖော်ပြောကြားထားပါသည်။

ယခင် အစိုးရ (သို့) ယခင် အကြီးအကဲ လက်ထက်က ကျဆင်းသွားခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာ နှင့် ပုံရိပ်ကို လက်ခံရန် လက်ရှိ မျိုးဆက်သစ် ခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားကြသည်
Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>