Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန် မြန်မာလူထုတောင်းဆို

$
0
0
(AFP မှ 6 Jan 2014 ရက်စွဲပါ “Myanmarese call for end to harsh Laws” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန်နှင့် နိုင်ငံရေးဆက်စက်ဖမ်းဆီးမှုများ အဆုံးသတ်ရန် တောင်းဆိုသော ဆန္ဒပြချီတက်ပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့ရာ၊ အရေ အတွက် ထောင်နှင့်ချီသော လူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြလူအုပ်သည် မြို့တော်ခန်းမအနီး နှစ်နာရီကြာ စုရုံးခဲ့ကြပြီး ‘နိုင်ငံသားများအား လူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့် အပြည့်အဝပေး’ အစရှိသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာအာဏာပိုင်များက ကျန်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးလိုက်ပြီဟု ဒီဇင်ဘာ ၃၁ တွင်ပြောကြားထားသည်။ သို့ရာတွင် နိုင်ငံရေးဆက်စပ် ဖမ်းဆီးခံရသူ ၃၅ ဦး ကျန်နေသေးသည်ဟု ချီတက်ပွဲ စီစဉ်သူ ၈၈ မျိုးဆက်အဖွဲ့မှ စည်းရုံးလှုံဆော်သူ ကိုပြုံးချိုက ဆိုပါသည်။ “နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုမှန်သမျှကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြသူတစ်ဦးဖြစ်သည့် ထွန်းလင်းအောင် က ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ၎င်း၏ ကျေးရွာမှ လယ်သမား ၂၀၀ ခန့်သည် မြေအငြင်းပွားမှုများတွင် ကျူးကျော်ဝင်ရောက်မှုဖြင့် ထောင်ကျနေသည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ကို ကူညီမယ့်သူတစ်ယောက်မှ မရှိဘူး။ ကျွန်တော်တို့ ရွာသားတွေကို လွှတ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

“အငြင်းပွားလယ်မြေမှာ ဝင်ရောက်ထွန်ယက်လို့ မိဘတွေ တရားစွဲ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် အုပ်ထိန်းသူမရှိတဲ့ ကျောင်းသား၊ကျောင်းသူကလေးတွေ အများကြီးရှိပါတယ်” ဟု ထွန်းလင်းအောင်က ရှင်းလင်း ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် ရှားရှားပါးပါး အဂတိလိုက်စားမှု ကင်းစင်သော ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သူ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးနှင့် အရပ်သား လွတ်လပ်ခွင့်အသစ်များ စွာကို ခွင့်ပြုခဲ့သောကြောင့် နိုင်ငံတကာမှ ဝိုင်းဝန်းချီးကျူးခြင်း ခံရသည့်အပြင် ယခင်အစိုးရအား ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားသည့် Sanctions များကိုလည်း ရုတ်သိမ်းသွားစေခဲ့သည်။

လူထု၏ လေးစားခြင်းကို ခံရသည့် တစ်ဦးတည်းသော တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ လက်ရှိ သမ္မတဦးသိန်းစိန်သည် ၂၀၁၃ နှစ်မကုန်မှီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့ သော်လည်း အဘယ့်ကြောင့် ထောင်ထဲတွင် အချို့သူများ ကျန်နေခဲ့သနည်း ဟူသော အချက်မှာ မသဲကွဲသေးပါ ထောက်လှမ်းရေးတပ်မှူးဟောင်း နှစ်ဦးကိုလည်း လွှတ်ပေးပြီးမှ ပြန်လည် ထိန်းသိမ်းခဲ့သည့်အတွက် သို့လော၊ သို့လော သံသယမေးခွန်းများ ထွက်ပေါ်လာစေပါသည်။

နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ သတင်းထောက်များကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည့်တိုင်အောင် နိုင်ငံရေး အကျဉ်းသားမရှိပါဟု ပြောင်ပြောင်တင်းတင်း ငြင်းဆို ခဲ့သော ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကာလတွင် မတရားသဖြင့် ထင်တိုင်းကြဲ ဖမ်းဆီးမှုများမှာ ထိုခေတ်၏ အထင်ကရ ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။

yangonchronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...