Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြင်လဲပြင်ကြမယ် ၀င်လဲဝင်ရမယ်

$
0
0
ထင်လင်းဦး (Wisdom Villa)
The Ladies journal (5.1.2014)

၂၀၁၃ကိုတော့ နှုတ်ဆက်ခဲ့ပြီ ၂၀၁၄ကိုလှမ်းမျှော်ကြတော့မယ် ။ တကယ်တမ်းကျတော့လည်း နှစ် တစ်နှစ်ရဲ့ အကူးအပြောင်းကာလဆိုတာဘာမှမဟုတ်ပါဘူး ၂၀၁၄ ခုနှစ်ရဲ့ပထမဆုံးနေ့ဟာ ၂၀၁၃ ရဲ့ မနက် ဖြန် ဖြစ်ပြီးတော့ ၂၀၁၃ ရဲ့ နောက်ဆုံးနေ့ဟာ ၂၀၁၄ ရဲ့မနေ့ကပါပဲ ။ နှစ်သစ်တစ်ခုကို ကြိုဆိုနှုတ်ခွန်းဆက်တဲ့ Happy New Year ဆိုတဲ့ ဟစ်ကြွေးသံတွေဟာလည်းတကယ့်တကယ်တမ်းကျတော့ မနေ့ကကို ဒီနေ့နဲ့ လဲလှယ်လိုက်တဲ့သဘောပါပဲ ။

၂၀၁၃ခုနှစ်ရဲ့နောက်ဆုံးရက်များထဲက တစ်ရက်ဖြစ်တဲ့ ၂၈ရက်နေ့က NLD ပထမအကြိမ် ဗဟို ကော်မတီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ် ။ အဲဒီအစည်းအဝေးမှာ ယခင် NLD ဟောင်းများ ဖြစ်ကြတဲ့ ဒေါက်တာသန်းဝင်း နဲ့ ဦးတင်အောင်အောင် တို့ကို အဖွဲ့ဝင်များအဖြစ် ပြန်လည်လက်ခံ ဖို့ဆုံးဖြတ် ခဲ့ကြတယ်လို့ သိရပါတယ် ။ အခြေအနေတစ်ခုမှာ မိခင်ပါတီကနေထွက်ခွာပြီး သီးခြားပါတီတစ်ခုကို တည် ထောင်ပါဝင်ကြလို့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ခဲ့ကြပေမဲ့ မိခင်ပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံပြန်တင်ခဲ့ချိန်မှာ မိမိတို့ပါတီကနေနှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်များ အဖြစ်ရပ်တည်ခဲ့ကြတယ် ။ ပြီးနောက် ပထမအကြိမ်ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးမှာ ပါတီဝင်အဖြစ်ပြန်လည်လက်ခံဖို့ လျောက်ထားခဲ့ကြတယ် ။ အဲဒီအချိန်က ပါတီကော်မတီက ညီလာခံ ကိုယ် စားလှယ်များရှေ့မှောက်မှာ အဆုံးအဖြတ်ခံယူတဲ့အခါ အများစုကသဘောမတူတဲ့အတွက် ပြန်လည် လက်မခံ ရေးကိုဆုံးဖြတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ တစ်ဦးချင်းစီက ဒုတိယအကြိမ်ပြန်လည်အဆိုပြုလျောက်ထားရာမှာတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ ဗဟိုကော်မတီဝင်များက ပြန်လည်လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါ တယ် ။ တစ်ချိန်မှာကွဲပြားကြပေမဲ့ လိုအပ်ချိန်မှာ ပြန်လည်ရင်ကြားစေ့တတ်တဲ့ အဲဒီလိုအလေ့အထများ မြန်ပြည် တစ်လွှား ကြီးထွားသန်မာလာရင်ကောင်းလေစွ လို့လဲ ဆန္ဒပြုမိရပါတယ် ။

အဲဒီအစည်းအဝေးအပြီးမှာ ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာ NLD ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညဏ် ၀င်းက ဖွဲ့စည်းပုံကို ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲကိုဝင်မှာပါ လို့ ပြောခဲ့ပါတယ် ။ ဒီစကား ကြောင့် ဟေးကနဲ ဖြစ်ရသူတွေရှိသလို ဟာကနဲဖြစ်ခဲ့ရသူတွေလည်းရှိကြပါတယ် ။ ဒါပေါ့ဒီလိုပဲဖြစ်ရမှာပေါ့လို့ ထောမနာပြုသူတွေရှိသလို ဒီလိုဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုအလျော့ပေးလိုက်သလိုဖြစ်မှာပေါ့လို့ အားပျော့ နွမ်းလျှသွားသူတွေလည်းရှိနိုင်ပါတယ် ။ ဒါကြောင့် အဲဒီအချက်ကို ကိုယ်မြင်တဲ့ရှုထောင့်ကနေ တင်ပြသွားချင် ပါတယ် ။
NLD က ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကို ကြွေးကြော်သံသုံးရပ်အနက်က တစ်ချက်အဖြစ်စွဲကိုင်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့ပါတယ် ။ အဲဒီကြွေးကြော်သံအတိုင်းပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးကို စိုက်လိုက်မတ်တတ်လုပ်ဆောင်ခဲ့ပါတယ် ။ ၂၀၁၃ ခုနှစ်အတွင်းမှာပြုလုပ်ခဲ့တဲ့ လူထုဟောပြောပွဲများ ၊ ပြည်သူ့ဆန္ဒခံယူပွဲများမှာဆိုရင် NLD ဘယ်လောက်လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို အထင်းသား မြင်သာ ခဲ့ပါတယ် ။ ကော့မှူးနဲ့ သာယာဝတီမှာ ကျင်းပတဲ့ ပြည်သူ့ဆန္ဒခံယူပွဲများမှာဆိုရင် အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒကို ပြင်ဆင်မပေးဖူးဆိုရင် NLD က ဘာဆက်လုပ်မှာလဲ ဆိုတဲ့မေးခွန်းတွေဟာ ပြည်သူ တွေကြား ကနေ ပေါ်ထွက်လာခဲ့ပါတယ် ။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုဖြေခဲ့သလဲ ဆိုတာဟာ NLD ရဲ့ နိုင်ငံရေးလမ်းကို မြင်သာခဲ့ပါတယ် ။ ကျမတို့မှာ ဆက်လုပ်သွားမဲ့ အစီအမံတွေရှိပါတယ် ။ ဒါပေမဲ့ ကျမတို့ဟာ နိုင်ငံကို ထိခိုက်စေမဲ့ ၊ ပြည်သူတွေနစ်နာမဲ့ လမ်းကို ဘယ်တော့မှမရွေးပါဘူး ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့စကားဟာ သူမနဲ့ သူမဦးဆောင်တဲ့ NLD ဟာ ထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းကို ဘယ်တော့ မှမရွေးချယ်ဖူး ၊ ပြည်သူ့အားကို အလွဲအသုံးမချဖူးဆိုတာ ပြက်ပြက်ထင်ထင်မြင်ရစေခဲ့ပါတယ် ။
အဲဒီသာယာဝတီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ခွန်းကို အကောက် အယူ လွဲမှားဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်က ပေါ်ထွက်လာပါတယ် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် ဆင်ဖူး ဆိုရင် ဂုဏ်သိက္ခာရှိသူတွေအနေနဲ့ ရွေးကောက်ပွဲမ၀င်သင့်ဖူးဆိုတဲ့စကားကို NLD က ရွေးကောက်ပွဲ ၀င်မှာ မဟုတ်ဆိုတဲ့သဘောမျိုးနဲ့ အတည်အခိုင်ကြီး မျက်နှာဖုံးသတင်းတင်လိုက်လေတော့ အဲဒီသတင်းဟာ အတော် ကို ဂယက်ရိုက်သွားခဲ့ပါတယ် ။ တကယ်တမ်းကျတော့ ဒီဥပဒေကို အခိုင်အမာအကာအကွယ်ယူထားတဲ့ သူ တွေကို ရည်ညွှန်းပြောဆိုခဲ့တာပါ ။ အဲဒီပွဲမှာပြောဆိုတဲ့စကားကို ကိုယ်တိုင်ကိုယ်ကျ နားမထောင်ရပဲ သတင်းပဲ ဖတ်ခဲ့ရသူတွေကြားမှာတော့ သဘောထားနှစ်ခုကွဲလွဲပေါ်ထွက်ခဲ့ပါတယ် ။ ပထမ သဘောထားကတော့ ဖွဲ့စည်းပုံကိုမပြင်ဆင်ဖူးဆိုရင် အဓိကဦးဆောင်ပါတီကြီးတစ်ခုအနေနဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ရမယ် ။ ရွေးကောက်ပွဲမ၀င်တာမှန်တယ် ဆိုတဲ့အယူအဆဖြစ်ပြီး နောက်သဘောထားကတော့ ဒီဦးဆောင်ပါတီကြီး ကမှ ရွေးကောက်ပွဲမ၀င်တော့ဖူးဆိုရင်ဒီဥပဒေကို ဘယ်လိုလုပ်ပြင်နိုင်တော့မှာလဲ၊ ဘယ်တော့ပြင်နိုင်တော့မှာလည်း ၊ မြန်မာ့နိုင်ငံရေးကတော့ ရေစုံမျောဦးတော့မှာပဲ ဆိုတဲ့ အယူအဆဖြစ်ပါတယ် ။ အဲဒီလိုအခြေအနေမျိုးမှာ ဦးညဏ်ဝင်းက ဖွဲ့စည်းပုံကို ပြင်သည်ဖြစ်စေ ၊ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲကို ၀င်မယ်လို့ဆိုလာတော့ ဟေး ကနဲ ဖြစ်ရသူတွေရှိသလို ဟာကနဲ ဖြစ်ခဲ့ရသူတွေလည်း ပေါ်ထွက်လာခဲ့တာပါ ။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရတော့ စာရေးသူအနေနဲ့ ဖွဲ့စည်းပုံကိုလည်းပြင်ရမယ် ၊ ရွေး ကောက် ပွဲကိုလည်းဝင်ရမယ် ။ ပြင်လဲပြင်ရမယ် ၀င်လည်းဝင်ရမယ် ဆိုတဲ့အယူအဆကိုပဲတင်ပြချင်ပါတယ် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမပြင်ဆင်နိုင်ရင် နိုင်ငံတော်ကို အရှိန်အဟုန်နဲ့ တည်ဆောက်ရေးဆိုတာ ပါးစပ် ပြောပဲ ဖြစ်လိမ့်မယ် တကယ်အကောင်အထည်ပေါ်လာမှာမဟုတ်ပါဖူး ၊ အခုကိုပဲ တိုင်းပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေဟာ လိပ်ခဲတည်းလည်းနဲ့ နောက်မ ဆုတ် ရှေ့မတိုးအခြေအနေမှာရပ်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဿနာကြောင့်ပါပဲ ။ ဒီအခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုရင် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့မဖြစ်နိုင်ပါဖူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ရှင်းရှင်းလင်းလင်းပြောထားပါ လျက်နဲ့ မကြာခင်ပဲ နည်းလမ်းအသစ်တွေနဲ့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်နိုင်တော့မလိုလို ကြွေး ကြော် နေတဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုအကျိုးတော်ဆောင်လူကြီးမင်း ကိုလည်း အံ့သြဖွယ်ရာ မြင်တွေ့ နေရပါတယ်။ အစိုးရသက်တမ်းသုံးနှစ်ကျော်လာပြီဖြစ်သည့်တိုင် ဘယ်ပြဿနာကိုမှ ဟုတ်တိပတ်တိ မဖြေရှင်း နိုင်ဖူးဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အားကောင်းမောင်းသန်အစိုးရအဖွဲ့ကို မတည် ဆောက် နိုင်ပဲ ခြစားဖူးတဲ့တိုင်တွေနဲ့ အိမ်သစ်ဆောက် သလိုမျိုး အရင်အတိုင်းအရင်လူတွေနဲ့သာ စခန်း သွားနေတာက အကြောင်းရင်းခံပါ ။
အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ချွတ်ယွင်း အားနည်းချက်တွေအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ အလုံးစုံအကုန်ပြင်ဆင်ဖို့ ဆိုတာ မဖြစ်နိုင်သော်လည်းပဲ မပြင်မဖြစ်ပြင်ကိုပြင်ရမဲ့ အချက် တွေကို ဦးစားပေးပြီး ပြင်ကိုပြင်နိုင်ဖို့ အားထုတ်ကြရမှာပါ ။ ဒါမှသာ တိုင်းပြည်အတွက် တကယ် လိုအပ် ချက်ဖြစ်တဲ့ အားကောင်းမောင်းသန်ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရများ ပေါ်ထွန်း လာနိုင် မှာဖြစ်ပြီး တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို ထိထိ ရောက် ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ ။ ဒါဟာ ဖွဲ့စည်းပုံပြင် ဆင်ရေးဟာ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ တစ်စွန်းတစ်စမျှ ထောက်ပြတာဖြစ်ပါတယ် ။

ဒီလိုဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင်ချက်ကို တစ်ဖက်က လုပ်ဆောင်နေချိန်မှာပဲ တစ်ဖက်ကလည်း ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှုကို တစ်ပြိုင်နက်တည်း ဆက်လက်လုပ်ဆောင် သွားရမှာ ဖြစ်ပါ တယ်။ ဒါဟာတစ်ခုဖြစ်မှတစ်ခုဆက်လက်လုပ်ဆောင်ရမဲ့ ဆင့်ကဲဖြစ်ပေါ်မှုမဟုတ်ပါဖူး ၊ တစ်ပြိုင်နက်ဖြစ်စဉ် ဖြစ်ရပါမယ် ။ ဖွဲ့စည်းပုံကိုမပြင်လို့ ရွေးကောက်ပွဲမ၀င်ဖူးလို့ဆိုရင် မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုး ဖောက်တယ်ဆိုတဲ့ စကားလုံးကြီး နဲ့ စွပ်စွဲပြစ်တင်မှုအောက်ကို ကွက်တိခွင်ကျရောက်သွားမှာဖြစ်ပါတယ် ။ အစက ဘာဖြစ်လို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခဲ့သလဲဆိုတဲ့ နိုင်ငံရေးခနိုးခနဲ့စကားလုံး တွေက အပြင်းအထန် ထွက်ပေါ်လာပါလိမ့်မယ် ။ နောက်တစ်ခုက ရွေးကောက်ပွဲမ၀င်တဲ့ နိုင်ငံရေးပါတီ အနေနဲ့ တရားဝင် ရပ်တည် ခွင့်မရှိတော့ပဲ ပါတီကိုဖျက်သိမ်းခြင်းခံရမှာဖြစ်ပါတယ် ။ အဲဒါဆိုရင် NLD ပါတီနဲ့ ပါတီဝင်များဟာ အခုလို အားကောင်းမောင်းသန်နိုင်ငံရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဖူး ။ အမျိုးမျိုးသော ပုဒ်မများ ပုဒ်ထီးများနဲ့ အရေးယူပိတ်ပင်တားမြစ်မှုများကို ရင်ဆိုင်ရင်း အော်ရင်း ဟစ်ရင်း အသံဝင် တိမ်ပျောက် သွားရတဲ့အဖြစ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ် ။ NLD အနေနဲ့ ဟထားသောခံတွင်းများ ၊ ချထားသော ထောင် ချောက် များကို အကွက်မြင်မြင်နဲ့ ပါးနပ်စွာ ရှောင်ရှားသွားနိုင်ရပါလိမ့်မယ် ။ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ လိုအပ်ချက် များ အများစုကို ထိရောက်သောပြင်ဆင်မှုများ မလုပ်နိုင်ခဲ့ဖူးဆိုရင် ရွေးကောက်ပွဲကိုဝင်တော့ဝင်မယ် ဘယ်လို ပုံစံ မျိုးနဲ့ဝင်မလဲ ။ အဖြစ်ပဲပြင်ရင် အဖြစ်ပဲဝင်မယ်ဆိုတဲ့ပုံစံကို ရွေးချယ်မလား ၊ အင်တိုက်အားတိုက်နဲ့ ရွေး ကောက် ပွဲဝင်ပြီး ပြည်သူ့အားနဲ့ အားပြည့်အင်ပြည့်အနိုင်ယူပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ခွင့် ရအောင် လုပ်မလားဆိုတာကတော့ ပါတီရဲ့ ဦးဆောင်လမ်းညွှန်သူတွေက အလေးအနက် ဆုံးဖြတ်သွားကြရမှာ ဖြစ်ပါ တယ် ။

လာမည့် ၂၀၁၄ ခုနှစ်ကတော့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူလူပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးကို စိန်ခေါ်မှုများနဲ့ စတင်ဖွင့်လှစ် ပါတော့မယ် ။ ဒီတိုက်ပွဲကို ဂုဏ်သိက္ခာစစ်ပွဲလို့တောင် အမည် တပ်ချင်ပါတယ် ။ ဘယ်သူက ပြည်သူကို ငဲ့ကွက်မလည်း ၊ ဘယ်သူက ကိုယ်ကျိုးကို ရှေ့တန်းတင် မလဲ ဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ် ။ စာရေးသူ အနေနဲ့ကတော့ NLD အနေနဲ့ အလှန့်တွေ၊ အဟန့်တွေ၊ ဆင်လုံးတွေ ၊ ထွင်လုံးတွေကို နိုင်ငံရေး သတိအမြဲရှိပါ လို့သတိပေးချင်ပါတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း မလျော့မပေါ့ အားထုတ် ဆောင်ရွက်ပါ ။ ရွေးကောက်ပွဲကို ပိုင်ပိုင်နိုင်နိုင် ၀င်ရောက်ယှဉ်ပြိုင်ဖို့ လည်း အားထုတ်ပါ။ ပြည်သူနဲ့ NLD မြဲမြံစွာ လက်ချင်းတွဲလို့ ပြင်လည်းပြင်ကြမယ် ၊ ၀င်လည်းဝင်ကြမယ် လို့ တပ်လှန့် နှိုးဆော်လိုက်ပါတယ် ။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>