Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာဂျာနယ်လစ်များ ၎င်းတို့၏ သတင်းထောက်တစ်ဦး လွှတ်ပေးရန် တောင်းဆို

$
0
0
(7 January 2014 ရက်စွဲပါ VOA News မှ Burmese Journalists demand release of their colleague ကို ဘာသာပြန်ဆိုသည်)
မြန်မာဂျာနယ်လစ် ဒါဇင်ပေါင်းများစွာသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူအား လွှတ်ပေးရေး တောင်းဆို ဆန္ဒပြကြပါသည်။ သတင်းထောက် မခိုင်ကို ထောင်ဒဏ် သုံးလချမှတ်ခြင်းခံရပါသည်။

အင်္ဂါနေ့က ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများသည် “လွတ်လပ်စွာ သတင်းရယူခွင့်သည် ဒီမိုကရေစီ ၏ အသက်” ဟူသော ပိုစတာများကိုင်ဆောင်၍ ရန်ကုန်မြို့လယ်ကို ဖြတ်၍ ချီတက်ကြပါသည်။

မခိုင်သည် အဂတိလိုက်စားမှုနှင့် ပတ်သက်သော အဖြစ်အပျက်အတွက် သတင်းရယူစဉ် ကယားပြည်နယ်၌ အဖမ်းခံခဲ့ရပါသည်။

သူသည် ရှေ့နေတစ်ဦးအား မေးမြန်းပြီးနောက် တစ်ပါးသူပိုင်နက်သို့ ကျူးကျော်ဝင်ရောက်ခြင်း၊ ရိုင်းစိုင်းသော စကားများ အသုံးပြုခြင်း၊ တစ်ပါးသူအား စော်ကားခြင်း စသည်ဖြင့် ပြီးခဲ့သည့်လက တရားစွဲဆိုခံခဲ့ရပါသည်။ သူ၏ အလုပ်ရှင် Eleven Media group နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက ပြစ်ဒဏ်ချမှုမှာ နိုင်ငံရေး အရ တွန်းအား ပေးခြင်း တစ်ခုဖြစ်သည်ဟု သံသယရှိကြပါသည်။

၂၀၁၁ ခုနှစ်တွင် စစ်အစိုးရ အုပ်ချုပ်မှုပြီးဆုံးသွားပြီးနောက် အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်းတွင် စာပေစီစစ်ရေးကို ဖယ်ရှားပေးခြင်း၊ ထောင်ကျနေသော ဂျာနယ်လစ်များ လွှတ်ပေးခြင်းများ အပါအဝင် မီဒီယာ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပါသည်။

သို့သော်လည်း မီဒီယာအခွင့်အရေးအုပ်စုဖြစ်သော Reporters Without Borders က သတင်းစာ လွတ်လပ်ခွင့် နှင့် ပတ်သက်၍ မြန်မာနိုင်ငံအား နိုင်ငံပေါင်း (၁၇၉) နိုင်ငံရှိသည့်အနက် အဆင့် (၁၅၁) သာ သတ်မှတ်ပါသည်။ အဆိုပါ အဖွဲ့က မခိုင်၏ အမှုအား ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ပါသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>