Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည် ဖလမ်း၊ ဟားခါးခရီးစဉ် တစ်ရက်တာ

$
0
0

မဇ္ဈိမ။ ။ ချင်းပြည်နယ်ကို ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၈ရက် နံနက် ၆နာရီ ၅၀နိနစ်ခန့်တွင် တီးတိန်မြို့မှ စတင်ထွက်ခွာပြီး ဖလမ်းမြို့သို့ နေ့လည် ၁၂နာရီ တိတိတွင် ရောက်ရှိသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာတွင် ခေတ္တနားနေပြီး ဘောလုံးအားကစားကွင်းတွင် ဒေသခံများနှင့် တွေ့ဆုံကာ နေ့လည် ၁နာရီ ၁၅မိနစ်ခန့်တွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲ၌ 'လူသားတစ်ဦးချင်း နှလုံးသားအရ ဆက်စပ်မှုရှိနေပါက သွေးသားတော်စပ်မှုသည် အဓိက မကျ' ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဟောပြောပွဲသို့ လာရောက်အားပေးသည့် ပရိတ်သတ်နှစ်ထောင်ခန့်ရှိပြီး "အမေစု ကျန်းမာပါစေ"ဟု ကြွေးကြော်ခဲ့ကြသည်။

ယင်းကဲ့သို့ သူမ၏ ဟောပြောပွဲတွင် တက်ကြွစွာ လာရောက်အားပေးသည့် ပရိတ်သတ်များရှိသလို ဟောပြောပွဲလာရောက်မည့် ဝန်ထမ်းမျာကို တားဆီးမှုများလည်း ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဟောက်ဇနန်း ကပြောဆိုကြောင်း ထိုနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

ယင်းသို့ တားမြစ်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်က “ဘယ်ဌာနကပြောတာလဲ။ ဘယ်ကျောင်းက ပြောတာလဲဆိုတာ တင်ပြပါ။ ဝန်ထမ်းတွေကလည်း မကြောက်ပါနဲ့။ ဒါက ဒီမိုကရေစီကို ချိုးဖောက်တာ” ဟု ဆိုသည်။

ထို့အပြင် သူမ၏ဟောပြောပွဲသို့ မလာရန် အစိုးရဝန်ထမ်းများအား အမှန်တစ်ကယ် ပိတ်ပင်ထားပါက ချင်းပြည်နယ်အစိုးရကို တရားဝင် ကန့်ကွက်သွားမည်ဟု အတိုက်အခံခေါင်းဆောင်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲအပြီးတွင် ဖလမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကလေးများကို ကျောင်းဆင်းချိန်မရောက်သေးသော်လည်း ဟောပြောပွဲသို့ လွှတ်ပေးလိုက်သည့်အတွက် အလယ်တန်းအဆင့် ကလေးငယ်များ ရောက်ရှိလာသည်။ ထိုသို့ ရောက်ရှိလာသော ကလေးများ၏ အသံကို ဒေါ်အောင်ဆန်းစုကြည်က ကြားချင်သောကြောင့် သီချင်း သံပြိုင်ဆိုစေရာ ကလေးငယ်များက မြန်မာ့ကျောင်းသားသီချင်းကို သီဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ဒေါ်အေင်ဆန်းစုကြည် အပါအဝင် လုံခြုံရေးအဖွဲ့ဝင်များက ခင်မောင်တိုး သီဆိုထားသည့် “အရှုံးမပေးနဲ့ မီးငယ်ရေ” သီချင်းကို ပြန်လည် သီဆိုခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၇ရက်က တီးတိန်မြို့ ဇိုနွမ်ဇန်ကျေးရွာရှိ ဆရာတော် ရှင်ဆန္ဒဓိက၏ မူလတန်းလွန်ကျောင်းဆောင်သစ် ဖွင့်ပွဲတွင် ကျောင်းသားများ နိုင်ငံရေးလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သေးသည်။

ထိုဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟားခါးမြို့သို့ ခရီးဆက်လက် ထွက်ခွာသွားပြီး ညနေ ၅နာရီ ၂၀မိနစ်ခန့်တွင် ဟားခါးမြို့သို့ ရောက်ရှိခဲ့သည်။ သူမသည် ဟားခါးမြို့ ပြည်ထောင်စု ရိပ်သာတွင် တည်းခိုရန် စီစဉ်ထားသော်လည်း အခန်းမလုံလောက်သည့် အတွက် ချယ်ရီတည်းခိုခန်းတွင်သာ တည်းခိုလိုက်ရသည်။

ဇန်နဝါရီ ၉ရက် နံနက် ၈နာရီတွင် ဟားခါးမြို့ ဘောလုံးကွင်း၌ ဟောပြောပွဲလုပ်မည်ဖြစ်သည်။

ထို့အပြင် ဇန်နဝါရီ ၉ ရက်၌ပင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိပြီး ဇန်နဝါရီ ၁ဝ
ရက်နံနက် ၈ နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက် စတောင် ဘောလုံးကွင်းတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။ ဇန်နဝါရီ ၁ဝရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်
ခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။
Photo: ဒေါ်အောင်ဆန်းစုကြည် ဖလမ်း၊ ဟားခါးခရီးစဉ် တစ်ရက်တာ မဇ္ဈိမသတင်းဌာန ရန်ကုန်၊ မဇ္ဈိမ။ ။ ချင်းပြည်နယ်ကို ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၈ရက် နံနက် ၆နာရီ ၅၀နိနစ်ခန့်တွင် တီးတိန်မြို့မှ စတင်ထွက်ခွာပြီး ဖလမ်းမြို့သို့ နေ့လည် ၁၂နာရီ တိတိတွင် ရောက်ရှိသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာတွင် ခေတ္တနားနေပြီး ဘောလုံးအားကစားကွင်းတွင် ဒေသခံများနှင့် တွေ့ဆုံကာ နေ့လည် ၁နာရီ ၁၅မိနစ်ခန့်တွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲ၌ 'လူသားတစ်ဦးချင်း နှလုံးသားအရ ဆက်စပ်မှုရှိနေပါက သွေးသားတော်စပ်မှုသည် အဓိက မကျ' ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ဟောပြောပွဲသို့ လာရောက်အားပေးသည့် ပရိတ်သတ်နှစ်ထောင်ခန့်ရှိပြီး "အမေစု ကျန်းမာပါစေ"ဟု ကြွေးကြော်ခဲ့ကြသည်။ ယင်းကဲ့သို့ သူမ၏ ဟောပြောပွဲတွင် တက်ကြွစွာ လာရောက်အားပေးသည့် ပရိတ်သတ်များရှိသလို ဟောပြောပွဲလာရောက်မည့် ဝန်ထမ်းမျာကို တားဆီးမှုများလည်း ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဟောက်ဇနန်း ကပြောဆိုကြောင်း ထိုနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။ ယင်းသို့ တားမြစ်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်က “ဘယ်ဌာနကပြောတာလဲ။ ဘယ်ကျောင်းက ပြောတာလဲဆိုတာ တင်ပြပါ။ ဝန်ထမ်းတွေကလည်း မကြောက်ပါနဲ့။ ဒါက ဒီမိုကရေစီကို ချိုးဖောက်တာ” ဟု ဆိုသည်။ ထို့အပြင် သူမ၏ဟောပြောပွဲသို့ မလာရန် အစိုးရဝန်ထမ်းများအား အမှန်တစ်ကယ် ပိတ်ပင်ထားပါက ချင်းပြည်နယ်အစိုးရကို တရားဝင် ကန့်ကွက်သွားမည်ဟု အတိုက်အခံခေါင်းဆောင်က ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲအပြီးတွင် ဖလမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကလေးများကို ကျောင်းဆင်းချိန်မရောက်သေးသော်လည်း ဟောပြောပွဲသို့ လွှတ်ပေးလိုက်သည့်အတွက် အလယ်တန်းအဆင့် ကလေးငယ်များ ရောက်ရှိလာသည်။ ထိုသို့ ရောက်ရှိလာသော ကလေးများ၏ အသံကို ဒေါ်အောင်ဆန်းစုကြည်က ကြားချင်သောကြောင့် သီချင်း သံပြိုင်ဆိုစေရာ ကလေးငယ်များက မြန်မာ့ကျောင်းသားသီချင်းကို သီဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ဒေါ်အေင်ဆန်းစုကြည် အပါအဝင် လုံခြုံရေးအဖွဲ့ဝင်များက ခင်မောင်တိုး သီဆိုထားသည့် “အရှုံးမပေးနဲ့ မီးငယ်ရေ” သီချင်းကို ပြန်လည် သီဆိုခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၇ရက်က တီးတိန်မြို့ ဇိုနွမ်ဇန်ကျေးရွာရှိ ဆရာတော် ရှင်ဆန္ဒဓိက၏ မူလတန်းလွန်ကျောင်းဆောင်သစ် ဖွင့်ပွဲတွင် ကျောင်းသားများ နိုင်ငံရေးလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သေးသည်။ ထိုဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟားခါးမြို့သို့ ခရီးဆက်လက် ထွက်ခွာသွားပြီး ညနေ ၅နာရီ ၂၀မိနစ်ခန့်တွင် ဟားခါးမြို့သို့ ရောက်ရှိခဲ့သည်။ သူမသည် ဟားခါးမြို့ ပြည်ထောင်စု ရိပ်သာတွင် တည်းခိုရန် စီစဉ်ထားသော်လည်း အခန်းမလုံလောက်သည့် အတွက် ချယ်ရီတည်းခိုခန်းတွင်သာ တည်းခိုလိုက်ရသည်။ ဇန်နဝါရီ ၉ရက် နံနက် ၈နာရီတွင် ဟားခါးမြို့ ဘောလုံးကွင်း၌ ဟောပြောပွဲလုပ်မည်ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီ ၉ ရက်၌ပင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိပြီး ဇန်နဝါရီ ၁ဝ ရက်နံနက် ၈ နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက် စတောင် ဘောလုံးကွင်းတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။ ဇန်နဝါရီ ၁ဝရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>