Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လေးပွင့်ဆိုင် ထပ်တောင်းဆိုလျှင် သူထောက်ခံ၊ ကျန်၂ဦးကိုပါ လက်ခံဖို့တိုက်တွန်းမည်ဟု သူရဦးရွှေမန်းပြော

$
0
0

ဖွဲ့စည်းပုံပြင်ဆင်ရေး ပဏာမဆွေးနွေးဖို့အတွက် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် ထပ်မံတောင်းဆိုလာရင် သူ့အနေနဲ့ ကြိုဆိုထောက်ခံပြီး တွေ့သင့်တယ်လို့ယူဆတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ကြိုဆိုထောက်ခံမှုဟာ လေးပွင့်ဆိုင်တွေ့ဆုံဖို့ အချိန်မကျသေးဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ဆုံဆွေးနွေးရေး လက်ခံလာအောင် တိုက်တွန်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်လို့ ရှင်းရှင်းလင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နားလည်မှုရှိရှိ မဟာမိတ်အဖြစ် လက်တွဲနေတယ်လို့ တရားဝင်ကြေညာထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက နိုင်ငံအတွက် ကောင်းမယ့် ကိစ္စတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတာ အကောင်းဆုံးနည်းလမ်းပဲလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ခမ်းမမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားခဲ့တဲ့ သူရဦးရွှေမန်းက ၂ဝ၁၆မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင် သူ့အနေနဲ့ ဝမ်းသာလှိုက်လှဲစွာ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ပြောဆိုခဲ့သလို တရားမျှတမှုကို ချစ်မြတ်နိုးတဲ့သူ့အတွက် လွှတ်တော်ဥက္ကဌရာထူးကို စစ်ဗိုလ်ချုပ်ကြီးရာထူးထက် ပိုပြီး သဘောကျတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပြီးနောက်မှာ သမ္မတဦးသိန်းစိန်က ပါတီခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ လက်မခံဘဲ ပယ်ချခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်ကို တာဝန်သိတတ်မှုမရှိသူအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

Kamayut Media (24-1-2014)

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>