Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အများပြည်သူတို့အတွက် မီးသင်္ဂြိုဟ်စက် အလှူ

$
0
0
၂၃.၁.၂ဝ၁၄ ကြာသပတေးနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပဲခူးတိုင်ဒေသကြီး ပျဉ်ပုံကြီးမြို့ရှိ မိဘပြည်သူများ၏ နာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အများ ပြည်သူတို့၏ စေတနာ သဒ္ဓါတရားတို့ဖြင့် လှူဒါန်းထားသော အလှူငွေတို့ဖြင့် ထပ်ဆင့်ပြန်လည်တည်ဆောက် လှူဒါန်းထားခဲ့သော “မီးသင်္ဂြိုဟ်စက်” ရေစက်သွန်းချ လှူဒါန်းပွဲအား ပျဉ်ပုံကြီးမြို့ ဘုံသာဝေယာန် ဓမ္မဗိမ္မာန် တော်၌ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ သွားရောက်ခဲ့ကြပြီး ပျဉ်ပုံကြီးမြို့ မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေး နာယက ရာတော်ကြီးများ၊ ရပ်မိ/ဖများနှင့် အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များမှ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီးနောက် မီးသင်္ဂြိုဟ်စက်အား အများပြည်သူတို့ကိုယ်စား ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။

မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူခဲ့ပြီး လှူဒါန်းရခြင်းနှင့် ပါတ်သတ်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။ ထို့နောက် ပျဉ်ပုံကြီးသုဿန်သို့သွားရောက်ကာ မီးသင်္ဂြိုဟ် စက်အား သွားရောက်လေ့လာကြပြီး အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ ပရဟိတ ညီအစ်ကို မောင်နှမများနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငွေကျပ်သိန်း (၉ဝ) ကျော် အကုန်ကျခံ ၍ မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် အများပြည်သူတို့အား ပြန်လည် လှူဒါန်းပေးခဲ့သော ကောင်းမှုအစုစုတို့အား မိဘပြည်သူအပေါင်း တို့ မုဒိတာပွားနိုင်ကြ၍ သာဓုအနုမောဒနာ ကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေသော်ဝ်။

အများပြည်သူတို့အတွက် အများပြည်သူကောင်းမှု။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...