(Bloomberg Business week မှ 4 Feb 2014 ရက်စွဲပါ “China’s oil pipeline through Myanmar brings both energy and resentment” သတင်းကို ဘာသာပြန်ဆိုသည်။)
မကြာသေးမှီ အချိန်ကအထိ တရုတ်နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှုများကို အင်ဒိုနီးရှားနှင့် မလေးရှား အကြားမှ မလက္ကာရေလက်ကြားဟုခေါ်သော ရေလမ်းကျဉ်းကျဉ်းကို ဖြတ်သန်း၍ သဘောင်္များဖြင့် သယ်ဆောင် နေကြရဆဲ ဖြစ်သည်။ တစ်နေ့နေ့တွင် ရန်လိုတိုက်ခိုင်လာနိုင်သည့် တပ်ဖွဲ့များက အရေးပါသော ရေလက်ကြား ပိတ်ဆို့မှု ရှိလာနိုင်ပြီး တရုတ်ပြည်အတွက် စွမ်းအင်ပြတ်တောက်သွားမည့်အချက်ကို တရုတ်ခေါင်းဆောင်များ ကာလရှည် ကြာသော ရောက်ခဲ့ကြသည်။
၂၀၀၉တွင်မှု ထိုသောကကိုလျှော့ချရန် အကြောင်းဖန်လာခဲ့ပြီး၊ ဒေါ်လာ ၂.၅ ဘီလီယံတန် သဘောတူ စာချုပ်ကို တရုတ်စာချုပ်ကို တရုတ်-မြန်မာနှစ်နိုင်ငံမှ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီးနှစ်ခုတို့ လက်မှတ်ထိုးခဲ့ကြသည်။ မြန်မာအနောက်ဖက် ကမ်းရိုးတန်းမှ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ မိုင် ၅၀၀ ကျော်ရှည်သော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများချရန် တရုတ် CNPC နှင့် မြန်မာ MOGE တို့ သဘောတူခဲ့ ကြခြင်းဖြစ်သည်။ ယခု နှစ်ကုန်ပိုင်းတွင် ရေနံစိမ်းပိုက်လိုင်းများစတင်လည်ပတ်ပါက အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်း တင်ဆောင် လာသော ရေနံတင်သဘောင်္များ ကျောက်ဖြူဆိပ်ကမ်းတွင် ဆိုက်ကပ်ကာ တရုတ်ပြည်သို့ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၄၀,၀၀၀ ခန့်တင်ပို့ပေးနိုင်မည်ဖြစ်သည်။ ရေနံစိမ်းပိုက်လိုင်းသည် ၇၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ ဇွန်လတွင် စတင်ပို့ဆောင်နိုင်လိမ့်မည်ဟု စွမ်းအင်သတင်းဌာန Platts က သတင်းဖေါ်ပြထားသည်။
ယှဉ်တွဲသွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းမှာမူ ပြီးခဲ့သော ဇူလိုင်လကတည်းက စတင်လည်ပတ်နေပြီး၊ တရုတ်နိုင်ငံဖက်သို့ တစ်နှစ်လျှင်တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံတင်ပို့နိုင်စွမ်းရှိသည်။ တရုတ်နိုင်ငံအတွက် ပိုက်လိုင်းဖြင့်သွယ်ယူရသော ဓာတ်ငွေ့ကို မလက္ကာရေလက်ကြားတစ်ဝိုက် ရေအောက်ကြမ်းပြင်မှ အဓိက ထုတ်ယူတင်သွင်းနေခြင်းဖြစ်ပြီး၊ ယခုအခါ တရုတ်နိုင်ငံ၏ စွမ်းအင်ပြတ်တောက်နိုင်မှုကို လျှော့ချပေးမည့် နောက်ထပ်ကုန်းတွင်းပိုက်လိုင်းတစ်ခုရှိလာပြီဟု ဇီယာမင် တက္ကသိုလ် စွမ်းအင်စီးပွားရေး သုသေသနစင်တာမှ ပါမောက္ခ လင်ဘိုကျန်က ကွန်မြူနစ်ပါတီအာဘော် သတင်းစာ Global Times သို့ပြောကြားပါသည်။
အဆိုပါ ပိုက်လိုင်းစီမံကိန်းစတင်ချိန်က မြန်မာနိုင်ငံကို စစ်ဖက်အစိုးရက အုပ်ချုပ်လျက်ရှိပြီး၊ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖွယ် ပြုမှုနေချိန်ဖြစ်သည်။ ယခုအခါ ထိုအခြေအနေနှစ်မျိုးလုံး မရှိတော့ပေ။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ အထင်ကရ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တရုတ်ဆန့်ကျင် မုန်းတီးမှုရေး စိတ်ဓာတ်ကို မွေးဖွားပေးလိုက်သည်ဟု China Economic Quarterly မှ အယ်ဒီတာချုပ် တွမ်မီလာက ပြီးခဲ့သောနွေရာသီက သုသေဿန ဆောင်းပါးတွင် ရေးသားထားသည်။ “မြန်မာနိုင်ငံသည်လက်ဝေခံနိုင်ငံတစ်ခု မဟုတ်ကြောင်း စတင်ပြုမှုလာပြီး လွတ်လပ်သောနိုင်ငံတစ်ခုသဖွယ် ဖြစ်လာသည်။ အမျိုးသားရေး အစွန်းရောက် သူပုန်များကဖြစ်စေ၊ ချစ်ကြည်ရင်းနှီးမှုမရှိသော အစိုးရဖြစ်စေ တိုက်ခိုက်လာပါက ပိုက်လိုင်းများ အန္တရာယ်ရှိ ကြောင်းကို တရုတ်အစိုးရက သိရှိနေပြီးဖြစ်သည်။” ပြောကြားသူ တွန်မီလာက ၂၀၁၂ခုနှစ်ကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်း SMS စာပို့စနစ်ဖြင့် ပျံနှံခဲ့သော “တရုတ်တွေထွက်သွား၊ သင်တို့ကို မကြောက်” ဟူသော စကားလုံးများကို ရည်ညွှန်းကိုးကားပါသည်။
မကြာသေးမှီက ပိုင်းလိုင်းအလုပ်စခန်းတွင်ဖြစ်ပွားခဲ့သော ပြဿနာသည် မြန်မာနိုင်ငံ၌ တရုတ်ဆန့်ကျင်ရေး စိတ်ဓတ်များ ကြီးထွားလာသည့် လက္ခဏာပင်ဖြစ်သည်။ ပြီးခဲ့သော အပတ်အတွင်း အလုပ်စခန်းတစ်ခုထဲမှ တရုတ်အလုပ်သမားများနှင့် ပဋိပက္ခ မြန်မာအလုပ်သမား ၂၀ကျော်ကို ရဲက ထိန်းသိမ်းထားသည်။ အဆာက်အဦး တစ်ခုနှင့် ဆီလှောင်ကန် မီးလောင်သွားခဲ့သော ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
“မျှတမှု မရှိဘူး၊ ပြဿနာကို စတာက တရုတ်တွေပါ။ ဒါပေမယ့် တစ်ယောက်မှ အဖမ်းမခံရဘူး” ဟု အနီး တစ်ဝိုက်မှ ဒေသခံ မြန်မာတစ်ဦးကပြောကြားပါသည်။ နောက်ထပ်ပြဿနာ မီးပွားများ ထွက်လာနိုင်သည်ဟု မျှော်လင့်ရသည်။
Yangonchronicle