Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

Unity ဂျာနယ်အဖွဲ့ကို လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခြင်းသည် ဥပဒေနှင့် မညီကြောင်း ရှေ့နေကွန်ရက် တရားလွှတ်တော်ရှေ့နေ ဝေဖန်

$
0
0
ယူနတီ(Unity)ဂျာနယ်ပါ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ဓာတုလက်နက်စက်ရုံ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည့်အတွက် Unity CEO ဦးတင်ဆန်း အပါအ၀င် ဆောင်းပါး ရေးသားသူ ၄ ဦးကို လျှို့ ၀ှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းသည် ဥပဒေအနေဖြင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၆ ရက် တွင် ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၅ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဓာတုလက်နက် ထုတ်လုပ်သည့် စက်ရုံ မဟုတ်ကြောင်း ငြင်းဆိုကာ ၎င်းစက်ရုံသည် ကာကွယ်ရေးနှင့် ပတ်သက်သော ဧရိယာဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် Unity စာစောင်ပါ ဓာတုစက်ရုံ ဆောင်းပါးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက် မရှိဘဲ ချဉ်းကပ်ခြင်း စသည်ဖြင့် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ၃(၁) (က)/၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြ ခဲ့သည့်အတွက် တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

““လျှို့ဝှက်စက်ရုံ မဟုတ်ဘူးလို့ ငြင်းထားပြီးတော့ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲတာ ဆန့်ကျင်ဘက်တော့ ဖြစ်နေတာပေါ့။ အဲဒါဆိုရင် ဖတ်ရတာတော့ စက်ရုံဝင်းထဲ ၀င်ပြီး ဓာတ်ပုံရိုက်တယ် ဆိုတော့ ပိုင်နက် ကျူးလွန်မှု ၄၄၇ ထက် မပိုဘူးဗျ။ ၄၄၇ စွဲရင်တောင် တကယ်သွားတဲ့သူပဲ စွဲလို့ရမှာ။ လျှို့ဝှက်ချက် ဥပဒေဆိုတာ ဒါ တကယ် လုပ်တယ်။ လျှို့ဝှက်ထားတယ်။ ဒီလိုမျိုးဆို စွဲတာလေ။ ၀န်ကြီး ပြောတဲ့အထဲမှာ ကိုပါသွားပြီ။ ကန့်သတ်နယ်မြေ ဖြစ်တဲ့နေရာကို ၀င်တဲ့အတွက် ၄၄၇ ပဲ စွဲလို့ရမယ်။ ဒီစက်ရုံနဲ့လည်း လျှို့ဝှက် အက် ဥပဒေစွဲလို့ မသင့်ဘူး”” ဟူ၍ ဦးကြီးမြင့်က ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်သို့ မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““Unity ကိစ္စက စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ မဆိုင်ဘူး။ အမျိုးသား လုံခြုံရေး ကိစ္စဖြစ်လာ တဲ့အတွက် ကြောင့်မို့လို့ ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက ဓာတုလက်နက်ကို ပိတ်ပင် တားဆီးတဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒါကို ဘာမှ ထုတ်လုပ်စရာ အကြောင်း မရှိဘူး။ ပြီးတော့ အခုလုပ်တဲ့ စက်ရုံကလည်း ကန့်သတ်နေရာပဲ။ တပ်မတော်ထဲမှာ သိခွင့် ရှိတဲ့လူ အားလုံး သိတယ်။ တာဝန်ရှိတဲ့သူ ၀င်ခွင့်ရမယ်။ မသက်ဆိုင်တဲ့လူ ၀င်လို့မရဘူး””ဟု ဖြေကြားခဲ့သည်။

လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့်ထားခြင်း ဖြစ်၍ ဓာတုစက်ရုံ မဟုတ်ဟု ငြင်းဆိုပြီးဖြစ်ရာ ယခု ကာကွယ်ရေးနှင့် စပ်လျဉ်းသော ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံသည် လျှို့ဝှက် ဟုတ်,မဟုတ်ကို မြန်မာသံတော်ဆင့်မှ ဦးရဲထွဋ်အား ဆက်လက် မေးမြန်းခဲ့ရာ နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင် ရာဖြစ်သော စစ်ဘက်ဆိုင်ရာ ကန့်သတ်နယ်မြေတွေ ရှိသည်ဟုသာ ဖြေကြားခဲ့ပြီး တိကျစွာ ဖြေကြားမှု မပြုခဲ့ပေ။

နိုင်ငံပိုင် သတင်းစာများတွင် ဇန်န၀ါရီ ၂၅ ရက်ထုတ် Unity စာစောင် အတွဲ(၃)၊ အမှတ်(၄)တွင် ““အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက် ဓာတု လက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံ မှတ်တမ်းနှင့်တကွ ဖော်ပြ ထုတ်ဝေခဲ့သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြ ထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက် မရှိဘဲ ချဉ်းကပ် ခြင်း၊ ကြည့်ရှု စစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း၊ အားပေး ကူညီခြင်းတို့ကြောင့် သတင်းရေးသား ပေးပို့သူ နှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်း အရေးယူပေးရန် ဇန်န၀ါရီ ၃၀ ရက်တွင် သက်ဆိုင်ရာဌာနက ပေါက်မြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ ပထမသတင်းပေး တိုင်ချက်ရေးဖွင့်ခြင်းသည် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ၁၂ အရ ရဲအရေးပိုင်မှု ဖြစ်ကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၇ အရ ဦးတင်ဆန်းပါ လေးဦးအား ပုဇွန်တောင်မြို့နယ် တရားရုံးသို့ တင်ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်ထိ ချုပ်ရမန် တောင်းခံထားကြောင်း၊ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး(ခ) လူမော်အား ပေါက်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက် ထိ ချုပ်ရမန် တောင်းခံ ထားကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပေါက်မြို့နေ ဦးလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့် (၃၈) နှစ်အား အမှုဖြင့် ထပ်မံ ထိန်းသိမ်း မေးမြန်းပြီး ပခုက္ကူမြို့နယ် တရားသူကြီး ဒေါ်ဆွေဆွေဝင်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၇ အရ အာမခံ ပေးခဲ့သည် ဟူ၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ရဲအုပ် ဦးညီညီသန်းသို့ စုံစမ်းစစ်ဆေး မေးမြန်းမှု များနှင့် စပ်လျဉ်း၍ မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““ကျွန်တော်တို့က အဲဒီ ၁ ရက်နေ့ ကပဲ မေးကြတယ်။ ပြီးတော့ ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့ထားတယ်။ အခုက အင်းစိန်ထောင်မှာပဲ။ ရန်ကုန် တိုင်း စုံစမ်း စစ်ဆေးရေးအဖွဲ့က ဆက်လက် မေးမြန်းနေတာ ဆိုတော့ အခုနောက်ပိုင်းကိစ္စ ကျွန်တော် အသေးစိတ် မသိတော့ဘူး ခင်ဗျ”” ဟု ပြောကြားခဲ့သည်။

Unity ဂျာနယ်တိုက်၏ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းကို SB ဟု ယူဆရသူ ကိုမောင်မောင်နိုင်က ဇန်န၀ါရီလ ၅ ရက် မနက် ၈ နာရီတွင် လာရောက်ခေါ်ဆောင်ကာ ၈မိုင်အလွန် နှစ်ထပ်အိမ် တစ်လုံးတွင် ဆောင်းပါးကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ခေါ်ယူမေးမြန်းခြင်းနှင့် စပ်လျဉ်း၍ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ““ကျွန်တော် မနက် ၈ နာရီလောက် ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ကိုမောင်မောင်နိုင် ဆိုသူက ဒီကိစ္စ မေးမြန်းမယ်ဆိုပြီး ၈ မိုင်ကျော်က နှစ်ထပ်တိုက်ကို ခေါ်သွားတာ။ အိမ် တော့မဟုတ်ဘူး။ ရုံးဌာန တစ်ခုခုလိုပဲ။ SB ဖြစ်ဖို့များတယ်။ကျွန်တော့်ကို ဒီဆောင်းပါး ရေးတာတွေ၊ စက်ရုံ သွားတုန်းက တခြား ဘယ်သူတွေပါလဲ ဆိုပြီး မေးကြတယ်၊ ဘာမှတော့ မလုပ်ပါဘူး။ ကျွန်တော်က ရုံးအဖွဲ့ ကမို့လို့ မသိတဲ့အကြောင်း ဖြေခဲ့တယ်။ အဲဒါနဲ့ ည ၈ နာရီကျတော့ ပြန်ပို့ပေးတယ်””ဟူ၍ မြန်မာသံ တော်ဆင့်သို့ ပြောသည်။

ယင်းဆောင်းပါးကို အတွဲ(၃)၊ အမှတ်(၄) စာမျက်နှာ ၂၂၊ ၂၃ တွင် ဖော်ပြခဲ့သည့် ““ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်၊ လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ”” သတင်းခေါင်းစဉ်ဖြင့် လည်းကောင်း အတွဲ(၃)၊ အမှတ် (၅) စာမျက်နှာ ၂၂၊၂၃ တွင် ဖော်ပြခဲ့သည့် ““က- ပ-စ ၂၄ ဓာတုလက်နက်စက်ရုံ မဟုတ်ဟု စက်ရုံတာဝန်ခံ ငြင်းဆို ဒေသခံများက ဓာတုလက်နက်စက်ရုံ ဖြစ်ကြောင်း အခိုင်အမာပြော”” သတင်းခေါင်းစဉ်ဖြင့် လည်းကောင်း နှစ်ပတ်ဆက်တိုက် အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ သည်။ ထို့နောက် ဇန်န၀ါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် Unity ရုံးခန်းသို့ ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ရဲအုပ် ဦးညီညီသန်း အပါအ၀င် အရပ်ဝတ်ဖြင့် လူတစ်စုက Unity ၏ အမှုဆောင် အရာရှိချုပ် CEO ဦးတင်ဆန်း အပါအ၀င် ဆောင်းပါးရေးသားသူ ပိုင်သက်ကျော်၊ ရာဇာဦး၊ စည်သူစိုးတို့ကို အတွဲ(၃)၊ အမှတ် ၄/၅ တို့တွင် ဖော်ပြခဲ့သည့် ““လက်နက်စက်ရုံ ဆောင်းပါး””အကြောင်း မေးမြန်းရန်ဟုဆိုကာ ခေါ်ဆောင်သွား ပြီးနောက် ယခုကဲ့သို့ လျှို့ဝှက် အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နွေးနွေး၊ ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>