ပြင်ပလောကမှာ ကောင်းရောင်းကောင်းဝယ်လုပ်ငန်းကို သုံးလတိတိလုပ်ကိုင်ခဲ့ပေမယ့် ရရှိတဲ့ဝင်ငွေဟာ မိသားစုငါးဦးရှိတဲ့ သူမရဲ့ မိသားစုအတွက်
စားဖို့ တောင် အနိုင်နိုင်ဖြစ်ခဲ့ပါတယ်။
ပြည့်တန်ဆာလောကမှာ သုံးနှစ်လောက် လုပ်ကိုင်ခဲ့တဲ့ကာလအတွင်းသူမနဲ့ ဆက်ဆံတဲ့ အမျိုးသားအချို့ ရဲ့  အနိုင်ကျင့်မှုတွေကို မကြာခဏ
ကြုံတွေ့ ခဲ့ရပေမယ့် နောက်ဆုံးအကြိမ် စော်ကားခံရမှုကတော့ သူမရဲ့ မျက်နှာမှာသေရာပါ အမာရွတ် ရရှိခဲ့ပါတယ်။
“သူတို့ စိတ်ကြိုက် မလုပ်ပေးရကောင်းလားဆိုပြီး နှစ်ယောက်က ချုပ်ပေးတယ်။တစ်ယောက်က လက်သီးနဲ့ ထိုးတာ၊ မျက်ခုံးနဲ့ နှုတ်ခမ်းကွဲတယ်။ မျက်လုံးမှာက
သွေးခြည်ဥသွားတယ်” လို့  သူမရဲ့ ညာဘက်မျက်ခုံးပေါ်က တစ်လက်မကျော်ရှိတဲ့အမာရွတ်ကို လက်ညှိုးနဲ့ စမ်းရင်း ပြောပါတယ်။
ပြည့်တန်ဆာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ အမျိုးသမီးငယ်တွေဟာမကြာခဏ သူမတို့ နဲ့ ဆက်ဆံရတဲ့ အမျိုးသားတွေရဲ့  အနိုင်ကျင့်စော်ကားမှုတွေကို
ခံရလေ့ရှိပါတယ်။ သို့ သော်လည်း တရားမ၀င် လုပ်ကိုင်နေရတဲ့အတွက်မည်မျှပင် နှိပ်စက်ခံရစေကာမူ မည်သည့်ဌာန၊ အာဏာပိုင်အဖွဲ့ ကိုမျှ တိုင်ကြားလေ့
မရှိကြပါဘူး။ သူမတို့ အတွက် တစ်ခုတည်းသော ကာကွယ်ပေးလေ့ရှိသူကတော့သူတို့ ရဲ့ ခေါင်း (အရပ်အခေါ်)ကိုဘဲ အားကိုးကြရပါတယ်။
ဒါကြောင့် လိင်လုပ်သားအများစုဟာ သူတို့ တစ်ကိုယ်တည်း လုပ်ကိုင်ခြင်းထက်ခေါင်းတစ်ဦးရဲ့ လက်အောက်မှာ အုပ်စုလိုက် လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။
ခေါင်းတွေရဲ့ အလုပ်ကတော့ လိင်လုပ်သားအမျိုးသမီးတွေကို သူတို့ နဲ့ ဆက်ဆံမယ့်အမျိုးသားတွေ ရှာဖွပေးရပါတယ်။ ဒါ့အပြင် သူတို့ ကို အမျိုးသားတွေရဲ့ အနိုင်ကျင့်
စော်ကားမှု မရှိစေဖို့ အတွက်လည်း အကာအကွယ်ပေးပါတယ်။ အဲဒီအတွက်လိင်လုပ်သားရတဲ့ လုပ်အားခရဲ့ တစ်ဝက်ကို ခေါင်းကယူပြီး ကျန်တစ်ဝက်ကိုဘဲ
လိင်လုပ်သားတွေကို ခွဲဝေပေးတယ်လို့  လှိုင်သာယာအောက်ထိပ် ကားမှတ်တိုင်အနီးက ပြည့်တန်ဆာခေါင်းတစ်ဦးက ပြောပါတယ်။
“ကျွန်တော့်မှာ ကောင်မလေး (၁၂)ယောက်ရှိတယ်။ သူတို့ ကို လူရှာပေးတယ်။ပြီးရင် စိတ်ချရတဲ့ တည်းခိုခန်းမှာဘဲ အလုပ်လုပ်ခွင့်ပေးတယ်။ နောက် အဖမ်းမခံရဖို့ 
ရဲကြေးလည်း ပေးရတယ်။ အဲဒီအတွက် သူတို့ ဆီက တစ်ဝက်ကြေးယူတယ်” လို့ သူကပြောပါတယ်။
လိင်လုပ်သားတွေ တစ်နေ့ နဲ့ တစ်နေ့  လုပ်ကိုင်ရတဲ့ပုံစံချင်း မတူညီကြပါဘူး။တစ်ခါတစ်ရံမှာ ညလုံးပေါက် လုပ်ကိုင်ရပြီး တစ်ခါတစ်ရံမှာ နာရီပိုင်းဘဲ
လုပ်ကိုင်ကြပါတယ်။ ဈေးနှုန်းကတော့ အသက်အရွယ်နဲ့ ရုပ်ရည်ပေါ် မူတည်ပြီးရရှိကြတယ်လို့  သူကပြောပါတယ်။ “ငယ်ပြီး ရုပ်ချောတဲ့သူက ဈေးပိုရတယ်။
အလုပ်လည်း ပိုဖြစ်တယ်” လို့  ဆိုပါတယ်။
မလေပြေလည်း ငယ်ရွယ်ပြီး ရုပ်ရည်အသင့်အတင့် ရှိသူထဲမှာပါတာကြောင့်တစ်ညတာအတွက် သူမရဲ့ ဝင်ငွေဟာ တစ်သောင်းအထက်မှာရှိတယ်လို့  သူမက
ပြောပါတယ်။ တကယ်တော့ လေပြေဆိုတာ သူမရဲ့ အမည်ရင်း မဟုတ်ပါဘူး။ဒီလောကမှာ လုပ်ကိုင်နေစဉ် အသုံးပြုတဲ့ နာမည်တစ်ခုသာဖြစ်ပါတယ်။
အတန်းပညာကို လေးတန်းအထိသာ တက်ရောက်နိုင်ခဲ့တဲ့ မလေပြေကိုဧရာဝတီတိုင်းဒေသကြီးမှာ မွေးဖွားခဲ့တာပါ။ မွေးချင်းမောင်နှမ လေးယောက်မှာ
အကြီးဆုံးဖြစ်ပြီး သူမလေးတန်းနှစ်မှာဘဲ ဖခင်ဆုံးပါးသွားတာကြောင့်မိခင်မုဆိုးမနဲ့ အတူ ဈေးရောင်းပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းလာခဲ့တာပါ။
ဈေးရောင်းတယ်ဆိုပေမယ့် အများသူငါလို ဆိုင်နဲ့ ကနားနဲ့ ရောင်းရတာမျိုးမဟုတ်ဘဲ အရင်းအနှီးမစိုက်ရတဲ့ အလေ့ကျပေါက် ဟင်းသီးဟင်းရွက်တွေကို
ခူးပြီး ဗန်းနဲ့  ရွာတွေမှာ ရောင်းခဲ့ရတာပါ။ နောက်ပိုင်း မိခင်ရဲ့ ကျန်းမာရေးဆိုးဝါးလာမှုနဲ့  ဖခင်ရှိစဉ်က တည်ဆောက်ပေးခဲ့တဲ့ ၀ါးအိမ်ကို ပြန်လည်
တည်ဆောက်နိုင်ဖို့ အတွက် (၁၅)နှစ်သမီးအရွယ်မှာ သူမရဲ့ အပျိုစင်ဘ၀ကိုငါးသိန်းနဲ့  လဲလှယ်ခဲ့ရတယ်လို့  သူမက ပြောပါတယ်။
“အစပိုင်းကတော့ အဆင်ပြေတယ်။ နောက်ပိုင်း လူပေါင်းစုံနဲ့ ကြုံလာရတော့စိတ်ပျက်မိတဲ့အခါတွေရှိတယ်။ တချို့ တွေကျတော့ သဘောကောင်းတယ်။
နားလည်မှုပေးတယ်။ တချို့ တွေက နှမချင်းကိုယ်ချင်းမစာဘဲ သူတို့ အလိုမကျရင်ရိုက်တာနှက်တာတွေ ခံရတယ်” လို့  သူမက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရှေးဘုရင်လက်ထက်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ အစိုးရက
ပြည့်တန်ဆာလုပ်ငန်းတွေဟာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အပြင် ကျန်းမာရေးအရလည်း ဆိုးဝါးစွာ ထိခိုက်စေနိုင်တာကြောင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ
နှိပ်ကွပ်ရေးအက်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃/ပုဒ်မခွဲ (ခ)အရ ပြည့်ဆန်ဆာလုပ်ငန်းနဲ့  အသက်မွေးဝမ်းကြောင်း
ပြုနေသည်ကို စိစစ်တွေ့ ရှိပါက အလုပ်ကြမ်းနှင့် တစ်နှစ်ထက်ကျော်ပြီးသုံးနှစ်အောက်ရှိသောထောင်ဒဏ် ချမှတ်ခံရနိုတယ်လို့  ပြဌာန်းထားခဲ့ပါတယ်။
သို့ သော်လည်း ရှေးယခင်ကတည်းက တည်ရှိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းတွေဟာယနေ့ အချိန်အထိ ဒေသတိုင်းမှာ တည်ရှိနေပါတယ်။
ဥပဒေအရ ပြည့်တန်ဆာလုပ်ကိုင်တဲ့ အမျိုးသမီးတွေကိုသာ အရေးယူနိုင်ပြီးပြည့်ဆန်ဆာနဲ့ ပျော်ပါးသူ အမျိုးသားတွေကိုတော့ အရေးမယူနိုင်ပါဘူး။
ဒါကြောင့်လည်း ပြည့်တန်ဆာလုပ်ငန်းနဲ့  အသက်မွေးဝမ်းကျောင်းပြုသူတွေဟာအမျိုးသားတွေရဲ့  အနိုင်ကျင့်စော်ကားမှုတွေကို ခံနေရခြင်းဖြစ်တယ်လို့ 
ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ခုလို ပြည့်တန်ဆာလုပ်ငန်းနဲ့ အသက်မွေးနေရတဲ့ အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့  နှိပ်စက်မှုတွေအပြင် ခေါင်းတွေရဲ့ ငွေကြေးဆိုင်ရာ
အမြတ်ထုတ်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုပါ ခံစားကြရပါတယ်။အဲဒီအတွက် လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးအချို့ က ပြည့်တန်ဆာ
နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့  တောင်းဆိုမှုတွေပြုလုပ်ခဲ့တဲ့အပြင် ပြည့်တန်ဆာလုပ်ကိုင်နေသူတွေကို လိုင်စင်ချထားပေးဖို့ အတွက်ပါ တောင်းဆိုခဲ့ကြပါတယ်။
သို့ သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါဘူး။အကြောင်းကတော့ ပြည့်တန်ဆာလုပ်ငန်းဆိုသည်မှာ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသလို ကျန်းမာရေးရှုထောင့်အရ ကြည့်ရင်လည်း ကူးစက်ရောဂါပြန့် ပွားနိုင်ခြင်းကြောင့်လို့  ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ မှတ်ချက်ကိုကြည့်ရင် ယဉ်ကျေးမှုကိုအပေါ်ယံ ဗန်းပြပြီး လိင်လုပ်သား အမျိုးသမီးတွေအပေါ် စာနာစိတ်ကင်းမဲ့စွာ
မျက်နှာလွှဲ ခဲပစ်လုပ်ချင်တဲ့သဘောမျိုးလို့  ယူဆစရာဖြစ်နေသလို နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကိစ္စကိုလည်း မသိချင်ယောင်
ဆောင်ချင်တာလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။ နောက်တစ်ခုက မြန်မာ့ယဉ်ကျေးမှုအရ ခွင့်မပြုနိုင်ကြောင်း ပြောခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ယောကျာင်္းသားတွေ
ဖြစ်နေတာကြောင့် လိင်ခွဲခြားပြီး စဉ်းစားဆုံးဖြတ်ခဲ့သလား ဆိုတာလည်းစဉ်းစားစရာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် လူသားချင်းစာနာမှုရှုထောင့်ကကြည့်ရင်တော့
ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားပြီး အဖြေတစ်မျိုး ထွက်ကောင်းထွက်လာနိုင်ပါတယ်။
မည်သို့ ပင်ဆိုစေကာမူ ပြည့်တန်ဆာလုပ်ငန်းဟာ မြန်မာနိုင်ငံမှာသာမကကမ္ဘာပေါ်မှာလည်း ဆက်လက်တည်ရှိနေဦးမှာဘဲဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမှ
ပြည့်တန်ဆာလုပ်ငန်း ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြပါဘူး။ဒါကြောင့်လည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အချို့ ဟာ ၁၉၄၉ ခုနှစ်
ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။
ရှေးယခင်ကတည်းက မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ပြည့်တန်ဆာလုပ်ငန်းတွေရှိခဲ့တာပါ။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပြဌာန်းပြီး နှစ်ပေါင်း
(၆၀)ကျော်ကြာမြင့်တဲ့အထိလည်း ပြည့်တန်ဆာတွေဟာ တည်ရှိနေမြဲဖြစ်ပါတယ်။
အခုလို ပြည့်တန်ဆာတွေ တည်ရှိနေတာဟာ ကိုယ်ကျင့်တရားပေါ် တန်ဖိုးထားမှုလျော့နည်းခြင်း၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ လူမှုဆက်ဆံရေးအခြေအနေ စတဲ့
အကြောင်းအရာတွေကြောင့် လွယ်လွယ်နဲ့ ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကိုရွေးချယ်လာကြခြင်းဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။အခြေအနေမှန်နဲ့ ကင်းကွာပြီး စာနာစိတ်ကင်းမဲ့တဲ့ ပြောကြားချက်တစ်ခုလို့ တောင်
အမျိုးသမီး အခွင့်အရေးကာကွယ်သူတွေကပြောပါတယ်။
တကယ်တော့ လိင်လုပ်သားတွေဟာ လွယ်လွယ်ကူကူနဲ့ ငွေရတာတခုတည်းကြောင့်ဒီလုပ်ငန်းကို လုပ်ကိုင်ကြတာမဟုတ်ပါဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အတူ
နေထိုင်စရိတ်ကြီးမြင့်မှုတွေက မိသားစုစားဝတ်နေရေးကို ဆိုးဝါးစွာ ထိခိုက်လာတာကြောင့် လုပ်ကိုင်ရခြင်းဖြစ်တယ်လို့  ဒလမြို့ နယ် နာရီစင်အနီးမှာရှိတဲ့
လိင်လုပ်သား အမျိုးသမီးခေါင်းတစ်ဦးကဆိုပါတယ်။ ဘယ်လောက်အထိခက်ခဲသလဲဆိုရင် တစ်ခါတစ်ရံ နယ်မြေရဲတွေက ငွေကြေးမပေးဘဲအခမဲ့ လိင်ဆက်ဆံကြတာအပြင်
ရဲတွေနဲ့ ပါလာတဲ့ ဧည့်သည်များစွာနဲ့ ပါတစ်ညတည်း ကြိမ်ဖန်များစွာ လိင်ဆက်ဆံခံရတာတွေပါ ရှိတယ်လို့  သူမကပြောပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ အမျိုးသားအချို့ ဟာ ဓာတုဗေဒပစ္စည်းတွေ၊အနောက်တိုင်းဆေးဝါးတွေ သုံးစွဲပြီး သာမန်ထက်လွန်ကဲအောင် လုပ်ဆောင်လေ့
ရှိပါတယ်။ အခုလို သာမန်ထက်ကျော်လွန်တဲ့ အမျိုးသားတွေနဲ့  တစ်ခါလိင်ဆက်ဆံပြီးရင် အနည်းဆုံးနှစ်ရက်လောက် အနားယူရပြီးမှ အလုပ်ပြန်လုပ်ရတဲ့အထိ
ရှိခဲ့တယ်လို့  ပဲခူးမြို့ မှာရှိတဲ့ အနှိပ်ခန်း နာမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေရတဲ့ အသက် (၁၉)နှစ်အရွယ်
မသဇင် (အမည်လွှဲ)က ပြောပါတယ်။
“ဒီလိုလူတွေနဲ့ တွေ့ ရင် အလုပ်မလုပ်ချင်ဘူး။ ငြင်းလို့ လည်း မရဘူး။ငြင်းရင် ခေါင်းက ရိုက်တယ်။ လုပ်ခလည်း မပေးဘူး။ ကြိတ်မှိတ်ပြီး နေရတာဘဲ”
လို့  သူမက ပြောပါတယ်။
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရတဲ့ အမျိုးသမီးငယ်တွေဟာ သူတို့ ရဲ့ ဆက်ဆံရမယ့်ဧည့်သည်အမျိုးသားတွေနဲ့  အဆင်ပြေအောင် ပေါင်းသင်းရသလို သူတို့ ရဲ့ 
ခေါင်းတွေနဲ့ လည်း အဆင်ပြေအောင် ဆက်ဆံကြရပါတယ်။ ခေါင်းက အလိုမကျလို့ ပိုက်ဆံမပေးဘဲ ထားရင်လည်း ခံကြရပါတယ်။ “ဒီအလုပ်လုပ်ပြီး မိသားစုကို
ရှာကျွေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ကိုယ့်ဘ၀ကိုယ် ၀မ်းနည်းတယ်။ ရွယ်တူကောင်မလေးတွေ အလုပ်သွားတာ
မြင်ရင် ငိုချင်မိတယ်” လို့  မလေပြေက ပြောပါတယ်။
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရတဲ့အတွက် သေစေနိုင်လောက်တဲ့ရောဂါတွေဖြစ်တဲ့ HIV၊ AIDS အပြင် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေ ဖြစ်ပွားနိုင်တယ်
ဆိုတာကို ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီးတော်တော်များများက နားလည်ထားကြပါတယ်။ “အချိန်မရွေး ရောဂါရနိုင်တယ်ဆိုတာကို သိလျက်နဲ့ ဘာကြောင့်
လုပ်နေရသလဲဆိုရင် အဖြေက ရှင်းပါတယ်။ စားစရာမရှိလို့  လုပ်ရတာ” လို့ သူမက ဆက်လက်ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာလုပ်ကိုင်လို့  ဖမ်းဆီးခံရတဲ့အသက် (၁၈)နှစ်အောက် အမျိုးသမီးငယ်တွေကတော့ အစိုးရက ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို ပြန်လည်ထူထောင်ရေးလုပ်ပေးရာမှာ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး
လူမှုအသိုင်းအ၀ိုင်းမှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ အတွက် မိမိဘ၀ ရပ်တည်နေထိုင်ရေး၊ဆေးဝါးကုသခံယူမှုရစေဖို့ နဲ့  စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေဖို့ အတွက် အမျိုးသမီးများ
ပြုစုစောင့်ရှောက်ရေး ဌာန (၂)ခုကို တွံတေးမြို့ နဲ့  မန္တလေးမြို့ တို့ မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ သို့ သော်လည်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့ကြတဲ့ အမျိုးသမီး
အများစုဟာ ပြည့်တန်ဆာလုပ်ငန်းကိုဘဲ ပြန်လည်လုပ်ကိုင်မှု များပြားတယ်လို့ ယူနီဆက်မျိုးဆက်ပြန့် ပွားရေးဆိုင်ရာဌာနက ဆရာဝန်တစ်ဦးက ဆိုပါတယ်။
“ပြည့်တန်ဆာအများစုက ကျန်းမာရေးတစ်ခုခု ချို့ ယွင်းခဲ့ရင် ဆေးရုံဆေးခန်းလည်းမပြဖြစ်ကြဘူး။ ဆေးမြီးတိုနဲ့ ဘဲ ကြိတ်ကုကြတာ၊ ဆေးရုံဆေးခန်းမှာ သွားပြရင်
သူတို့ ကို ဖမ်းမယ်ထင်ပြီး ကြိတ်ကုတော့ ရောဂါက ပိုဆိုးပြီး နောက်ဆုံးအဆင့်ရောက်မှ သိရတာများတယ်” လို့  အထက်ပါ ဆရာဝန်က ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ လည်း ပြည့်တန်ဆာလုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယခုအစိုးရလက်ထက်အတွင်း ၂၀၁၁ ခုနှစ်မှာ (၁၉၅၆) မှု၊
၂၀၁၂ ခုနှစ်မှာ (၃၂၂၆) မှုနဲ့  ၂၀၁၃ ခုနှစ်မှာ ဇန်န၀ါရီလက မေလအထိ(၆၄၀) မှု ရှိခဲ့တယ်လို့  သိရပါတယ်။ ပြည့်တန်ဆာလုပ်ကိုင်သူတွေဟာ
နိုင်ငံအနှံ့ အပြားမှာ ရှိနေပြီး ရန်ကုန်မှာတော့ လူဦးရေနှစ်သောင်းကျော်အထိရှိတယ်လို့  ယူနီဆက်က ကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။
ပြည့်တန်ဆာလုပ်ကိုင်သူတွေဟာ အခုဆို အမျိုးမျိုးသော အခက်အခဲတွေနဲ့ ကြုံတွေ့ နေရတာဟာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကြောင့်ဘဲ
ဖြစ်ပါတယ်။ ဒီဥပဒေကို ပြင်ဆင်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်အချို့ နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတို့ ကလည်း ကြိုးစားဆောင်ရွက်ခဲ့ကြပေမယ့်
အောင်မြင်မှု မရရှိခဲ့ပါဘူး။
မည်သို့ ပင်ဖြစ်စေ ပြည့်တန်ဆာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဟာဘ၀ပေး အခြေအနေအရ လုပ်ကိုင်နေရခြင်းဖြစ်သလို သူမတို့ ဟာ
လူသားတွေဘဲ ဖြစ်ပါတယ်။ သို့ သော်လည်း ဥပဒေအရ လူချင်းတူပေမယ့်လိင်လုပ်သားတွေကိုဘဲ ပြစ်ဒဏ်ပေးပြီး လိင်လုပ်သားတွေနဲ့  အခပေး ပျော်ပါးတဲ့
အမျိုးသားတွေကိုတော့ ပြစ်ဒဏ်မခံရဖို့  ကာကွယ်ပေးထားပါတယ်။ဒါဟာ မမျှတတဲ့ဥပဒေဖြစ်တယ်လို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်လဲ့လဲ့ဝင်းဆွေက ထောက်ပြပြောဆိုပါတယ်။ နဂိုကတည်းက ၀မ်းရေးကြောင့်အားနွဲ့ တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေဆီမှာ အခယူပြီး မိမိတို့ ရဲ့ ဝမ်းရေးကို
ဖြေရှင်းနေရတာပါ။ သူတို့ တွေရဲ့ အတိတ်က မလှပခဲ့ပါဘူး။ ပစ္စုပန်ကလည်းမလှပပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ အနာဂတ်မှာ လူသားချင်း ခွဲခြားမှု၊ အနိုင်ကျင့်
စော်ကားမှု၊ နှိမ့်ချ ဆက်ဆံမှုတွေ လျော့နည်းသွားမလား ဆိုတာကတော့..။
The Messenger
(မက်ဆင်ဂျာဂျာနယ် အတွဲ ၄ အမှတ် ၃၈ မှ ကူးယူဖော်ပြပါသည်)
Aungmyo Tun