ကမ္ဘာကျော် လူမှုကွန်ရက် Facebook အနေနဲ့ နာမည်ကြီး စာပို့စနစ် ‘WhatsApp’ အပ်ပလီကေးရှင်းကို ဒေါ်လာ ၁၉ ဘီလျံနဲ့ ၀ယ်ယူလိုက်ကြောင်း သိရပါတယ်။ ဒီပမာဏဟာ မျက်လုံးပြူးစရာပါပဲ။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးရဲ့ စုစုပေါင်း အသားတင်ကြွယ်ဝမှုတောင် ဒေါ်လာ ၇၀ ဘီလျံကျော် ရှိတာပါ။ အကြီးအကျယ် အောင်မြင်နေတဲ့ လူမှုကွန်ရက် လုပ်ငန်းရဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်ပါတယ်။
WhatsApp ဟာ လစဉ် သုံးစွဲသူ သန်း၄၅၀ကျော် ရှိထားပြီး စာတိုပို့စနစ် (Short Message Service) အဖိုးအခတွေကို ရှောင်ရှားလိုသူတွေကြား ရေပန်းစားလျက်ရှိတဲ့ အပ်ပလီကေးရှင်းလည်း ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ်ဇူကာဘက်ခ်ကတော့ WhatsApp ကို အရမ်းအဖိုးတန်တဲ့ အရာတစ်ခုအဖြစ် တင်စားဖော်ပြခဲ့ပါတယ်။
WhatsApp ဟာ အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုပြီး Message ပေးပို့တာ ဖြစ်ပါတယ်။ သာမန် SMS နဲ့ ပို့တာထက် အကုန်အကျ အများကြီး သက်သာကာ User တစ်ယောက်ကို တစ်နှစ်လျှင် တစ်ဒေါ်လာသာ ပေးဆောင်ရမှာပါ။ ယခုအခါမှာ အဆိုပါ App ကိုသုံးစွဲသူဦးရေ စုစုပေါင်း တစ်ဘီလျံနီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။ စာပို့တာသာမက၊ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုတွေပါ ပေးပို့နိုင်ခြင်းဟာ ၎င်းရဲ့ အားသာချက်ပါပဲ။
ထူးခြားတာက အဲဒီ WhatsApp မှာ ၀န်ထမ်း အယောက် ၅၀ခန့် သာ ရှိပါသတဲ့။ ဒါပေမယ့် Facebook အနေနဲ့ WhatsApp ကို ယခုလို ၀ယ်ယူလိုက်ခြင်းဟာ လူမှုကွန်ရက် သုံးစွဲသူတွေကြား ပိုမိုပြန့်နှံ့ စေရန် ရည်ရွယ်တာကြောင့်ပါ။
...
Kangyi (MCG)
Myanmar Consumer Guide