Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကမ္ဘာ့အလယ်မှာ မြန်မာ့ပုံရိပ် ညှိုးနွမ်းစေလေရော့သလား..ကိုရဲ

$
0
0
ကိုရဲ

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့  လက်ရှိအစိုးရအဖွဲ့ တာဝန်ယူထားတဲ့ သုံးနှစ်ဝန်းကျင်ကာလအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ လျော့နည်းကျဆင်းခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြထားတဲ့ အစီရင်ခံစာကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာ)က  ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ အနှံ့အပြားမှာ ကောက်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပေါင်း ၂၅၃ မှု ဖြစ်ပေါ်ခဲ့တယ်လို့  အစီရင်ခံစာက ဆိုပေမဲ့ အမှန်ဖြစ်ရပ်တွေကတော့ အဲ့ဒါတွေထက် ပိုများနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲမှာ မြေယာသိမ်းဆည်းမှုက အများဆုံးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ မတရားသဖြင့် အခွန်ကောက်ခံမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အတင်းအဓမ္မ ခိုင်းစေမှု၊ လူကုန်ကူးမှု၊ အတင်းအဓမ္မ ရွှေ့ပြောင်းမှု၊ အဓမ္မပြုကျင့်မှု စတဲ့ ချိုးဖောက်မှုတွေ တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာထုတ်ပြန်ပြီး နောက်တနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ကုသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်စ် အိုဟေးကင်တားနားဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်လေ့လာဖို့ ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေအတွက် အာရုံစိုက်စရာ ဒီလိုအချိန်မျိုးမှာပဲ လူ့အခွင့်အရေး အခြေအနေတွေကို မေးခွန်းထုတ်စရာဖြစ်စေမယ့် ပြသနာတွေ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံရဲ့ပုံရိပ်၊ အမျိုးဘာသာ၊ သာသနာရဲ့ ပုံရိပ်တွေပါ ကျဆင်းသွားနိုင်မဲ့ ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။

ဖြစ်စဉ်တွေကတော့ ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ ၈၈ ငြိမ်းချင်ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ စာရေးဆရာသန်းနိုင်စိုးနဲ့ ဦးအောင်သိန်း(ဆင်ဖြူကျွန်း)တို့ ဟောပြောဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ပွဲမကျင်းပခင်မှာပဲ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့က ဒိုင်နာကားတွေနဲ့ရောက်ရှိလာပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ ကိုမြအေးနဲ့ ဦးကိုနီတို့ကို ဟောပြောခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်ကွက်ဟန့်တားခဲ့ကြတယ်လို့ သိရပါတယ်။

နောက်တစ်ခါ ဖေဖော်ဝါရီ ၁၅ရက် မန္တလေးမြို့ မျက်ပါးရပ်မှာလုပ်တဲ့ စာပေဟောပြောပွဲမှာလဲ ရဟန်းတွေဟာ ကားတွေနဲ့ရောက်ရှိလာပြီး ကိုမြအေးကို ဟောပြောပွဲက ထုတ်ပယ်ပေးဖို့အကျပ်ကိုင်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာသာခြားဖြစ်လို့ ဟောပြောခွင့်မပြုတာဖြစ်တယ်လို့ အကြောင်းပြပြောဆိုကြတယ်လို့ သိရပြီး ဒီဖြစ်စဉ်တွေမှာ တူညီနေတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူ၊ တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသူတွေကို ဘာသာခြားဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်ဟန့်တားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်ပြဌာန်းခဲ့တဲ့ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုပြဌာန်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီလိုပြဌာန်းထားပါလျက် ဘာသာခြားဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာသာရေးမဟုတ်တဲ့ အသိပညာဗဟုသုတမျှဝေတဲ့ စာပေဟောပြောပွဲတွေမှာ ပိတ်ပင်တားဆီးတယ်ဆိုတာဟာ ဗုဒ္ဓဘာသာရဟန်းသံဃာတွေရဲ့ ပုံရိပ်ကိုကျဆင်းစေမှာဖြစ်ပါတယ်။

ဒီလိုပိတ်ပင်ဟန့်တားဖို့ ကြိုးစားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၈၈ငြိမ်း/ပွင့်က ကိုဂျင်မီကတော့ “ကျွန်တော်ကတော့ ဒီဖြစ်တဲ့ ဖြစ်စဉ်တွေဟာ မရိုးသားဘူးလို့ မြင် တယ်။ ဘာလို့လည်းဆိုတော့ ဒါ  ဘာသာရေးဆိုတာ အကြောင်းပြ တာပေါ့။ အဓိကကတော့ ဘာလည်း ဆိုတော့ ဒီလိုဟောပြောပွဲတွေကို ပိတ်ပင်ချင်တာဟာ အဓိကလို့ ကျွန်တော်မြင်တယ်။ ဒီစာပေဟောပြော ပွဲဆိုတာ ကျွန်တော်အမြဲတမ်းပြော ပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှု ကိုထိန်းသိမ်းတာ။ နောက်ဒါက အမှန်တရားဖော်ထုတ်ပွဲ လုပ်တာ။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးအတွက် အသိ၊ အမြင် ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လုပ်တာ။ အဲဒါကိုအားပေးတဲ့ လုပ်ရပ်မျိုး ဘယ်သူပဲလုပ်လုပ် ဒါလက်ခံပေးရမယ်။ အဲဒါကို လက်မခံဘူး၊ ပိတ်ပင်တာကိုက ဒီသုံးခုလုံးကို ဆန့် ကျင်တဲ့သူပဲလို့ကျွန်တော်မြင်ပါတယ်”လို့ ဆိုပါတယ်။

ကုသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ ရောက်ရှိနေတဲ့ ခုလိုအချိန်ခါမှာဖြစ်တဲ့ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကိစ္စတင်မဟုတ်တော့ဘဲ  မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ရဲ့ပုံရိပ်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်နစ်နာစေမယ့် ကိစ္စတွေဖြစ်နေပါတယ်။ နောက်ပြီးတော့ လာရောက်တားဆီးမဲ့ ရဟန်းသံဃာတွေကို ဘယ်သူကခွင့်ပြုလိုက်တာလဲဆိုတာနဲ့ ဒီကိစ္စကိုကိုင်တွယ်ဖြေ၇ှင်းခဲ့တဲ့ လုံခြုံရေးတာဝန်၇ှိသူတွေရဲ့ ကိုင်တွယ်ဖြေ၇ှင်းပုံတွေဟာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

 “ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေရှိနိုင်လဲ။ ခွင့်ပြုတယ်။ ခွင့်မပြုဘူးဆိုတာက အုပ်ချုပ်ရေး တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အလုပ်လေ။ အဲဒီအုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက သူတို့ရဲ့ မူဘောင်ထဲကနေ ခွင့်ပြုထားတဲ့ကိစ္စ၊ လုံခြုံရေးကအစ သူတို့တာဝန်ယူပေးရမှာပေါ့။ အဲဒီတော့ဘယ်သူက လာကန့်ကွက်မှန်းမသိတဲ့ကိစ္စမျိုးကို လက်ခံပြီး ခွင့်မပြုနိုင်ဘူးဆိုတာကလည်း တစ်ခုခုတော့ လွဲနေပြီထင်တယ်”လို့ သူကပြောဆိုပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ နိုင်ငံရေးကိစ္စ မရိုးသားမှုရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် ၈၈ငြိမ်း/ပွင့်က ဦးကိုကိုကြီးကလည်း “အဲဒီဟာကို လူတစ်ချို့ကဟန့်တား တယ်။ အကြမ်းဖက်ဖို့ ကြိုးစားတယ်။ စသည်ဖြစ်ပေါ့။ တစ်ခုခုလုပ်လာပြီ ဆိုရင် တရားဥပဒေရှုထောင့်ကပြောရင် ဒါ ကိုင်တွယ်ဖြေရှင်းရမှာပဲ။ ဒီပွဲတွေဟာ ခွင့်ပြုမိန့်ယူပြီးတော့ လုပ်တဲ့ပွဲတွေပါ။ ဆိုတော့ကာ တာဝန်ရှိသူတွေရဲ့ အပိုင်းကလည်း လုံခြုံရေးပိုင်းကို အထိုက်အလျောက် တာဝန်ယူရမယ်လို့ ကျွန်တော်မြင်ပါ တယ်”လို့ ဆိုပါတယ်။

အခုအချိန်မှာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီကိစ္စဟာ အမျိုးဘာသာ၊ သာသနာအတွက် လှုပ်ရှားမှုဖြစ်တယ်လို့ ရှုမြင်သုံးသပ်သူတွေရှိနေသလို တချို့ကတော့ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာဖြစ်တယ်လို့ ရှုမြင်ပြီး လူအများစုကတော့ ဒီကိစ္စကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။

အမျိုးဘာသာ၊ သာသနာဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ “အမျိုးဘာသာသာသနာဆိုတဲ့ ကိစ္စက ကျွန်တော်တို့ လွတ်လပ်ရေး ကိစ္စမှာကတည်းက ကျွန်တော်တို့ လူမျိုးတွေရဲ့ ရင်ထဲမှာ ရှိနေပြီးသား ကိစ္စပါ။ အဲဒါဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက်ပဲ အသုံးချတာမျိုး ဖြစ်သင့်ပါတယ်။ နောက်တစ်ခုက တကယ့်ကို အမျိုးဘာသာ၊ သာသနာကို ဘယ်လိုကာကွယ်စောင့် ရှောက်မလဲဆိုတဲ့ နည်းလမ်းတွေကို မှန်မှန်ကန်ကန်ဝိုင်းဝန်းဆွေးနွေးပြီး တော့မှ ချဉ်းကပ်တာမျိုးဖြစ်သင့်ပါ တယ်”ဦးကိုကိုကြီးကဆိုပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ အရင်စစ်အာဏာရှင်လက်ထက်ကလိုပဲ ၂၀၀၇ ကုန်ဈေးနှုးန်မြင့်တက်လာတာကြောင့် ဆန္ဒပြတဲ့ပြည်သူတွေကိုဖြိုခွင်းဖို့ “ဆူပူမှုမလိုလားသော ပြည်သူများ” ဆိုပြီး ပြည်သူချင်းရန်တိုက်ပေးခဲ့တဲ့ လုပ်ရပ်တွေလို ဖြစ်နေပြီး ယခုအခါမှာတော့ သံဃာ တွေပါဝင်နေတာကြောင့် သိမ်မွှေ့ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တားဆီးတဲ့သူတွေထဲမှာ ရိုးရိုးသားသား ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတဲ့သူတွေလည်း ပါဝင်နိုင်ပြီး ဘာသာ၊ သာသနာကို ကာကွယ်ဖို့ ကြိုးစားတယ်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်၊ ဗုဒ္ဒဘာသာရဲ့ပုံရိပ်ကို နိုင်ငံတစ်ကာအလယ်မှာ မထိခိုက်စေဖို့အတွက် အသိဥာဏ်ပညာကို ဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုတယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုပါတယ်။
“နိုင်ငံတကာ အလည်မှာ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်အောင်လုပ်သလိုဖြစ်နေတယ်။ သိက္ခာကျအောင် လုပ်သလိုဖြစ်နေတယ်။ အဲသလို လုပ်ချလိုက်ခြင်းကြောင့်လည်း တကယ့်တကယ်ကာကွယ် နိုင်သလား၊ ရလဒ်က ဘာထွက်သလဲဆိုတာကို မှန်မှန်ကန်ကန်စဉ်း စားနိုင်ဖို့လိုပါတယ်”လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

ဒါ့အပြင် အခုလိုနိုင်ငံရေးရှုပ်ထွေးနေချိန်မှာ သံဃာထုအနေနဲ့ စဉ်းစားချင့်ချိန်ကာ လုပ်ကိုင်သင့်ပြီး လက်ရှိဖြစ်နေတဲ့ အနေအထားတွေက နိုင်ငံရေးကစားကွက်၊ နိုင်ငံရေးလှည့်ကွက်ဖြစ်နိုင်တယ်လို့ ရွှေဝါရောင်သံဃာတပ်ပေါင်းစုက ဆရာတော်ဦးဓမ္မသီရိက အသံလွှင့်ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ မိန့်ကြားခဲ့ပြီး ဒါဟာ သံဃာအစစ်အမှန်တွေရဲ့ လုပ်ရပ်မဟုတ်ဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာတော်က ဆက်လက်မိန့်ကြားရာမှာ တားဆီးဟန့်တားရာမှာပါဝင်တဲ့ ရဟန်းသံဃာအစစ်တွေအနေနဲ့ နိုင်ငံရေး အသုံးချမှုထဲကို မပါဝင်စေချင်ဘူးလို့လည်း မိန့်ကြားခဲ့ပါတယ်။

အဲ့ဒီလိုပဲ ဆရာတော် ဦးပဏ္ဍ၀ံသကလည်း ဆူပူမှုဖြစ်တယ်ဆိုရင် ပြည်သူတွေပဲ ခံရမှာဖြစ်တာကြောင့် နိုင်ငံရေးအမြတ်ထုတ်မှုတွေနဲ့ နိုင်ငံရေးလှည့်ကွက်ထဲကို အားပေးအားမြှောက်နဲ့ ကိုယ်တိုင်ကိုယ်ကျဝင်မပါသင့်ဘူးလို့ မိန့်ကြားပါတယ်။

ဒါပေမဲ့ အခုလတ်တလောဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် နိုင်ငံတစ်ကာအလည်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်၊ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဟာ ကျဆင်းစေတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၈၈ ငြိမ်း/ပွင့်က ဦးကိုကိုကြီးက“လူ့အခွင့်အရေးကိုယ်စားလှယ် ရောက်နေတဲ့အချိန်မှာ ဒီလိုအလုပ်မျိုးကို လုပ်တယ်။ အစီရင်ခံစာထဲမှာ ပါသွားတော့မယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို အမျိုးချစ်တယ် ဆိုပြီးတော့ နိုင်ငံတကာအလယ်မှာ ကိုယ့်အမျိုးကိုယ် နှစ်နေတဲ့ရလာဒ်မျိုးတော့ ဖြစ်သွားစေနိုင်ပါတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ လက်၇ှိအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ အချိန်အခါဖြစ်ပြီး နိုင်ငံရေးပါတီတွေယှဉ်ပြိုင်ရာမှာ ပြည်သူလူထုအကျိုးကိုရှေးရှုပြီး တရားသဖြင့်ရိုးသားစွာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ အမျိုးဘာသာ၊ သာသနာကို အမှန်တကယ် ချစ်မြတ်နိုးသူတွေကို ခုတုံးလုပ်ပြီး ဘာသာ၊ သာသနာ ညှိုးနွမ်းအောင်တော့ မလုပ်သင့်ဘူးလို့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်နေကြပါတယ်။

“နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ရိုးသားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ချစ် သူတွေကို အသုံးချပြီး လုပ်တယ်ဆို ရင်တော့ အဲဒီကိစ္စက တော့တော့ကို အဆင့်အတန်းနိမ့်တဲ့ နိုင်ငံရေး ပဲလို့ ပြောရပါလိမ့်မယ်။ ကျွန်တော် တို့က နိုင်ငံရေးကို အဆင့်အတန်း  မြင့်အောင်၊ နိုင်ငံကို အဆင့်အတန်း မြင့်အောင်လုပ်နေတဲ့အချိန်မှာ ဒီလို အောက်လမ်းနည်းတွေ၊ အဆင့်အ တန်းနိမ့်တဲ့ နိုင်ငံရေးနည်းမျိုးတွေ တော့ မလုပ်သင့်ဘူးလို့ ပြောချင် တယ်။ အဲဒီလို လုပ်နေတာကိုယ်၌က ကိုယ့်နိုင်ငံရဲ့ အရည်အသွေးကို၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ပျက်စီးအောင် လုပ်နေ သူတွေလို့ပဲ ကျွန်တော်မြင်ပါတယ်”လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
Ko Ye

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>