Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လုံးဝဖယ်ရှားသင့်သော ပုဒ်မ(၁၈) – ထက်မြက်

$
0
0

ဒီမိုကရေစီအစိုးရဟု သူတို့ကိုယ်သူတို့ အခေါ်ခံချင်သလို စစ်အစိုးရနှင့် မတူကြောင်း ကမ္ဘာကိုပြချင်သော ဦးသိန်းစိန်အစိုးရမှာ တစ်ဖက်က ဆန္ဒပြပွဲများကိုလည်း စိုးရိမ်ထိတ်လန့်နေသည် . . . အစိုးရသစ်လက်ထက်၌ ဒီမိုကရေစီအစိုးရဟု ကြေညာထားပြီး တစ်ဖက်က ပုဒ်မ ၁၈ ဖြင့်ဖိနှိပ်နေသည်မှာ အလွန်ရှက်စရာကောင်း . . .

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေါက်ဖွားပေးလိုက်သော ပုဒ်မ ၁၈ ကို အလုပ်သမား၊ လယ်သမားနှင့် ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ၊ လူလတ်တန်းစား အလွှာများနှင့် ပြည်သူလူထုအားလုံးက လုံးဝလက်မခံ ခဲ့ကြပေ။ အစိုးရအဖွဲ့နှင့် လွှတ်တော်ကို ဆန့်ကျင် ကန့်ကွက်ပြောဆိုနေသော အကြောင်းအရာများတွင် ပုဒ်မ ၁၈ လည်း ထိပ်ဆုံးတန်းမှ ပါဝင်နေ၏။ ဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ သပိတ်မှောက် ခွင့်၊ ဆန္ဒပြခွင့်တို့ကို ခွင့်ပြုပါသည်ဟု ပါရှိသော်လည်း ထိုကဲ့သို့ မိမိတို့သဘောထားကို ထုတ်ဖော်သော ဆန္ဒပြပွဲ များအား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ရဲစခန်းတို့ကို ခွင့်ပြုချက် တောင်းခံ ရမည်။ ခွင့်မပြုလျှင် ဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့် မရှိ။ မိမိသဘောနှင့် မိမိတို့ဘာသာ ဆန္ဒပြပြီး ခွင့်ပြုချက်မရရှိပါက ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံစေရမည်ဟုပါရှိပါသည်။ ထိုအခါ ဆန္ဒပြသူများကလည်း သက်ဆိုင်ရာ မြို့နယ်များသို့ သတ်မှတ်ထားသည့် အတိုင်း ကြိုတင်ခွင့်ပြုမိန့်ကို တောင်းခံခဲ့သည်။ သို့သော် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲစခန်းတို့က ခွင့်ပြုမိန့်ကို ထုတ်မပေးခြင်း၊ တောင်းခံသည့် ရက် ကျော်လွန်မှ ထုတ်ပေးခြင်း စသော ပိတ်ပင်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။ …

ပုဒ်မ ၁၈ သည် ဆန္ဒပြပွဲများကို တားဆီးရာတွင် အာဏာပိုင်များအဖို့ အထိရောက်ဆုံးသော ဥပဒေဖြစ်လာလေ သည်။ လက်ပံတောင်းတောင် ဆန္ဒပြပွဲတွင် ပုဒ်မ ၁၈ သည် အထိရောက်ဆုံး နှင့် ဥပဒေဖြင့် ဒီမိုကရေစီ အခွင့်အရေးကို ပိတ်ပင်သောဥပဒေပုဒ်မလည်း ဖြစ်လာ၏။ ပြည်သူများနှင့် ရဟန်းသံဃာများကို လက်ပံတောင်း တောင်တွင် ပုဒ်မ ၁၈ဖြင့်ပင် ဖြိုခွဲခဲ့သည်။ မီးလောင်ဗုံးများ အသုံး ပြုလာသည်အထိ အရက်စက်ဆုံး ဖြိုခွဲခံရ သော ဆန္ဒပြပွဲလည်း ဖြစ်လေသည်။ မီး လောင်ဗုံးသုံးကာ ဖြိုခွဲသူများကို အပြစ် မပေးဘဲ ဆန္ဒပြသူများကို အရေးယူ အပြစ်ပေးခဲ့သည်။ အလုပ်သမားတို့၏ လုပ်ခလစာအပြည့်အ၀ရရှိရေး၊ အချိန်ပို လုပ်ခများရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ အလုပ်ချိန်ရရှိရေးစသော ဆန္ဒပြ တောင်းဆိုမှုများကိုလည်း ပုဒ်မ ၁၈ ဖြင့် ပင် နှိပ်ကွပ်ခဲ့ လေသည်။
လယ်သမားတို့ ၏ ဆန္ဒထုတ်ဖော်မှု၊ မြေယာအသိမ်းခံရ သူများ၏ ဆန္ဒပြပွဲစသော လူထု၏ တစ်ခုတည်းသော အားကိုးအားထားရာ ဆန္ဒပြတိုက်ပွဲနှင့် သပိတ်တိုက်ပွဲများကို ၂၀၀၈ ဖွဲ့စည်းပုံက အဖွင့်အပိတ်လုပ်ကာ ပုဒ်မ ၁၈ ဖြင့် ဟန့်တားထားခဲ့ပါတော့သည်။ ပုဒ်မ ၁၈ က ထောင်ချ၍ရသည်၊ ဒဏ် ငွေရိုက်၍ရသည်။ လမ်းလျှောက်ဆန္ဒပြသူများ အဖို့ ပုဒ်မ ၁၈ ပေါင်းများစွာဖြင့် တရားအစွဲခံရလေသည်။ မင်္ဂလာဒုံမှနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒပြ မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်များ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင် မြို့နယ် စသည့်ဖြတ်သန်းလာရာ မြို့နယ်တိုင်းမှ ခွင့်ပြုချက်တောင်းခံရမည်။ ဖြတ်သန်း လာရာတစ်လျှောက်တွင် ၁၅ မြို့နယ် ရှိပါက ထို ၁၅ မြို့နယ်မှ အပြစ်ပေးခြင်း ခံရမည်။ တစ်မြို့နယ်က ထောင်ဒဏ် ၁ လချပါက ၁၅ လထောင်ဒဏ် ကျခံရပေမည်။ တစ်မြို့နယ်က ဒဏ်ငွေ ၁၀၀၀၀ ချပါက ၁၅ မြို့နယ်အတွက် ၁၅၀၀၀၀ ချမှတ်ခံရပေမည်။ တစ်ကိုယ်တော် ဆန္ဒပြသမား ကိုထင်ကျော်တို့ဆိုလျှင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ရရှိ သော်လည်း ပုဒ်မ ၁၈ဖြင့် ကင်းသည် မရှိပေ။ ကိုထင်ကျော်သည် စစ်အစိုးရ လက်ထက်ကတည်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့သူဖြစ်၏။ မြို့တော်ခန်းမရှေ့ရှိ နေရာများမှာ သူဆန္ဒပြခဲ့သော နေရာများ ဖြစ်ကာ အလွန်သတိ္တရှိသူလည်း ဖြစ် သည်။ သူတောင်းဆို ဆန္ဒပြခဲ့သည်မှာ လည်းတရားမျှတသော တောင်းဆိုမှုများ ဖြစ်လေသည်။ နောက်တစ်ဦးမှာ နော်အုန်းလှဖြစ်၏။ နော်အုန်းလှလို အမျိုးသမီး သူရဲကောင်းမှာ ရှားပါသည်။ ရွှေတိဂုံဘုရား အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးအတွက် စိုက်လိုက်မတ် တတ် အပတ်စဉ်ဝတ်ပြုဆုတောင်းခဲ့သူ လည်းဖြစ်သည်။ ထိုသို့ ၀တ်ပြုဆုတောင်း သည်ကိုပင် စစ်အစိုးရက ခွင့်မပြုဘဲ အပြစ်ဒဏ်ပေးခဲ့ပါသည်။ အရပ်သားအစိုးရ တက်လာသောအခါ၌လည်း နော်အုန်းလှ ကို ယခင်စစ်အစိုးရအတိုင်း ပိတ်ပင်ခဲ့ သည်။ အရေးယူခဲ့သည်။ ယခင်နှင့်မတူ သည်မှာ ယခုအခါ ပုဒ်မ ၁၈ ဖြင့် အရေး ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့အရေးယူလွန်းသဖြင့် ပြည်သူ လူထုမှာ အတော်ပင်မကျေမနပ်ဖြစ်လာ တော့သည်။ အစိုးရနှင့် သက်ဆိုင် ရာ အာဏာပိုင်များက ပြည်သူလူထု၏ ဆန္ဒပြပွဲ၊ သပိတ်ပွဲများကို စတန့်ထွင်နေသည် ဟု ထင်နေကြသည်။ သူတို့သည် ယခင်က စစ်သွေး၊ စစ်မာန်များ မပျောက်ဘဲ စစ်စိတ်ဓာတ်၊ စစ်အမြင်ဖြင့်သာ ပြည်သူ ကို ကြည့်နေ သောကြောင့် ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲများမှာ များသထက်များ လာခြင်းဖြစ်သည်။ ပြည်သူမှာ ဒုက္ခအရောက်ခံ၊ အဖမ်းခံ၊ အပင်ပန်းခံပြီး ဘယ်သူမှ ဆန္ဒပြလိုစိတ်မရှိကြပါ။ သို့ သော် အလုပ်ရှင်များ၊ ခရိုနီများ၏ မတရား ဖိနှိပ်မှုများကြောင့်သာ မိမိတို့၏ တစ်ခုတည်းသော လက်နက်ဖြစ်သည့် ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲများကို ဆင်နွှဲခဲ့ ကြရခြင်းဖြစ်သည်။ ပြည်သူများမှာအလွန် သနားစရာကောင်းလှ၏။ ဒီမိုကရေစီအစိုးရဟု သူတို့ကိုယ်သူတို့ အခေါ်ခံချင်သလို စစ်အစိုးရနှင့် မတူကြောင်း ကမ္ဘာကိုပြချင်သော ဦးသိန်းစိန်အစိုးရမှာ တစ်ဖက်က ဆန္ဒပြ ပွဲများကိုလည်း စိုးရိမ်ထိတ်လန့်နေသည်။ ထို့ကြောင့် ထိုစိုးရိမ်ထိတ်လန့်မှုကို အကာအကွယ်ပေးနေသော ပုဒ်မ ၁၈ ကို ရေလဲ သုံးနေခြင်းဖြစ်ပါသည်။ စစ်အစိုးရခေတ်က ဆန္ဒပြလျှင် သေနတ်ဖြင့် ပစ်ခတ်ကာ ဖြို ခွဲပြီး စစ် အစိုးရဖြစ်၍ စစ်စဩရိုက်အတိုင်း ပြုလုပ်သည်မှာ မဆန်းတော့ဟု ယူဆထား သည်။ ယခု အစိုးရသစ် လက် ထက်၌ ဒီမိုကရေစီအစိုးရဟု ကြေညာထားပြီး တစ် ဖက်က ပုဒ်မ ၁၈ ဖြင့် ဖိနှိပ်နေသည်မှာ အလွန်ရှက်စရာ ကောင်းလေသည်။

ပုဒ်မ ၁၈ ဒဏ်ကို မခံမရပ်နိုင်ဖြစ် လာသော ပြည်သူတို့သည် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေးအတွက် ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းကိုခံကာ ဆန္ဒပြတောင်းဆို လာကြ၏။ လွှတ်တော်ထဲတွင်လည်း တရားဥပဒေကို ကျွမ်းကျင် နားလည်သော ဦးသိန်းညွန့်တို့လို အမတ်များက ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သည်။ လွန်ခဲ့သော နှစ်ကဆိုလျှင် ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းပေးတော့မလိုလို လွှတ် တော်အမတ်များဆီက အသံကြားလာရ သည်။ NLD ကိုယ်စားလှယ်များကလည်း ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး တောင်းဆို လာကြပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၌ ပုဒ်မ ၁၈ လောက်ကိုပင် မပြင်ပေးနိုင်လျှင် ထိုထက်မက အရေးကြီးသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအား ပြင်ဆင်ဖို့မှာ အလွန်ခက်ခဲနေပေတော့မည်။ ထို့ကြောင့် ယခု ၂၀၁၄ လွှတ်တော်တွင် ပုဒ်မ ၁၈ နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၁၈ ပြင်ဆင်ဖို့ ပြောဆိုသံများကို ကြားလာရပါသည်။

 ပြည်သူလူထု တစ်ရပ်လုံး တောင်းဆိုနေသည်မှာ ပုဒ်မ ၁၈ ဖျက်သိမ်းပေး ရေးဖြစ်သည်။ ပြည်သူများက မည်သည့် အာဏာပိုင်ထံကမှ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းတို့ကို ခွင့်ပြုမိန့် တောင်းခံစရာ မလိုဟု ယူဆကြ ပါသည်။ ယခုအခါတွင် ပြည်ထဲရေးဝန်ကြီး ဌာနရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ရုံး တို့က ပုဒ်မ ၁၈ကို မဖျက်သိမ်းဘဲ ပြစ်ဒဏ်လျှော့ ပေးရေးလောက်သာ ခွင့်ပြုနိုင်မည်ဟု ဆိုသောကြောင့် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်အမတ် သူရဦးအောင်ကိုက ပြင် ဆင်ချက် တင်သွင်းလာခြင်းဖြစ်သည်။ ထူးထူး ခြားခြား မရှိလှပေ။ ယခုပြည်ထဲရေး ဌာနက လက်ခံလိုက်သော ပြင်ဆင်ချက် တွင် မူလဥပဒေပုဒ်မ ၁၇ တွင်ပါ သော ထောင်ဒဏ် ၂ နှစ်အစား ထောင်ဒဏ် ၁ နှစ်၊ မူလပုဒ်မ ၁၈ တွင်ပါသော ထောင် ဒဏ် ၁ နှစ်အစား ထောင်ဒဏ် ၆ လ၊ မူလပုဒ်မ ၁၉ တွင်ပါသော ထောင်ဒဏ် ၆ လအစား ထောင်ဒဏ် ၃ လ၊ တစ်ဝက် စီကို လျှော့ပေါ့ပေးသည်။ ထို့ပြင် ယခင် အတိုင်း စီတန်းလှည့်လည်မည်ဆိုလျှင် ခွင့်ပြုမိန့်တောင်းခံရမည်။ သို့သော် ခွင့်ပြု မိန့်ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ သက်ဆိုင်ရာအာဏာပိုင်များက ပယ်ချခြင်း မပြုရဟု ပြင်ဆင်ထားပြန်ပါသည်။ ခိုင်လုံ သော အကြောင်းပြချက်ဆိုသည်မှာ ခွင့်ပြု မိန့်ထုတ်ပေးသော မြို့နယ်ရဲတပ် ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးဌာနတို့၏ သဘော ထား အပေါ်တွင် မူတည်ပါသည်။ သူတို့ ခွင့်ပြုလျှင် ခိုင်လုံသော အကြောင်းပြချက် မရှိ၍ သူတို့ခွင့်မပြုလျှင် ခိုင်လုံသော အကြောင်းပြချက်ရှိဟု သတ်မှတ်ကြပေ မည်။ ထို ကန့်သတ်ချက်မှာ အပေါ်ယံဆန် လှ၏။ လေးနက်မှုမရှိလှပေ။ ခိုင်လုံသော အကြောင်းပြချက်ဆိုသည်ကို လုံးဝထည့် သွင်းထားစရာမလို၊ ပြစ်ဒဏ်ကိုလည်း လုံးဝသတ်မှတ်ထားစရာမလိုပေ။ ဆန္ဒပြခြင်း၊ သပိတ် မှောက်ခြင်း၊ စီတန်းလှည့် လည်ခြင်းတို့ကို လွတ်လပ်စွာ လုပ်ခွင့်ရှိ၏။ ၂၄ နာရီအတွင်း သက်ဆိုင်ရာအာဏာပိုင် များထံ အကြောင်းကြားလျှင် လုံလောက် ပြီဖြစ်သည်။ ယခင်စစ်အစိုးရကာလနှင့် ယခုဘာမှ မကွာခြားပေ။ ပြည်သူများက ယခုကဲ့သို့ ဥပဒေသတ်မှတ်ချက်မျိုးကို ကန့်ကွက်ရပေမည်။

ယခင်ကအကြောင်း ပြသလို ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံ ခြုံရေးဟုဆိုသည့်အတိုင်းပင် ယခုလည်း လုံခြုံရေးအကြောင်းပြကာ လွတ်လပ် စွာ ဆန္ဒပြခွင့်ကို ပိတ်ပင်တားဆီးသည် မဟုတ်ပါလော။ လွှတ်တော်တွင် ထိုပြင် ဆင်ချက်မျိုးကို လွှတ်တော် အမတ်များက လက်မခံသင့်ပေ။ အာဏာရှင်ဆန်သော ဒီမိုကရေစီမကျသော ပြင်ဆင်ချက်ဖြစ်နေ၏။ လွှတ် တော် ၂ ရပ်စလုံးက ထိုပြင် ဆင်ချက်ကို ကန့်ကွက်ရမည်။ တပ်မတော် သားကိုယ်စားလှယ်များကလည်း ထိုပြင် ဆင်ချက်ကို လက်မခံသင့်ပေ။ အရပ်သား ကိုယ်စားလှယ်များကမူ ပို၍ကန့်ကွက်သင့် ပေသည်။ အရေးကြီး သည်မှာ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရေး၊ လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်ခွင့်ရှိရေး၊ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ သပိတ် မှောက်ခွင့် ရှိရေးတို့ကို လူထု လူတန်းစားအဖွဲ့အစည်းအားလုံး၊ ပြည်သူ အားလုံးက တောင်းဆိုကြ ရပေ လိမ့်မည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>