Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

SAW အဖွဲ့ရဲ့ မိဘမဲ့ကလေးဂေဟာကို အဆိုတော် မွန်းအောင် လာရောက်ကြည့်ရှုအားပေး

$
0
0
ကိုမွန်းအောင်.နဲ့.ဆရာမ ဒေါက်တာစင်သီယာ photo.(Ye Ni)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ SAW အဖွဲ့က ဦးစီးတည်ထောင်ထားတဲ့ မိဘမဲကလေးများဂေဟာကို အဆိုတော် မွန်းအောင် မိသားစုရယ်၊ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့က ဒရမ်မာ ကိုတွတ်ကီ ရယ် ဒီကနေ့ (၁ မတ်လ ၂၀၁၄) မှာ လာရောက်လည်ပတ် အားပေးခဲ့တယ်။

သီချင်းစီးရီးခွေအသစ်အတွက် ပြင်ဆင်းဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အဆိုတော် မွန်းအောင်ဟာ ချင်းမိုင်ကတဆင့် မဲဆောက်မြို့က သူ့ရဲ့ ရဲဘော်တွေ မိတ်ဆွေကို တွေ့ဆုံနှုတ်ဆက်ရင်းနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညက မဲဆောက် ကျောင်းသားဆေးခန်းမှာ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

ကိုမွန်းအောင် ဟာ ၁၉၈၈ ခုနှစ်မတိုင်ခင် မြန်မာပြည်ထဲမှာ သီချင်းစီးရီး ၄ ခု ထွက်ခဲ့ပြီး လူငယ်ကျောင်းသားထုကြား နာမည်ရ အဆိုတော်တဦး ဖြစ်ခဲ့တယ်။ ၈၈ အရေးတော်ပုံပြီးတဲ့နောက် တောခိုခဲ့ပြီး ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်းခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော်မှာ တာဝန်ယူနေစဉ် ငြိမ်းချမ်းရေးတိုက်ပွဲနဲ့ လွတ်မြောက်ရာလမ်း စီးရီး၂ ခုကို လွတ်မြောက်နယ်မြေကနေ ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ အခု နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အခြေချနေထိုင်ပြီး မြန်မာပြည်နိုင်ငံရေးလုပ်ငန်းတွေ တတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်လျက် ရှိပါတယ်။

SocialAction ForWomen

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>