Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မုံရွာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ချက်ချင်းပြင် စာသားပါ စတစ်ကာ ရှစ်ထောင်ကျော်ဝေ

$
0
0
မုံရွာမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) ပုဒ်မ (၄၃၆) ချက်ချင်းပြင်ဟု စာသားပါ စတစ်ကာ ရှစ်ထောင်ကျော်ကို မုံရွာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်၍ ဝေငှခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ယင်း စတစ်ကာများကို မုံရွာမြို့ လူစည်ကားရာ နေရာများ ဖြစ်သည့် လက်ဖက်ရည်ဆိုင်ကြီးများ၊ ဈေးကြီးများနှင့် မုံရွာ ကုန်စည်ဒိုင်များတွင် ရပ်ထားသည့် ဆိုင်ကယ်များတွင် ကိုယ်တိုင် ကပ်ပေး၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လှုပ်ရှားခြင်း ဖြစ်ကြောင်း ပါဝင် ဆောင်ရွက်ခဲ့သည့် အမျိုးသား တစ်ဦးက ပြောကြားသည်။

“ဒီစတစ်ကာ ကပ်လို့ ရမလားလို့ မေးရင် အများစုက လက်ခံကြတယ်။ တချို့ကတော့ စတစ်ကာ ကပ်တာကိုလည်း လက်မခံဘူး။ စတစ်ကာ ပေးတာကိုလည်း ယူမသွားတဲ့ သူတွေ ရှိပါတယ်” ဟု မုံရွာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ တွင် ဖော်ပြထားသည်။

မုံရွာမြို့ပေါ်တွင် ဒီမိုကရက်တစ် အင်အားစုများ စုစည်းကာ မတ်လ ၆ ရက်နေ့တွင် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) တို့ကို ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အချိန် နီးကပ်နေသည့် အတွက် မတ်လ ၂၃ ရက်နေ့မှသာ ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် စီစဉ်သူများက ပြောကြားသည်။

The Voice Weekly

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>