Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို NLD တရားစွဲမည်

$
0
0
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေသည် NLD ပါတီဝင်များကို ဝေဖန် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ NLD က တရားစွဲဆိုသွားမည် ဖြစ်သည်ဟု မတ်လ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်၏ အမေးအဖြေ ကဏ္ဍတစ်ခုတွင် ““ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူး”” ဟု ပြောဆိုခဲ့ သည်ကို ရေးသား ဖော်ပြခဲ့သဖြင့် ယင်းပြောဆိုမှု၊ ဝေဖန်မှုနှင့် စပ်လျဉ်း၍ NLD က တရားစွဲဆိုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့က တရားစွဲတာနဲ့ ပတ်သက်ပြီး ပြင်ဆင်နေတယ်။ အချက်အလက်တွေ ပြင်ဆင်တယ်။ ဥပဒေ အချက်အလက်တွေနဲ့ စီစဉ်ဆောင်ရွက်နေတယ်။ တရားစွဲရင် ဘာနဲ့စွဲလဲဆိုတာ ပြောမှာပါ။ မစွဲရသေးခင် ကြိုပြီးတော့ မပြောချင်ဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ခုလို ပုတ်ခတ်မှုတွေ ရှိလာတဲ့အတွက် ခုလိုမျိုး လုပ်တာပါ။ တရားစွဲတာကို ကျွန်တော်တို့ ပြင်ဆင်ပြီးတဲ့အခါ တစ်ခါတည်းပါမှာပါ။ ဒေါ်စုရဲ့ သဘောထား ကတော့ ကျွန်တော်တို့နဲ့ အတူတူပါပဲ။ ကျွန်တော်တို့ စည်းဝေးဆုံးဖြတ်ပြီး ဒါလုပ်မယ်ဆို အားလုံး သဘောထားပဲပေါ့ဗျ””ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးလှဆွေသည် မတ်လ ၄ ရက် The Daily Eleven သတင်းစာ၏ မေးမြန်းမှုတစ်ခုတွင် ““သူတို့က ကျွန်တော် တို့ကို တရားစွဲမယ်ဆိုတော့ ဘာပုဒ်မနဲ့ စွဲမှာလဲ။ ကျွန်တော်တို့ကို ကြံ့ဖွတ်ဆိုပြီး ပစ်စလက်ခတ် ပြောတုန်းက ကျွန်တော်တို့ ဘာမှမပြောခဲ့ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတယ်။ တရားစွဲခဲ့ရင်လည်း တရား ဥပဒေအတိုင်း ပြန်လည် ရင်ဆိုင်သွားမှာပါ။ ကျွန်တော် Hot News ဂျာနယ်မှာ ပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံးမကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့ မပြောချင်ပါဘူး””ဟု ဖြေကြားမှု ရှိခဲ့သည်။

ထို့အပြင် ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တရားစွဲမည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး တပ်မတော်ကို ပြည်သူ့ချဉ်ဖတ်ဟု အန်ကယ်ဦးတင်ဦး ပြောခဲ့သည်ကို အသရေဖျက်မှုဖြင့် တရားစွဲ၍ရသည်ဟု ထပ်မံဖြေကြားခဲ့သည်။

Hot News ဂျာနယ် အတွဲ (၄)၊ အမှတ်(၁၈)၌ ““ NLD မှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင်ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံး မကျဘူး””ဟု ပြောဆို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ NLD ပါတီအား စာမျက်နှာပေါ်မှ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ကြံ့ခိုင်ရေးပါတီ ဗဟိုတိုင်ပင်ခံ ဦးအောင်သောင်းကလည်း မြန်မာသံတော်ဆင့် ဂျာနယ်မှတစ်ဆင့် NLD ပါတီအား တိုက်ခိုက်ခဲ့ဖူး သည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>