Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တော်လှန်ရေးနေ့က တပ်မတော်နေ့တဲ့လား – မြတ်ဆွေ

$
0
0


ဗိုလ်ချုပ်နေ၀င်း၏ စစ်အာဏာလွှမ်းမိုးသော စစ်အစိုးရ တက်လာသောအခါ တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဟူသော မဟုတ်မဟတ် ကြွေးကြော်သံနှင့်အတူ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု ပြောင်းလဲပစ်လိုက်လေ၏ . . .

ဖက်ဆစ်ဂျပန်ခေတ်တွင် ကျွန်တော် လေးနှစ်သားအရွယ်ရှိပြီ။ ဖက်ဆစ်စနစ်၏ အရသာကို သိုးကာသီကာ ခံစားလိုက်ရပါသေးသည်။ ဒုတိယကမ္ဘာစစ်ကြီး စတင်လာသည်။ ဂျပန်စစ်တပ်များသည် အရှေ့တောင်အာရှကို တရကြမ်း တိုက်ခိုက်လာရာ မြန်မာနိုင်ငံမှ နယ်ချဲ့အင်္ဂလိပ်များလည်း ဆုတ်ခွာပြေးကြရသည်။

ရုတ်တရက် ဆိုသလိုပင် ဂျပန်စစ်တပ်များသည် ဗမာ့တပ်မတော်နှင့်အတူ ရောက်ရှိလာကြသည်။ အင်္ဂလိပ် တပ်များက ဆုတ်ခွာရင်း လေကြောင်းမှ တိုက်ခိုက်သည်။ ကျွန်တော်တို့ ဒေးဒရဲမြို့ကလေးတွင် မီးလောင်ဗုံးများ ကျပြီး အိမ်အတော်များများ ပျက်စီးသည်။ ကျွန်တော်တို့ မိသားစုလည်း ဗုံးခိုကျင်းထဲမှ ထွက်ပြေးကြရသည်။

ကျွန်တော့်အား အဘွားလုပ်သူက ချီပိုးပြီး အရှေ့ဘက် ကျိုက်ဒေးယျုံ စေတီကြီးအနီးရှိ တောင်ကျိုက်ရွာသို့ လျှောက်လှမ်းလာခဲ့သည်။ အိမ်သားများ တကွဲတပြား ဖြစ်သွားသည်။ အဘွားသည် သစ်ပင်ကြီး တစ်ပင်အောက် နားမည်ပြုစဉ် ဂျပန်စစ်သားတစ်ယောက် ရောက်လာသည်။ သူက ဗမာစကားမတတ်ဘဲ အော်ဟစ် မေးမြန်းသည်။

အဘွားက မသိ၍ ခေါင်းရမ်းပြသောအခါ ဂျပန်က အဘွားကိုလှမ်းပြီး ပါးရိုက်သည်။ အဘွားက ရှောင်လိုက်စဉ် ကျွန်တော် ပြုတ်ကျသွားတော့သည်။ ကလေးဘ၀ကပင် ကျွန်တော် ဖက်ဆစ်အရသာကို တွေ့ထိ ခံစား ခဲ့ဖူးသည်။

ဂျပန်ဖက်ဆစ်တို့သည် လူကြီးလူငယ် မရှောင် ပါးရိုက်ခြင်း၊ ရန်သူဟု ထင်သူများကို ရေနွေးပူလောင်း၊ လက်သည်းခွံခွာ စသည့်နည်းများဖြင့် ညှဉ်းပန်းနှိပ်စက်သည်။ ဂျပန်တို့သည် ပြည်နယ်များပါမကျန် တိုင်းရင်းသားအပေါင်းကိုပါ ကျွန်ပြု နှိပ်စက်သောအခါ ပြည်သူတစ်ရပ်လုံး မခံမရပ် နိုင်တော့ဘဲ ရရာလက်နက် စွဲကိုင်ကာ တော်လှန်လာကြသည်။ အင်္ဂလိပ်စစ်တပ်များနှင့် ဗမာ့တပ်မတော်ကို ပူးပေါင်းလာကြသည်။

မြန်မာသံတော်ဆင့်

ဖက်ဆစ်တော်လှန်ရေးကြီး အရှိန်အဟုန် ပြင်းထန်လာသည်။ လယ်သမားကြီး ဦးမြ၊ ရေလုပ်သားကိုသာလှ၊ မြင်းလှည်းသမား ဘညို၊ လှေတိုးသားအောင်ဘ စသူတို့သည် တော်လှန်ရေးသမားများ အလိုလိုဖြစ်လာကြ သည်။

ဒါတွင်မက ရဟန်းသံဃာများပင် ဖက်ဆစ် တော်လှန်ရေးတွင် ဖြစ်သည့်နည်းနှင့် ပါဝင်လာကြသည်။ သင်္ဃန်းကျွန်းရွာကြီးမှ ဆရာတော် ဦးနာဂိန္ဒသည် ထင်ရှားသော ရဟန်းတစ်ပါးဖြစ်၍ ဖက်ဆစ်တို့ ညှဉ်းပန်းခြင်းကို ခံလိုက်ရ၏။

ဖက်ဆစ်တော်လှန်ရေးတွင် ပြည်သူလူထု ပါဝင်လာသော်လည်း လက်နက် အင်အားမကောင်း၊ ဓားလှံ လက်နက်မျှသာ ရှိသည့် ဗမာ့တပ်မတော်မှာ အင်္ဂလိပ်တပ်များက လက်နက်အင်အား ကူညီသဖြင့် တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲသည်။

အချို့ရွာကြီးများတွင် ဂျပန်စစ်သားများက ရွာလုံးကျွတ် ဖမ်းဆီး သတ်ဖြတ်မှုကို ခံရသည်။ ဤတွင် တောင်သူ လယ်သမား အများစုကြီးသည် ဘ၀လွတ်မြောက်ရေးအတွက် တော်လှန်ရေးသမားများ ဖြစ်လာကြရသည်။

အနယ်နယ်အရပ်တွင် သခင်အောင်ဆန်း ဦးဆောင်သော နိုင်ငံရေးသမား သခင်လူငယ် ခေါင်းဆောင်များကို မြှုပ်နှံကာ တော်လှန်ရေး အရှိန်အဟုန်ကို ပို၍ မြင့်မားလာစေသည်။

အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ဆက်လက် သွေးစုပ်နိုင်ရေးအတွက် နိုးကြားသော သခင်လူငယ်များကို ထောင်ထဲထည့်ထားသည်။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်မြသွင်၊ သခင်လေးမောင်၊ သခင်သိန်းဖေ စသော လူငယ်သခင်များစွာကို မတတ်သာတော့မှ ၎င်းတို့ပြေးခါနီး ထောင်က လွှတ်ပေးခဲ့သည်။ သခင်လူငယ်များစွာ သည် တောင်သူလယ်သမားတို့နှင့်အတူ ဖက်ဆစ်တော်လှန်ရေးကို အားမာန်သစ်ဖြင့် ဆင်နွှဲလာနိုင်သည်။ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ခဲ့၏။

ဖက်ဆစ်တော်လှန်ရေးသည် ပြည်သူတစ်ရပ်လုံး အုံကြွပါဝင်မှုဖြင့် သမိုင်းတွင် ဘယ်ခေတ်ဘယ်အခါမှ မရှိခဲ့ဖူးသော စည်းလုံးမှုကြီးကို ရရှိခဲ့သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။

ဖက်ဆစ်တော်လှန်ရေးကြီး အရှိန်အဟုန် ကြီးမားခဲ့သည်နှင့်အတူ ထောင်ပေါင်းများစွာသော ပြည်သူလူထု၏ အသွေးအသားများ ပေးဆပ်လိုက်ကြရသည်။ ဂျပန်ဖက်ဆစ်တို့လည်း စစ်ရေးတွင် အရှုံးကြီးရှုံးကာ မြန်မာ့ မြေပေါ်မှ ထွက်ပြေး သွားခဲ့ကြရသည်။

ဖက်ဆစ် တော်လှန်ရေးကား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတို့ ပါဝင်ဆင်နွှဲသော အကြီးမားဆုံး တိုက်ပွဲကြီးဖြစ်သည်။ နွေမိန်တပေါင်း သို့မဟုတ် မတ်လတွင် တော်လှန်ရေးကြီး စတင်ခဲ့သဖြင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် ဖဆပလအဖွဲ့ကြီးနှင့် ပြည်သူတို့ လက်ခံခဲ့ကြပြီး ဖြစ်သည်။

ဗိုလ်ချုပ်နေ၀င်း၏ စစ်အာဏာလွှမ်းမိုးသော စစ်အစိုးရ တက်လာသောအခါ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဟူသော မဟုတ်မဟတ် ကြွေးကြော်သံနှင့်အတူ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု ပြောင်းလဲ ပစ်လိုက်လေ၏။ လွန်ခဲ့သော နှစ် ၆၀ ကျော်က သတင်းစာများကို ပြန်ပြောင်း လေ့လာကြည့်ရှုလျှင် လည်း တော်လှန်ရေးနေ့ ဟူ၍သာ တွေ့မြင်ရမည်ဖြစ်ကြောင်း အမှတ်တရ တင်ပြလိုက်ရပါသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ